သမီးခွဲစိတ်ဖို့အတွက် စုထားတဲ့ငွေအကြွေလေးတွေ ရေတွက်နေရှာတဲ့ သနားစဖွယ်ဖခင်



မိဘတိုင်း မိဘတိုင်းဟာ ကိုယ့်သားသမီးကို ချစ်ခင်ကြင်နာမှုအပြည့်နဲ့ သက်ရှည်ကျန်းမာ ကောင်းစားစေချင်ကြတာ ဓမ္မတာပါဘဲ။ ဒီထဲမှာ ခြွင်းချက်အနေနဲ့ တစ်ချို့မိဘတွေကတော့ မွေးမွေးချင်းကလေးတွေကို ရက်စက်စွာစွန့်ပစ်မှုတွေ ရှိသလို၊ တစ်ချို့ကလေးတွေကလည်း မိဘတွေကို ကာပြန်၊ ရန်သူအဖြစ် သတ်မှတ်ကြတာမျိုးလည်း ရှိပါတယ်။ ဒါတွေကလည်း တော်တော်လေး ရာခိုင်နှုန်းနည်းပါတယ်။ သေချာတာကတော့ မိဘတိုင်းလိုလို ကိုယ့်သားသမီးကို ချစ်ခင်ကြတာချည်းပါဘဲ။

အခုလည်း Jeric Aquino Trestre လို့ အမည်ရတဲ့ ဖခင်တစ်ဦးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေပြီး အများပြည်သူရဲ့ သနားကရုဏာတွေကို ခံစားနေရပါတယ်။ Aquino ဟာ ခွဲစိတ်ဖို့လိုအပ်နေတဲ့ သမီးလေးရဲ့ ဆေးရုံခုတင်ဘေးမှာ ငွေအကြွေစေ့လေးတွေကို ထိုင်ပြီးရေတွက်နေတာ သနားစဖွယ်ပါဘဲ။

ငွေအကြွေဆိုတာ ပိုက်ဆံအတန်ကြီးတွေ မကိုင်နိုင်တဲ့ သာမန်ဆင်းရဲသားတို့ရဲ့ နည်းပါးလှတဲ့ ဂုဏ်ပကာသန ဖြစ်ပါတယ်။ သူရဲ့ဘေးမှာ ပလက်စတစ်ဘူးတွေနဲ့အပြည့် စုဆောင်းထားတဲ့ ငွေအကြွေတွေကိုလည်း တွေ့ရသလို၊ ရှေ့ခပ်လှမ်းလျမ်းမှာတော့ ပလက်စတစ်တွေနဲ့ ထုပ်ထားတဲ့ ပိုက်ဆံအိတ်ကလေးတွေကို တွေ့ရပါတယ်။







သူရဲ့သမီးလေး Esang ကတော့ ဆေးရုံခုတင်ထက်မှာ လဲလျောင်းနေတာကို တွေ့ရပါတယ်။ ဖခင် Aquino ဟာ များပြားလှတဲ့ ငွေအကြွေစေ့တွေကို စိတ်ရှည်လက်ရှည် ရေတွက်နေပြီး၊ သူစုဆောင်းထားတဲ့ ပိုက်ဆံတွေက သမီးလေးရဲ့ခွဲစိတ်စာရိတ် လုံလောက်မှု ရှိပါ့မလားဆိုတာ သူ့စိတ်ထဲမှာ တွက်ဆနေပုံရပါတယ်။

Esang ဟာ Biliary Atresia အမည်ရ ရောဂါကို ခံစားနေရပြီး အသည်း-သည်းခြေနဲ့ ပတ်သက်တဲ့ရောဂါ ရှားပါးရောဂါ ဖစ်ပါတယ်။ ကလေးမလေးဟာ ခွဲစိတ်ဖို့လိုအပ်နေပြီး၊ မိဘတွေက ငွေကြေးများများစားစား မတက်နိုင်လို့ စောင့်ဆိုင်းနေခဲ့ရသူပါ။ တကယ်ဆိုရင် သူမအနေနဲ့ ဖြစ်နိုင်သမျှ အမြန်ခွဲစိတ်ဖို့ လိုအပ်နေသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဖခင် Aquino ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ Jenny Sumalpong အမည်ရ အကောင့်ပိုင်ရှင်ကနေ တစ်ဆင့်ပျံ့နှံ့ခဲ့ပြီး ကူညီမယ့်သူတွေ ချက်ချင်းပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့ ကူညီမှုနဲ့အတူ အလှူငွေတွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

သို့သော် Aquino တို့သားအဖ လက်ရှိအချိန်မှာ ငွေလုံလုံလောက်လောက် ရရှိသွားပြီလားဆိုတာကိုတော့ သတင်းမှာ Update လုပ် ဖော်ပြထားတာမျိုး မရှိသေးပေမယ့် ငွေပြည့်မီတာနဲ့ အိန္ဒိယကို သွားရောက်ဆေးကုသမှု ခံယူမယ်ဆိုတာကိုတော့ ဖော်ပြထားပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာ သမီးလေးဟာ သက်သာနေပုံရပါတယ်။  Jenny ဟာ Aquino ရဲ့ လိပ်စာအပြည့်အစုံနဲ့ သူ့ရဲ့ သမီးလေး တက်ရောက်နေတဲ့ Philippine Children Medical Center ဆေးရုံရဲ့လိပ်စာကိုပါ မျှဝေခဲ့ပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)
သမီးခွဲစိတ်ဖို့အတွက် စုထားတဲ့ငွေအကြွေလေးတွေ ရေတွက်နေရှာတဲ့ သနားစဖွယ်ဖခင် သမီးခွဲစိတ်ဖို့အတွက် စုထားတဲ့ငွေအကြွေလေးတွေ ရေတွက်နေရှာတဲ့ သနားစဖွယ်ဖခင်


Reviewed by Unknown on February 04, 2018 Rating: 5

No comments:

Powered by Blogger.