အသက္ကုိးႏွစ္အရြယ္ မိန္းကေလးငယ္အား မေအာ္ေအာင္ လည္ပင္းအဝတ္စဆီး၍ သားမယားျပဳက်င့္ခဲ႔လုိ႔ ကေလးမေလးေသဆုံးရရွာ



တပ္ကုန္းၿမိဳ႕နယ္တြင္ အသက္(၉)ႏွစ္ခန္႔ မိန္းကေလးငယ္တစ္ဦးအား မုဒိန္းျပဳက်င့္ သတ္ျဖတ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိပါသည္။

ျဖစ္စဥ္တြင္ ကိုမ်ိဳး(ေရႊေပါကၠံ)၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ၁၄၃၀ အခ်ိန္ တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္း မိုင္တိုင္(၂၇၃/၃-၄)ၾကား ကိုေက်ာ္စိုး (ေရႊမိတၱကုန္တင္ ယာဥ္လိုင္း ပိုင္ရွင္)၏ ယာေျမ အတြင္းရွိ လူမေနသည့္တဲအတြင္း အသက္(၉)ႏွစ္ခန္႔ မိန္းကေလး ၁ ဦး ေသဆုံးေနေၾကာင္း သတင္းအရ တပ္ကုန္းၿမိဳ႕မရဲစခန္းမွူးႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ားမွ သြားေရာက္ စစ္ေဆးရာ မ………(၉)ႏွစ္ အား လည္ပင္းတြင္ မိန္းမသုံးပုဝါ ရစ္ပတ္လ်က္ လၽွာထြက္၊ ပါးစပ္၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာမ်ား ျဖင့္ ေသဆုံးေနၿပီး တဲအေနာက္ဘက္အခန္း၌ ေရသန္႔ဗူးခြံမ်ား ထည့္ထားသည့္ ဆာလာအိတ္ ၂ အိတ္ပါ မိန္းမစီး စက္ဘီး ၁ စီးေတြ႕ရွိ၍ မ………၏ အေလာင္း အား တပ္ကုန္း ျပည္သူ႔ေဆး႐ုံသို႔ ပို႔အပ္ခဲ့ပါသည္။

၄နာရီ ၄၅မိႏွစ္ အခ်ိန္ခန္႔တြင္ ဦးေမာင္ေဝ(၅၇)ႏွစ္ (ေသဆုံးသူ၏ဖခင္)မွ တိုင္တန္း၍ တပ္ကုန္းၿမိဳ႕မရဲစခန္း (ပ)၄၄/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မွု)ျဖင့္ အမွုဖြင့္ စုံစမ္းခဲ့ ရာ တပ္ကုန္းၿမိဳ႕အထြက္ ေအးရွားေဝါလ္ တိုးဂိတ္ရွိ CCTV မွတ္တမ္းႏွင့္ အျခားစုံစမ္းခ်က္မ်ား အရ ေသဆုံးသူ မ…… ႏွင့္ ကိုပို(ခ) တင္ေရႊ(၄၃)ႏွစ္တို႔သည္ ေရသန္႔ဗူးခြံမ်ား ေကာက္ရန္ စက္ဘီးကိုယ္စီျဖင့္ ေရွာက္ကုန္းေက်းရြာဘက္သို႔ ထြက္ခြာသြားေၾကာင္း သိရွိရ၍ ကိုပို(ခ) တင္ေရႊအား တပ္ကုန္းၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္စစ္ေမးခဲ့ရာ မ………အား အခင္းျဖစ္ တဲအတြင္းသို႔ ေရသန္႔ဗူးခြံဝင္ေကာက္မည္ဟု ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ၿပီး သားမယား ျပဳက်င့္ရန္ ႀကိဳးစားစဥ္ မ………မွာ ေအာ္ဟစ္ငိုယိုေနသျဖင့္ မေအာ္နိုင္ရန္ လည္ပင္းအား ညႇစ္စဥ္ ေသဆုံးသြား၍ အနီးတြင္ေတြ႕ရွိသည့္ ဇာပုဝါျဖင့္ မ……… လည္ပင္းအား ခ်ည္ေႏွာင္ထားခဲ့ေၾကာင္း ထြက္ဆို သျဖင့္ ဥပေဒႏွင့္အညီ တပ္ကုန္းၿမိဳ႕မရဲစခန္းမွ ေဆာင္ရြက္လ်ွက္ရွိေၾကာင္း စုံစမ္းသိရွိရပါသည္။







