သူရဲေကာင္းႀကီးရဲ႕ ေနာက္ဆုံးလမ္းခရီးမွာ စစ္ဖိနပ္သံေတြ ငုိၾကရတယ္



အေမရိကန္ေလတပ္မွာ စြမ္းစြမ္းတမံ တာဝန္ထမ္းေဆာင္ခဲ့တဲ့ သူရဲေကာင္းတစ္ဦး၊ ရင္ဘတ္ထဲမွာ မသိျခင္းအဇၨတၱေတြနဲ႔အတူ တာဝန္ေက်ပြန္မႈေတြ၊ ရဲရင့္တဲ့တုိက္ခုိက္မႈေတြ၊ ႀကီးက်ယ္တဲ့ ကာကြယ္မႈေတြလုပ္ေဆာင္ခဲ့သူ။ သူဟာ လူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လူေတြလုိပဲ သူ႕ေနာက္ဆုံးခရီးလမ္းက ဂုဏ္ျပဳပန္းေခြေတြ ေဝခဲ့ရတယ္။

Bodza ဟာ အသက္ (၁၁)ႏွစ္အရြယ္ ဂ်ာမန္ရွီးဖာ့အမ်ိဳးအစား ေခြးတစ္ေကာင္ျဖစ္ပါတယ္။ သူဟာ အေမရိကန္ေလတပ္နဲ႔အတူ တုိင္းျပည္ရဲ႕တာဝန္ကို လူသားရဲေဘာ္ရဲဘက္ေတြနဲ႔အတူ အီရက္၊ Kyrgyzstan၊ ကူဝိတ္တုိ႔မွာ က်ရာတာဝန္ ထမ္းေဆာင္ခဲ့သူပါ။ လိမၼာပါးနပ္မႈ၊ အျမင္က်ယ္မႈနဲ႔၊ ရန္သူေတြကို တုိက္ခုိက္ရာမွာ စစ္သားႀကီးလည္း ျဖစ္ပါတယ္။ သူဟာ K9 Hero ဆုိတဲ့ သူရဲေကာင္း ဆုတံဆိပ္ႀကီးနဲ႔ လက္ျပႏႈတ္ဆက္ခဲ့သူ။

ရန္သူေတြေထာင္ထားတဲ့ မုိင္းေတြကို ရွင္းရင္း၊ သူ႕ရဲေဘာ္ေတြကို ကုိယ္စားအသက္နဲ႔ အရင္ဦးဆုံး ကာကြယ္ေပးခဲ့သူ၊ သူဟာ သူ႕တပ္သားေတြအေပၚမွာလည္း သံေယာဇဥ္ အလြန္ႀကီးမာသူပါဘဲ။ Bodza ဟာ တပ္ၾကပ္ႀကီး Alex Smith နဲ႔ အလြန္ရင္းနီးသူ မိတ္ေဆြႀကီးလည္း ျဖစ္ၿပီး၊ (၂၁၀၂)ခုႏွစ္က စစ္ဆင္ေရးေတြမွာ လက္ညီခဲ့ၾကတဲ့ တုိက္ေဖာ္တုိက္ဖက္ေတြပါ။

Bodza တာဝန္ကေန မျဖစ္မေန အနားယူရတဲ့အခါ Alex ကပဲ ေကၽြးေမြးေစာင့္ေရွာက္ခြင့္ ေတာင္းခံခဲ့ပါတယ္။ (၂၀၁၆)ခုႏွစ္မွာ Bodza ဟာ Degenerative myelopathy ေရာဂါကို ခံစားခဲ့ရၿပီး ေရာဂါက ေက်ာ႐ုိးမႀကီးအထိ ပ်ံ႔ႏွံ႔ကူးစက္ခဲ့လုိ႔ ကုသဖုိ႔မလြယ္ေတာ့တဲ့ အေျခအေနပါ။ ဒီရက္ပုိင္းေတြမွာ တပ္ၾကပ္ႀကီး Alex အတြက္ ပူေဆြးရတဲ့ ရက္ေတြပါဘဲ။











