ညီေလးကုိထိန္းရင္း ေက်ာင္းမပ်က္ တက္ေရာက္ေနတဲ့ တစ္တန္းေက်ာင္းသားေလး

တစ္တန္းသာ ေရာက္ရွိေနေသးတဲ့ ကေလးငယ္ေလးဟာ မျဖစ္မေန သူရဲ႕ အသက္(၁)ႏွစ္သာရွိေသးတဲ့ ညီေလးကိုထိန္းရမယ့္ ဝတၱရားကို ထမ္းေဆာင္ေနရပါတယ္။ သူသာ ဒီကေလးကို အခ်ိန္ျပည့္ထိန္းရမယ္ဆုိရင္ ေက်ာင္းက ထြက္ရဖုိ႔ရွိပါတယ္။ ဒါေပမယ့္ ပညာေရးကို ခုံမင္တဲ့ ေက်ာင္းသားေလးဟာ ေက်ာင္းကလည္း မထြက္ခ်င္ပါဘူး။ ဒါေၾကာင့္ သူဟာ ညီေလးကိုပါ ေက်ာင္းအထိ ေခၚသြားဖုိ႔ ဆုံးျဖတ္ကာ ေက်ာင္းကုိလည္း ဆက္တက္ခဲ့ပါတယ္။

ဒီအျဖစ္ဟာ ဖိလစ္ပုိင္ႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ ကေလးေတြရဲ႕ မိဘႏွစ္ပါးဟာ နိစၥဒူဝအလုပ္ရွိမွ ထမင္းနပ္မွန္ေအာင္ စားရဖုိ႔ ႐ုန္းကန္ေနရသူေတြပါ။ မနက္လင္းပုိင္း ကေလးငယ္ကို ႏုိ႔တုိက္ၿပိး၊ ေန႔ခင္းစာအတြက္ နုိ႔ဗူးတစ္ဘူး ဖန္တီးကာ အသက္ (၅)ႏွစ္ေက်ာ္ အစ္ကိုျဖစ္သူ အႀကီးေကာင္နဲ႔ ျဖစ္သလုိ ထားရစ္ခဲ့ရပါတယ္။

အစ္ကိုႀကီးျဖစ္သူရဲ႕ နာမည္ကုိေတာ့ Justin လုိ႔သာ ေဖာ္ျပထားပါတယ္။ ဒီဓာတ္ပုံကို Salvacion Elementary School ေက်ာင္းရဲ႕ သူငယ္တန္းဆရာမျဖစ္သူ Ma’am Lei က လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့ပါတယ္။ လူမႈကြန္ရက္ေပၚမွာ ကေလးရဲ႕ဓာတ္ပုံေလးကိုၾကည့္ၿပီး အားလုံးက စုတ္တသက္သက္နဲ႔ ျဖစ္ေနၾကပါတယ္။

အစ္ကိုႀကီးျဖစ္သူ Justin ဟာ ေက်ာင္းစာကို စိတ္ပါလက္ပါနဲ႔ ေရးသားေနၿပီး၊ သူ႕ရဲ႕ညီေလးကလည္း အေျခအေနကို ေကာင္းေကာင္းသိရွိပုံရကာ ငုိေနတာမ်ိဳး၊ တစ္ခုခုပူဆာေနတာမ်ိဳးကို မေတြ႕ရပါဘူး။ အေျခအေနကုိ ၾကည့္ျခင္းအားျဖင့္ သူဟာ ဒီေက်ာင္းနဲ႔ မစိမ္းေတာ့တဲ့ သေဘာကို ေတြ႔ရပါတယ္။ လူမႈကြန္ရက္ေပၚမွာေတာ့ Justin အေနနဲ႔ ပညာေရး ဆက္လက္ ႀကိဳးစားနုိင္ပါေစလုိ႔ ဆုေတြေတာင္းေနၾကပါတယ္။

SHARE FROM နတ္စည္ေတာ္ (Shwemom)

ညီလေးကိုထိန်းရင်း ကျောင်းမပျက် တက်ရောက်နေတဲ့ တစ်တန်းကျောင်းသားလေး

တစ်တန်းသာ ရောက်ရှိနေသေးတဲ့ ကလေးငယ်လေးဟာ မဖြစ်မနေ သူရဲ့ အသက်(၁)နှစ်သာရှိသေးတဲ့ ညီလေးကိုထိန်းရမယ့် ဝတ္တရားကို ထမ်းဆောင်နေရပါတယ်။ သူသာ ဒီကလေးကို အချိန်ပြည့်ထိန်းရမယ်ဆိုရင် ကျောင်းက ထွက်ရဖို့ရှိပါတယ်။ ဒါပေမယ့် ပညာရေးကို ခုံမင်တဲ့ ကျောင်းသားလေးဟာ ကျောင်းကလည်း မထွက်ချင်ပါဘူး။ ဒါကြောင့် သူဟာ ညီလေးကိုပါ ကျောင်းအထိ ခေါ်သွားဖို့ ဆုံးဖြတ်ကာ ကျောင်းကိုလည်း ဆက်တက်ခဲ့ပါတယ်။

ဒီအဖြစ်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကလေးတွေရဲ့ မိဘနှစ်ပါးဟာ နိစ္စဒူဝအလုပ်ရှိမှ ထမင်းနပ်မှန်အောင် စားရဖို့ ရုန်းကန်နေရသူတွေပါ။ မနက်လင်းပိုင်း ကလေးငယ်ကို နို့တိုက်ပြိး၊ နေ့ခင်းစာအတွက် နို့ဗူးတစ်ဘူး ဖန်တီးကာ အသက် (၅)နှစ်ကျော် အစ်ကိုဖြစ်သူ အကြီးကောင်နဲ့ ဖြစ်သလို ထားရစ်ခဲ့ရပါတယ်။

အစ်ကိုကြီးဖြစ်သူရဲ့ နာမည်ကိုတော့ Justin လို့သာ ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံကို Salvacion Elementary School ကျောင်းရဲ့ သူငယ်တန်းဆရာမဖြစ်သူ Ma’am Lei က လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ကလေးရဲ့ဓာတ်ပုံလေးကိုကြည့်ပြီး အားလုံးက စုတ်တသက်သက်နဲ့ ဖြစ်နေကြပါတယ်။

အစ်ကိုကြီးဖြစ်သူ Justin ဟာ ကျောင်းစာကို စိတ်ပါလက်ပါနဲ့ ရေးသားနေပြီး၊ သူ့ရဲ့ညီလေးကလည်း အခြေအနေကို ကောင်းကောင်းသိရှိပုံရကာ ငိုနေတာမျိုး၊ တစ်ခုခုပူဆာနေတာမျိုးကို မတွေ့ရပါဘူး။ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူဟာ ဒီကျောင်းနဲ့ မစိမ်းတော့တဲ့ သဘောကို တွေ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာတော့ Justin အနေနဲ့ ပညာရေး ဆက်လက် ကြိုးစားနိုင်ပါစေလို့ ဆုတွေတောင်းနေကြပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)

ညီေလးကုိထိန္းရင္း ေက်ာင္းမပ်က္ တက္ေရာက္ေနတဲ့ တစ္တန္းေက်ာင္းသားေလး

တစ္တန္းသာ ေရာက္ရွိေနေသးတဲ့ ကေလးငယ္ေလးဟာ မျဖစ္မေန သူရဲ႕ အသက္(၁)ႏွစ္သာရွိေသးတဲ့ ညီေလးကိုထိန္းရမယ့္ ဝတၱရားကို ထမ္းေဆာင္ေနရပါတယ္။ သူသာ ဒီကေလးကို အခ်ိန္ျပည့္ထိန္းရမယ္ဆုိရင္ ေက်ာင္းက ထြက္ရဖုိ႔ရွိပါတယ္။ ဒါေပမယ့္ ပညာေရးကို ခုံမင္တဲ့ ေက်ာင္းသားေလးဟာ ေက်ာင္းကလည္း မထြက္ခ်င္ပါဘူး။ ဒါေၾကာင့္ သူဟာ ညီေလးကိုပါ ေက်ာင္းအထိ ေခၚသြားဖုိ႔ ဆုံးျဖတ္ကာ ေက်ာင္းကုိလည္း ဆက္တက္ခဲ့ပါတယ္။

ဒီအျဖစ္ဟာ ဖိလစ္ပုိင္ႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ ကေလးေတြရဲ႕ မိဘႏွစ္ပါးဟာ နိစၥဒူဝအလုပ္ရွိမွ ထမင္းနပ္မွန္ေအာင္ စားရဖုိ႔ ႐ုန္းကန္ေနရသူေတြပါ။ မနက္လင္းပုိင္း ကေလးငယ္ကို ႏုိ႔တုိက္ၿပိး၊ ေန႔ခင္းစာအတြက္ နုိ႔ဗူးတစ္ဘူး ဖန္တီးကာ အသက္ (၅)ႏွစ္ေက်ာ္ အစ္ကိုျဖစ္သူ အႀကီးေကာင္နဲ႔ ျဖစ္သလုိ ထားရစ္ခဲ့ရပါတယ္။

အစ္ကိုႀကီးျဖစ္သူရဲ႕ နာမည္ကုိေတာ့ Justin လုိ႔သာ ေဖာ္ျပထားပါတယ္။ ဒီဓာတ္ပုံကို Salvacion Elementary School ေက်ာင္းရဲ႕ သူငယ္တန္းဆရာမျဖစ္သူ Ma’am Lei က လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့ပါတယ္။ လူမႈကြန္ရက္ေပၚမွာ ကေလးရဲ႕ဓာတ္ပုံေလးကိုၾကည့္ၿပီး အားလုံးက စုတ္တသက္သက္နဲ႔ ျဖစ္ေနၾကပါတယ္။

အစ္ကိုႀကီးျဖစ္သူ Justin ဟာ ေက်ာင္းစာကို စိတ္ပါလက္ပါနဲ႔ ေရးသားေနၿပီး၊ သူ႕ရဲ႕ညီေလးကလည္း အေျခအေနကို ေကာင္းေကာင္းသိရွိပုံရကာ ငုိေနတာမ်ိဳး၊ တစ္ခုခုပူဆာေနတာမ်ိဳးကို မေတြ႕ရပါဘူး။ အေျခအေနကုိ ၾကည့္ျခင္းအားျဖင့္ သူဟာ ဒီေက်ာင္းနဲ႔ မစိမ္းေတာ့တဲ့ သေဘာကို ေတြ႔ရပါတယ္။ လူမႈကြန္ရက္ေပၚမွာေတာ့ Justin အေနနဲ႔ ပညာေရး ဆက္လက္ ႀကိဳးစားနုိင္ပါေစလုိ႔ ဆုေတြေတာင္းေနၾကပါတယ္။

SHARE FROM နတ္စည္ေတာ္ (Shwemom)
ညီေလးကုိထိန္းရင္း ေက်ာင္းမပ်က္ တက္ေရာက္ေနတဲ့ တစ္တန္းေက်ာင္းသားေလး ညီေလးကုိထိန္းရင္း ေက်ာင္းမပ်က္ တက္ေရာက္ေနတဲ့ တစ္တန္းေက်ာင္းသားေလး Reviewed by Unknown on February 04, 2018 Rating: 5

No comments:

Powered by Blogger.