ယမန္ေန႔ မြန္းလြဲပိုင္းက ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္ အတြင္း ျဖစ္ပြားခဲ့ေသာ အသက္(၉)ႏွစ္ အရြယ္မိန္းကေလးငယ္အား သတ္ခဲ့သည့္သူကို ရဲက ဖမ္းဆီးထားသည္ဟု ေဒသဆိုင္ရာရဲတပ္ဖြဲ႕က ေျပာသည္။

ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးကားလမ္း၊ မိုင္တိုင္အမွတ္(၂၇၃/၃-၄)ၾကား အေနာက္ဘက္ ယာေျမအတြင္း လူမေနသည့္တဲထဲ ကေလးငယ္တစ္ဦး ေသဆံုးေနေၾကာင္း သတင္းေပးတိုင္တန္းမႈအရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာေသဆံုးသူမွာ တပ္ကုန္းၿမိဳ႕နယ္ေန မ×××(၉)ႏွစ္ (ဒုတိယတန္း၊ ပလပ္စတစ္ဗူးခြံေကာက္)ျဖစ္ေနျပီး၊ လည္ပင္းတြင္ မိန္းမသုံးပုဝါရစ္ပတ္လ်က္ ေသဆုံး ေနသည္ကိုေတြ႕ရွိရေၾကာင္း၊ယင္းအျပင္ တဲအေနာက္ဘက္ အခန္းတြင္ ေရသန္႔ဗူးခြံမ်ားထည့္ထားသည့္ ဆာလာအိတ္ (၂)အိတ္ပါ မိန္းမစီးစက္ဘီး(၁) စီး တို႔အား ေတြ႕ရွိရ၍ အေလာင္းအား တပ္ကုန္းျပည္သူ႔ေဆး႐ုံသို႔ တပ္ကုန္းၿမိဳ႕မရဲစခန္း(ပ)၄၄/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမွုဖြင့္စုံစမ္းခဲ့ေၾကာင္း ရဲက ေျပာသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားမွ ျပစ္မွုက်ဴးလြန္သူကို ဖမ္းဆီးရမိေရးအတြက္ လိုက္လံစုံစမ္းခဲ့ရာ တပ္ကုန္းၿမိဳ႕အထြက္ ေအးရွားေဝါလ္တိုးဂိတ္ရွိ CCTV မွတ္တမ္းႏွင့္ အျခားစုံစမ္းခ်က္မ်ားအရ ေသဆုံးသူ မ××××ႏွင့္ တပ္ကုန္းၿမိဳ႕နယ္ေန ကိုပို(ခ)တင္ေရႊ(၄၃)ႏွစ္တို႔သည္ ေရသန္႔ဗူးခြံမ်ား ေကာက္ရန္ စက္ဘီးကိုယ္စီျဖင့္ ေရွာက္ကုန္းေက်းရြာဘက္သို႔ ထြက္ခြာသြားေၾကာင္း သိရွိရ၍ ရဲက ကိုပို (ခ)တင္ေရႊကို ေခၚယူစစ္ေမးခဲ့သည္။

စစ္ေဆးခ်က္အရ ကိုပို(ခ)တင္ေရႊသည္ မ××××အား အခင္းျဖစ္တဲအတြင္းသို႔ ေရသန္႔ဗူးခြံဝင္ေကာက္မည္ဟု ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ၿပီး သားမယားျပဳက်င့္ရန္ ႀကိဳးစားစဥ္ မ××××မွာ ေအာ္ဟစ္ငိုယိုေနသျဖင့္ မေအာ္နိုင္ရန္ လည္ပင္း အား ညႇစ္စဥ္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း၊ အနီးတြင္ေတြ႕ရွိသည့္ ဇာပုဝါျဖင့္ မ×××× လည္ပင္းကို ခ်ည္ေႏွာင္ထားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း ရဲက ေျပာသည္။

PNews

အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်အား မအော်အောင် လည်ပင်းအဝတ်စဆီး၍ သားမယားပြုကျင့်ခဲ့လို့ ကလေးမလေးသေဆုံးရရှာ