ဒီေရာဂါနဲ႔ပဲ Bodza ဟာ ေသဆုံးခဲ့ပါတယ္။ လုပ္ေဖာ္ကိုင္ဘက္ ရဲေဘာ္ေတြဟာ အလြန္ေၾကကြဲခဲ့ရၿပီး၊ သူရဲ႕ ေနာက္ဆုံးခရီးကို အခမ္းအနားနဲ႔ ဂုဏ္ျပဳခဲ့ပါတယ္။ သူ႕ခႏၶာကိုယ္ေပၚကို အေမရိကန္အလံေတာ္ႀကီး လႊမ္းၿခဳံလုိ႔ သူအေလာင္း ဖ်က္သန္းရာတစ္ေလွ်ာက္ တပ္မေတာ္သားေတြရဲ႕ စစ္ဖိနပ္သံေတြမွာ ငုိသံေတြ ပါေနခဲ့တယ္။

Alex ဟာ သူသိပ္ခ်စ္ရတဲ့ ညီရင္းအစ္ကုိတစ္ေယာက္ ဆုံး႐ႈံးခဲ့ရသလုိ ခံစားခဲ့ရၿပီး၊ ေနာက္ဆုံးအႀကိမ္ ေခါင္းခ်င္းတုိ႔ထိ ႏႈတ္ဆက္ခဲ့ပါတယ္။ သူဟာ ရင္ဘတ္ႀကီးေတြ မာေက်ာတဲ့ စစ္သားေကာင္းတစ္ေယာက္ဆုိေပမယ့္ သူ႕အသည္းေတြက မမာႏုိင္ေတာ့ပါဘူး။ လုပ္ေဖာ္ကိုင္ဘက္ေတြက ” ငုိခ်ပစ္လုိက္စမ္း ေဟ့ေကာင္ႀကီး”လုိ႔ ေျပာလုိက္တာနဲ႔ သည္းသည္းလႈိက္ေအာင္ ငုိခဲ့ရ … ဒါဟာ တစ္အုိးတည္းစားေဖာ္စားဖက္ေတြ လြင့္ပါးခ်ိန္တုိင္း ႀကဳံရေလ့ရွိတဲ့ အျဖစ္အပ်က္ပါဘဲ။

နတ္စည္ေတာ္ (Shwemom)

သူရဲကောင်းကြီးရဲ့ နောက်ဆုံးလမ်းခရီးမှာ စစ်ဖိနပ်သံတွေ ငိုကြရတယ်

အမေရိကန်လေတပ်မှာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်းတစ်ဦး၊ ရင်ဘတ်ထဲမှာ မသိခြင်းအဇ္ဇတ္တတွေနဲ့အတူ တာဝန်ကျေပွန်မှုတွေ၊ ရဲရင့်တဲ့တိုက်ခိုက်မှုတွေ၊ ကြီးကျယ်တဲ့ ကာကွယ်မှုတွေလုပ်ဆောင်ခဲ့သူ။ သူဟာ လူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေလိုပဲ သူ့နောက်ဆုံးခရီးလမ်းက ဂုဏ်ပြုပန်းခွေတွေ ဝေခဲ့ရတယ်။

Bodza ဟာ အသက် (၁၁)နှစ်အရွယ် ဂျာမန်ရှီးဖာ့အမျိုးအစား ခွေးတစ်ကောင်ဖြစ်ပါတယ်။ သူဟာ အမေရိကန်လေတပ်နဲ့အတူ တိုင်းပြည်ရဲ့တာဝန်ကို လူသားရဲဘော်ရဲဘက်တွေနဲ့အတူ အီရက်၊ Kyrgyzstan၊ ကူဝိတ်တို့မှာ ကျရာတာဝန် ထမ်းဆောင်ခဲ့သူပါ။ လိမ္မာပါးနပ်မှု၊ အမြင်ကျယ်မှုနဲ့၊ ရန်သူတွေကို တိုက်ခိုက်ရာမှာ စစ်သားကြီးလည်း ဖြစ်ပါတယ်။ သူဟာ K9 Hero ဆိုတဲ့ သူရဲကောင်း ဆုတံဆိပ်ကြီးနဲ့ လက်ပြနှုတ်ဆက်ခဲ့သူ။

ရန်သူတွေထောင်ထားတဲ့ မိုင်းတွေကို ရှင်းရင်း၊ သူ့ရဲဘော်တွေကို ကိုယ်စားအသက်နဲ့ အရင်ဦးဆုံး ကာကွယ်ပေးခဲ့သူ၊ သူဟာ သူ့တပ်သားတွေအပေါ်မှာလည်း သံယောဇဉ် အလွန်ကြီးမာသူပါဘဲ။ Bodza ဟာ တပ်ကြပ်ကြီး Alex Smith နဲ့ အလွန်ရင်းနီးသူ မိတ်ဆွေကြီးလည်း ဖြစ်ပြီး၊ (၂၁၀၂)ခုနှစ်က စစ်ဆင်ရေးတွေမှာ လက်ညီခဲ့ကြတဲ့ တိုက်ဖော်တိုက်ဖက်တွေပါ။

Bodza တာဝန်ကနေ မဖြစ်မနေ အနားယူရတဲ့အခါ Alex ကပဲ ကျေွးမွေးစောင့်ရှောက်ခွင့် တောင်းခံခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာ Bodza ဟာ Degenerative myelopathy ရောဂါကို ခံစားခဲ့ရပြီး ရောဂါက ကျောရိုးမကြီးအထိ ပျံ့နှံ့ကူးစက်ခဲ့လို့ ကုသဖို့မလွယ်တော့တဲ့ အခြေအနေပါ။ ဒီရက်ပိုင်းတွေမှာ တပ်ကြပ်ကြီး Alex အတွက် ပူဆွေးရတဲ့ ရက်တွေပါဘဲ။

ဒီရောဂါနဲ့ပဲ Bodza ဟာ သေဆုံးခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေဟာ အလွန်ကြေကွဲခဲ့ရပြီး၊ သူရဲ့ နောက်ဆုံးခရီးကို အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်ကို အမေရိကန်အလံတော်ကြီး လွှမ်းခြုံလို့ သူအလောင်း ဖျက်သန်းရာတစ်လျှောက် တပ်မတော်သားတွေရဲ့ စစ်ဖိနပ်သံတွေမှာ ငိုသံတွေ ပါနေခဲ့တယ်။

Alex ဟာ သူသိပ်ချစ်ရတဲ့ ညီရင်းအစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရသလို ခံစားခဲ့ရပြီး၊ နောက်ဆုံးအကြိမ် ခေါင်းချင်းတို့ထိ နှုတ်ဆက်ခဲ့ပါတယ်။ သူဟာ ရင်ဘတ်ကြီးတွေ မာကျောတဲ့ စစ်သားကောင်းတစ်ယောက်ဆိုပေမယ့် သူ့အသည်းတွေက မမာနိုင်တော့ပါဘူး။ လုပ်ဖော်ကိုင်ဘက်တွေက ” ငိုချပစ်လိုက်စမ်း ဟေ့ကောင်ကြီး”လို့ ပြောလိုက်တာနဲ့ သည်းသည်းလှိုက်အောင် ငိုခဲ့ရ … ဒါဟာ တစ်အိုးတည်းစားဖော်စားဖက်တွေ လွင့်ပါးချိန်တိုင်း ကြုံရလေ့ရှိတဲ့ အဖြစ်အပျက်ပါဘဲ။

နတ်စည်တော် (Shwemom)
သူရဲေကာင္းႀကီးရဲ႕ ေနာက္ဆုံးလမ္းခရီးမွာ စစ္ဖိနပ္သံေတြ ငုိၾကရတယ္ သူရဲေကာင္းႀကီးရဲ႕ ေနာက္ဆုံးလမ္းခရီးမွာ စစ္ဖိနပ္သံေတြ ငုိၾကရတယ္ Reviewed by Unknown on February 03, 2018 Rating: 5

No comments:

Powered by Blogger.