အလှမယ် နန်းထက်ထက်ဦးဟာ ထက်ထက်မိုးဦးရဲ့ တူမဆိုပြီး နာမည်ကြီးခဲ့ရာမှ အနုပညာလောကထဲ လူသိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ Miss Mandalay Region - First Runner Up ဆုရှင်တစ်ဦးဖြစ်ပြီး winner ဆုရှင်ကခြေထောက်ကို ထိခိုက်ဒါဏ်ရာရခဲ့တာကြောင့်သူမက Miss Golden Land Myanmar 2016 ရွေးချယ်ပွဲကြီး အတွက် မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင် အလှမယ်အဖြစ် တာဝန်လွှဲပြောင်းရယူ ပြီး ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
သူမဟာ ယခုလက်တလောမှာတော့ စနိုက်ကျော်မလေးဆိုပြီး စွပ်စွဲပြောနေကြပါတယ်။ အကြောင်းအရင်ကတော့ နာမည်ကျော် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးတို့ အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သတ်ပြီး ခုလိုပြောဆိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ အွန်လိုင်းမှာ လူစိတ်ဝင်စားမှုများခဲ့တဲ့ သီလရှင်ဝတ်နဲ့ အင်တာဗျူးဖြေခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ Videoလေးကြောင့်လဲ သူမ ကိုဝေဖန်မှုတွေပြင်းထန်ခဲ့ရတယ်လို့ လဲသိရပါတယ်။ ဒီဝေဖန်မှုတွေဟာ သူမရဲ့ အသက်အရွယ် နဲ့ဆိုရင် အရမ်းကိုပြင်းထန်လွန်းတာကြောင့် အကိုဖြစ်သူက ယခုလိုတုန့်ပြန် ထားတာ ရှိပါတယ်။
" ငြိမ်နေတာအကောင်းမဟုတ်ဘူး ပိုပိုဆိုးလာလို့ ပြောရတော့မယ်။ ထက်ထက်မိုးဦး သူ့ကလေးလွမ်းလို့ငိုတာ ငါ့ညီမနဲ့ဘာဆိုင်လဲ ။ ဘာလို့စနိုက်ကျော်လို့လာပြောတာလဲ ။ ခေါ်ချင်ငါ့ကိုပါခေါ် ငါ့ညီမနောက်မှာငါအမြဲရှိနေတယ် ။ အဲ့စကားဘယ်ကောင့်ပါးစပ်ကထွက်တာလဲ ထွက်တဲ့ကောင်သိရင်ပြ မထက်ပါးစပ်ကထွက်လို့လား မထက်ပါးစပ်ကထွက်ရင် မထက်ကိုအသရေဖျက်မှုနဲ့တရားစွဲပါမယ်။ ကိုစိုင်းလွမ်းပါးစပ်ကထွက်ရင်ကိုစိုင်းလွမ်းကိုတရားစွဲမယ် " ဆိုပြီး နန်းထက်ထက်ဦးရဲ့ အကိုဖြစ်သူက သူ့ဖေ့ဘုတ်မှာရေးသားဖော်ပြထားပါတယ် ။
အဲ့ဒီနောက် " ငါ့ညီမကိုဆဲသွားတဲ့ခွေးတွေလမ်းမှာငါနဲ့မတွေ့စေနဲ့ငြိမ်နေတာအကောင်းမဟုတ်ဘူးခွေးဆိုတဲ့အမျိုးကတစ်ကောင်ဟောင်ရင်ရှိသမျှခွေးတွေဘုမသိဘမသိဝိုင်းဟောင်တော့တာပဲ ကောင်မတွေလဲ သူများမိသားစုအကြောင်းဘယ်လောက်သိလဲ သေချာတဲ့သတင်းကို မသိပဲဖင်ဝင်မယားကြနဲ့ ကလေးကငယ်ငယ်လေးကို ဝိုင်းဆဲနေကြတာ စောက်ရှက်မရှိကြဘူး " ဆိုပြီးလဲရေးသားထားပါသေးတယ်။
အလှမယ် နန်းထက်ထက်ဦးဟာ အရမ်းလှတဲ့ လှပျိုဖြူလေးတစ်ယောက်ပါ သူမဟာ မကြာသေးမှီအချိန်က ကိုရီးယားနိုင်ငံကိုရောက်ရှိနေခဲ့ပြီး ကိုရီးယားမလေးအလား နန်းတွင်းဝတ်စုံလေးနဲ့ အရမ်းကိုလှပနေပါတော့တယ်။ သူမ ဟာ သူမအပေါ်ဝေဖန်မှုတွေကို အသက်အရွယ်နဲ့ မလိုက်အောင် သည်းခံရင်း နေထိုင်နေသူတစ်ဦးပါ။ အဖြစ်မှန်တွေကို လေ့လာပြီးမှ သာ ဝေဖန်မှုပြုသင့်ပါတယ်။ ဖြစ်စဉ်ဟာအမှန်မဟုတ်ခဲ့ရင် ဝေဖန်ခံရတဲ့ မိန်းကလေးက နစ်နာစရာကြီးပါနော်။
SHARE FROM KKK(momolay)
ထက်ထက်မိုးဦးတို့ ကိစ္စမှာ တဖက်သက်အဆဲခံနေရတဲ့ နန်းထက်ထက်ဦး
Reviewed by Unknown
on
February 04, 2018
Rating:
No comments:
Post a Comment