တပ်ကုန်းမြို့နယ်တွင် အသက်(၉)နှစ်ခန့် မိန်းကလေးငယ်တစ်ဦးအား မုဒိန်းပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်တွင် ကိုမျိုး(ရွှေပေါက္ကံ)၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၄၃၀ အချိန် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြား ကိုကျော်စိုး (ရွှေမိတ္တကုန်တင် ယာဉ်လိုင်း ပိုင်ရှင်)၏ ယာမြေ အတွင်းရှိ လူမနေသည့်တဲအတွင်း အသက်(၉)နှစ်ခန့် မိန်းကလေး ၁ ဦး သေဆုံးနေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက် စစ်ဆေးရာ မ………(၉)နှစ် အား လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် သေဆုံးနေပြီး တဲအနောက်ဘက်အခန်း၌ ရေသန့်ဗူးခွံများ ထည့်ထားသည့် ဆာလာအိတ် ၂ အိတ်ပါ မိန်းမစီး စက်ဘီး ၁ စီးတွေ့ရှိ၍ မ………၏ အလောင်း အား တပ်ကုန်း ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

၄နာရီ ၄၅မိနှစ် အချိန်ခန့်တွင် ဦးမောင်ဝေ(၅၇)နှစ် (သေဆုံးသူ၏ဖခင်)မှ တိုင်တန်း၍ တပ်ကုန်းမြို့မရဲစခန်း (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များ အရ သေဆုံးသူ မ……နှင့် ကိုပို(ခ) တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ကိုပို(ခ) တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ရာ မ………အား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် မ………မှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးသွား၍ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မ……… လည်ပင်းအား ချည်နှောင်ထားခဲ့ကြောင်း ထွက်ဆို သဖြင့် ဥပဒေနှင့်အညီ တပ်ကုန်းမြို့မရဲစခန်းမှ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော အသက်(၉)နှစ် အရွယ်မိန်းကလေးငယ်အား သတ်ခဲ့သည့်သူကို ရဲက ဖမ်းဆီးထားသည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၇၃/၃-၄)ကြား အနောက်ဘက် ယာမြေအတွင်း လူမနေသည့်တဲထဲ ကလေးငယ်တစ်ဦး သေဆုံးနေကြောင်း သတင်းပေးတိုင်တန်းမှုအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာသေဆုံးသူမှာ တပ်ကုန်းမြို့နယ်နေ မ×××(၉)နှစ် (ဒုတိယတန်း၊ ပလပ်စတစ်ဗူးခွံကောက်)ဖြစ်နေပြီး၊ လည်ပင်းတွင် မိန်းမသုံးပုဝါရစ်ပတ်လျက် သေဆုံး နေသည်ကိုတွေ့ရှိရကြောင်း၊ယင်းအပြင် တဲအနောက်ဘက် အခန်းတွင် ရေသန့်ဗူးခွံများထည့်ထားသည့် ဆာလာအိတ် (၂)အိတ်ပါ မိန်းမစီးစက်ဘီး(၁) စီး တို့အား တွေ့ရှိရ၍ အလောင်းအား တပ်ကုန်းပြည်သူ့ဆေးရုံသို့ တပ်ကုန်းမြို့မရဲစခန်း(ပ)၄၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း ရဲက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းခဲ့ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ်တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များအရ သေဆုံးသူ မ××××နှင့် တပ်ကုန်းမြို့နယ်နေ ကိုပို(ခ)တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ရဲက ကိုပို (ခ)တင်ရွှေကို ခေါ်ယူစစ်မေးခဲ့သည်။

စစ်ဆေးချက်အရ ကိုပို(ခ)တင်ရွှေသည် မ××××အား အခင်းဖြစ်တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယားပြုကျင့်ရန် ကြိုးစားစဉ် မ××××မှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်း အား ညှစ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မ×××× လည်ပင်းကို ချည်နှောင်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ရဲက ပြောသည်။

PNews
အသက္ကုိးႏွစ္အရြယ္ မိန္းကေလးငယ္အား မေအာ္ေအာင္ လည္ပင္းအဝတ္စဆီး၍ သားမယားျပဳက်င့္ခဲ႔လုိ႔ ကေလးမေလးေသဆုံးရရွာ အသက္ကုိးႏွစ္အရြယ္ မိန္းကေလးငယ္အား မေအာ္ေအာင္ လည္ပင္းအဝတ္စဆီး၍ သားမယားျပဳက်င့္ခဲ႔လုိ႔ ကေလးမေလးေသဆုံးရရွာ Reviewed by Unknown on February 13, 2018 Rating: 5

No comments:

Powered by Blogger.