ကိုယ်ပိုင်ကျွန်း
ဇိမ်ခံပစ္စည်းတွေ
ကိုယ်ပိုင်စိတ်ကြိုက် ရွက်လှေသဘောင်္
သူ့ကိုယ်သူ တခြားနိုင်ငံခေါင်းဆောင်ကောင်းတွေလိုမျိုး ကြေးရုပ်တု ထားသင့်တယ်လို့ ယူဆတဲ့ ကင်ဂျုံအန်း။
မြင်းသိပ်ကြိုက်သူ
ယစ်ထုပ်ကြီး
ချိစ်သိပ်ကြိုက်သူ
ဒုံးကျည်
SHARE FROM SHWEMOM
ကင်ဂျုံအန်း ရဲ့ ကိုယ်ပိုင် ဇိမ်ခံပစ္စည်း များ အကြောင်း
မြောက်ကိုရီးယားမှာ နိုင်ငံသားတယောက်ရဲ့ ဝင်ငွေဟာ တနှစ်မှာ ဒေါ်လာ ၁၈၀ သာ ရှိပါတယ်။ မိုဘိုင်းဖုန်း နဲ့ အင်တာနက် သုံးစွဲခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံပါ။ ကင်ဂျုံအန်းတို့ ဆွေစဉ်မျိုးဆက် က ဇိမ်အခံကြီးခံ သုံးဖြုန်းနေထိုင်နေကြပေမယ့် နိုင်ငံသားတွေကတော့ ငတ်မွတ်ခေါင်းပါး ဆင်းရဲတွင်းနက်နေခဲ့ကြပါပြီ။ သူ့ရဲ့ ဇိမ်ခံပစ္စည်းတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
$ သန်း ၂၀ တန် တန်ဖိုးရှိ ကားစုဆောင်းမှု
လူချမ်းသာတွေထုံးစံအတိုင်း ကင်ဂျုံအန်းက ဇိမ်ခံ ကား သိိပ်ကြိုက်ပါတယ်။ သူ့ရဲ့ ကားဂိုဒေါင်တွေထဲမှာ ဒေါ်လာ သန်း၂၀ လောက် တန်ကြေးရှိမယ့် ကားအစီး ၁၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။ သူအကြိုက်ဆုံးကားကတော့ Mercedes-Benz limousine ပါ။ ဒီလိုဇိမ်ခံမှန်လုံကားကြီးပေါ်ကနေဆင်းပြီး ကိုယ့်ကိုကြိုဆိုနေမယ့် ကော်ဇောနီပေါ်လျှောက်ရတာ ဘယ်လောက်အရသာရှိလိုက်မလဲလေ။ သူဝယ်ထားတဲ့ sports car နဲ့ ပြိုင်ကား တော်တော်များများကိုလည်း ကုလသမဂ္ဂကနေ Ban ထားတယ်လို့ သိရပါတယ်။
အိမ်တော် နန်းတော်ကြီးတွေ
မြောက်ကိုရီးယားအနှံ့ အိမ်ကြီးရခိုင် နဲ့ နန်းတော်ကြီး ၁၇ ခုလောက်ပိုင်ဆိုင်ထားပါတယ်။ သူ့နိုင်ငံသားတွေကတော့ လယ်ကွင်းထဲ တဲကလေးတွေနဲ့ နေလို့ပေါ့။ မြောက်ကိုရီးယား ခေါင်းဆောင်အတော်များများ လာရောက်နေထိုင်ကြတဲ့ ဇိမ်ခံ အိမ်တော်ကြီးမှာပဲ ကင်ဂျုံအန်လည်း အများဆုံးအချိန်ဖြုန်းပါတယ်။ The Ryongsong Residence လို့ခေါ်ပါတယ်။ သူ့အိမ်တော်တွေမှာ ကိုယ်ပိုင်သီးသန့်ရုပ်ရှင်ရုံတွေ ရှိပြီး တလုံးကို $64451 တန်တဲ့ စန္ဒရားတွေလည်း ဒါဇင်နဲ့ချီပြီးရှိပါတယ်။
ကိုယ်ပိုင်ကျွန်း
နန်းတော် အိမ်တော်တွေတင် မကသေး။ ကိုယ်ပိုင်ကျွန်း လည်းပိုင်ထားပါတယ်။ Hawaii ကျွန်းလိုမျိုးပါ်ပဲ။ သူ့စိတ်ကြိုက် ဇိမ်ခံ ကျွန်းလေးပေါ့။ သူငယ်ချင်းလိုခင်တဲ့ NBA ကစားသမားဟောင်း Dennis Rodman ကင်ဂျူံအန်းဆီ လာလည်တော့မှပဲ ဒီကျွန်းအကြောင်းကို ကမ်ဘာ က သိကြရတာပါ။ ထန်းပင် ထန်းလက်တွေအနှံ့ရှိမယ်။ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့ အရက်ဘားတွေရှိမယ်။ ပါတီတွေ အမြဲကျင်းပနေကြမယ်။ စိတ်ကူးယဉ်ကြည့်စရာ ကျွန်းလေးပေါ့။
ကိုယ်ပိုင် ဂျက်လေယာဉ်
the Air Force Un or the Soviet Ilyushin IL-62 လို့ ကမ်ဘာ့အကြီးဆုံး ကိုယ်ပိုင်လေယာဉ်ကို ပိုင်ဆိုင်ထားတဲ့ ကင်ဂျူံအန်းပါ။ $ တသိန်းလောက်တန်ကြေးရှိပါလိမ့်မယ်။ သူ့ရဲ ့ ကိုယ်ရံတော် တွေ နဲ့ ဆေံွတော်မျိုးတော်တွေသာ သူနဲ့အတူ စီးခွင့်ရကြပါတယ်။ The Kalma လေဆိပ် ကို $ သန်း ၂၀၀ အကုန်ခံတည်ဆောက်ထားပြီး ရည်ရွယ်ချက်ကတော့ သူ့ရဲ့ ဂျက်လေယာဉ် ဆင်းသက်နိုင်ဖို့ပါ။
ဇိမ်ခံပစ္စည်းတွေ
တနိုင်ငံလုံးက အာဟာရချို့တဲ့ပြီး ဆင်းရဲမွဲတေနေကြပေမယ့် ကင်ဂျုံအန်းရဲ့ တနှစ်တနှစ် ဇိမ်ခံပစ္စည်းတွေ အပေါ် ဖြုန်းငွေက $ 645.8 သန်း ရှိပါတယ်။
ကိုယ်ပိုင်စိတ်ကြိုက် ရွက်လှေသဘောၤ
ပေ ၂၀၀ ကျော်ရှိတဲ့ superyacht ကြီးပါ။ ကိုယ်ပိုင်စိတ်ကြိုက် ဖန်တီးထားတာဖြစ်ပါတယ်။ ဒေါ်လာ ကိုးသန်းလောက်တန်ကြေး ရှိပါတယ်။ Rodman ကိုလည်း အလည်လာတုန်းက စီးနင်းစေခဲ့ဖူးပါတယ်။
Mercedez-Benz Collection
ကင်ဂျုံအန်းက ကားတွေကို သူ့အတွက်တင် ဝယ်တာမဟုတ်ပါဘူး။ သူ့ရဲ့ သစ္စါတော်ခံ အဆင့်မြင့်ထိပ်တန်းအရာရှိတွေ သူ့ဘက်မှာ အမြဲရှိနေဖို့အတွက်လည်း Mercedes-Benz တွေကို ရက်ရက်ရောရော ဝယ်ပေးလေ့ရှိပါတယ်။ 2010 တုန်း ဒီလိုအရာရှိ အယောက် ၁၆၀ အတွက် Mercedes Bemz ကားလက်ဆောင်တွေ ပုံပေးခဲ့ပြီး တန်ဖိုးက $11.7 သန်းရှိပါလိမ့်မယ်။
ကိုယ်ပိုင်ပုံတူရုပ်တုတွေ
သူ့ကိုယ်သူ တခြားနိုင်ငံခေါင်းဆောင်ကောင်းေတွလိုမျိုး ကြေးရုပ်တု ထားသင့်တယ်လို့ ယူဆတဲ့ ကင်ဂျုံအန်း။
တကိုယ်ကောင်းဆန်လှချည်တော့ မတွေးလိုက်ပါနဲ့။ သူ့အဖေ နဲ့ သူ့အဖိုး ဖြစ်သူတေွ အတွက်ပါ သူက ကြေးရုပ်တုတွေ သွန်း ထားပေးပါသေးတယ်။ ရုပ်တုတွေရဲ့ ကုန်ကျစရိတ်က $46 သန်းလောက်ရှိပါတယ်။
ကြင်သူ Ri Sol-Ju အတွက် လက်ဆောင်တွေ
သူမကလည်း အဝတ်အစားတွေ၊ ဖိနပ်တွေ၊ အိတ်တွေဆို Designer Item မျိုးမှ ကြိုက်တတ်တဲ့သူပါ။ နိုင်ငံငွေတွေကို သုံးပြီး မိန်းမဖြစ်သူအတွက် $1457 တန်တဲ့ Christian Dior ကို ဝယ်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်လာခဲ့ပါသေးတယ်။
မြင်းသိပ်ကြိုက်သူ
တိုင်းပြည်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ကင်ဂျုံအန်းက မြင်းတွေအတွက် အသုံးပြုပါတယ်။ The Thoroughbred လို့ ပြိုင်မြင်း အမျိုးအစား တွေပါ။ ရုရှားကနေ ဝယ်ယူခဲ့တာဖြစ်ပြီး $185000 ကုန်ကျခဲ့ပါတယ်။ တိုင်းပြည်က လူတွေ မွတ်သိပ်ငတ်ပြတ်နေတဲ့အချိန်မှာ မြင်းတွေကို အစာဝအောင်ကျွေးနေတဲ့ ကင်ဂျုံအန်း ။
ယစ်ထုပ်ကြီး
ယမကာလည်း သိပ်ကြိုက်သပေါ့။ ဈေးအကြီးဆုံးနဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အရက်တွေချည်း မှီဝဲတာ။ 2016 မှာ အရက်ဖိုးတင်ချည်း $ တသန်းသုံးခဲ့သူပါ။ ညစာစားပွဲတပွဲမှာ ဘော်ဒိုးဝိုင် ဆယ်ပုလင်း ကုန်တဲ့အထိ သောက်နိုင်ပါတယ်။
အမျိုးသမီးအတွင်းခံဖိုး
ကင်ဂျုံအန်းမှာ သူနဲ့ သူ့ရဲဘော်တွေအတွက် လိင်သာယာမှုရအောင် ဖျော်ဖြေပေးမယ့် အမျိုးသမီးလက်ရွေးစင်အဖွဲ့ရှိပါတယ်။ ဒီအဖွဲ့အတွက် အတွင်းခံဖိုးကို $3.8 သန်း အကုန်အကျခံထားတယ်ဆိုတော့ ဒီအဖွဲ့က ကင် အတွက် ဘယ်လောက်တောင် အရေးတကြီးလိုသလဲ စဉ်းစားသာကြည့်ပါလေ။
ချိစ်သိပ်ကြိုက်သူ
ပူဖောင်းကြီးလို ဖောင်းကားနေတဲ့ ဘော်ဒီနဲ့ ပါးစုံ့မို့မို့ တွေရဲ့ တရားခံက သူငယ်ငယ်တည်းက သိပ်စားတဲ့ ချိစ်ကြောင့်ပါပဲ။ ချိစ်တခါဝယ်ရင် $66000 ဖိုး ဖြုန်းပါတယ်။ ဘရာဇီးကော်ဖီကိုလည်း ကြိုက်တတ်ပြီး $ တသိန်းဖိုး ဖြုန်းပစ်သူပါ။
ဒုံးကျည်
သူ အာဏာရလာပြီးကတည်းက တကမ်ဘာလုံးကို ခြိမ်းခြောက်ခဲ့တာ နျူဒုံးလွှတ်မယ် တကဲကဲနဲ့ပါ။ 2017 မှာ နျူကလီးယား စမ်းသပ်မှုကို အကြိမ်ကြိမ် လုပ်ခဲ့ပြီး US နဲ့ ဂျပန်တို့ကို တပ်လှန့်ခဲ့ပါတယ်။ ဒုံးကျည်ပေါ်မှာ ငွေသိပ်ုဖုန်းလွန်းတော့ မြောက်ကိုရီးယားနိုင်ငံလည်ပတ်ဖို့အတွက်တောင် စရိတ်မရှိလောက်တော့ဘူး ယူဆထားကြပါတယ်။
SHARE FROM SHWEMOM
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment