သူမဟာ တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်နေခဲ့ပေမယ့် အန္တရာယ်ကင်းစွာပဲ ငှက်တွေကို ရှောင်သွားနိုင်ခဲ့ပါတယ်။ငှက်တွေ မြေပြင်ပေါ်မှာ အများအပြားနားနေတဲ့ အကြောင်းအရင်းကို သိပ္ပံပညာရှင်များက အခုလိုပဲရှင်းပြခဲ့ပါတယ်။ ငှက်တွေက အိပ်တန်းတက်နေရမှာဖြစ်ပေမယ့် ဓာတ်ဆီဆိုင်က မီးအလင်းကြောင့် သူတို့ဆင်းလာခဲ့တာဖြစ်နိုင်ပါတယ်။
ကားပါကင်တွေမှာ အုပ်စုလိုက် အိပ်တန်းတက်လေ့ရှိတဲ့ ငှက်တွေက မူလနေရာကနေ အနှောင့်အယှက်တစ်ခုခုဖြစ်လို့ မီးအလင်းကောင်းတဲ့ နေရာကို ဆင်းလာခဲ့ကြတာဖြစ်နိုင်ကြောင်း ပရော်ဖက်ဆာ Richard Prum က ပြောခဲ့ပါတယ်။အိပ်တန်းတက်နေတဲ့ငှက်တွေက အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်တာကြောင့် မီးလင်းပြီး အနှောင့်အယှက်ကင်းနိုင်မယ့် လုံခြုံလောက်မယ်လို့ ထင်ရတဲ့နေရာကို ဆင်းသက်လာခဲ့ကြတာပါ။ ဓာတ်ဆီဆိုင်ထဲမှာ ငှက်တွေ အုပ်လိုက် လာနားနေတာကို ရိုက်ထားတဲ့ ဗီဒီယိုအောက်မှာ ထည့်ပေးထားတယ်နော်။
White (Shwemom)
ဓာတ်ဆီဆိုင်ထဲမှာ ငှက်အကောင်ပေါင်း ရာချီပြီး လာနားခဲ့တဲ့ ထူးခြားဖြစ်စဉ်
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment