နာမည္ေက်ာ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ သၪၨာႏြယ္ဝင္းတစ္ေယာက္ သူမရဲ႕မိသားစုကို အခ်ိန္အျပည့္အဝေပးေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ပိုင္းမွာ ဝါသနာပါရာအလုပ္ တစ္ခုျဖစ္တဲ့ အႏုပညာအလုပ္ကိုစြန႔္လႊတ္မယ္လို႔ ဆုံးျဖတ္လိုက္တာပဲျဖစ္ပါတယ္။ ခ်စ္စရာ ေကာင္းတဲ့ မင္းသမီးေလးရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ေနာက္ထပ္မျမင္ေတြ႕ရေတာ့တာေၾကာင့္ သူမရဲ႕ပရိတ္သတ္ေတြကေတာ့ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ သို႔ေပမယ့္ သူမရဲ႕႐ုပ္ရွင္ ဇာတ္ကား သုံးကားေလာက္ေတာ့ ႐ုံတင္ျပသဖို႔ရွိေနေသးတယ္လို႔ဆိုပါတယ္။
အိမ္ေထာင္ျပဳၿပီးတစ္လေလာက္အၾကာမွာပဲ ကေလးတန္းရသြားတာေၾကာင့္ အႏုပညာ အလုပ္ကို ရပ္နားခဲ့ရၿပီး ကေလးေမြးၿပီးတဲ့အခ်ိန္ထိ ကေလးကိုဂ႐ုတစိုက္ေနလာခဲ့ရတယ္လု႔ိ ဆိုပါတယ္။ ကေလးေမြးစဥ္ကာလမွာလည္း ပုတ္ခတ္ေျပာဆိုမႈေတြရွိတာေၾကာင့္ သူမ အေနနဲ႕ စိတ္မေကာင္းျဖစ္ရ တယ္လို႔ဆိုပါတယ္။ သားျဖစ္သူဟာ သူမရဲ႕ခင္ပြန္းနဲ႕ ႐ုပ္ခ်င္းဆင္ တူတယ္လို႔လည္းဆိုပါတယ္။ အႏုပညာလုပ္ငန္းဆိုတာ အၿမဲတမ္းပရိတ္သတ္ေတြနဲ႕ ထိေတြ႕ ေနမွအဆင္ေျပတာျဖစ္ၿပီး သူမရဲ႕မိသားစုကို အခ်ိန္မေပးနိုင္မွာ ဆိုးတာေၾကာင့္ ရပ္နား လိုက္တယ္လို႔ဆိုပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက သူမတို႔မဂၤလာႏွစ္ပတ္လည္ေန႕ရက္ေလးမွာ သူမရဲ႕ခင္ပြန္းျဖစ္သူက ပန္းစည္းေလးလက္ေဆာင္ေပးခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ေနတဲ့ သူမရဲ႕ခ်စ္စဖြယ္ပုံရိပ္ေလးကို တင္ခဲ့ပါေသးတယ္။ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးကိုတည္ေဆာက္ထားၿပီး ခ်စ္စဖြယ္သားငယ္ေလးတစ္ဦးကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ သူမက မိသားစုအတြက္ သူမရဲ႕ဘဝတစ္သက္တာအခ်ိန္ေတြအားလုံးကို ေပးဆပ္လိုက္တာျဖစ္ပါတယ္။ ၾကည္ႏူးစရာ ေကာင္းတဲ့ မိခင္တစ္ေယာက္ရဲ႕ေမတၱာကို ပရိတ္သတ္ႀကီးသိေအာင္ ျပန္လည္ေဝမွ်ေပး လိုက္ပါတယ္ေနာ္။
Source - Myanmr Celebrity
အနုပညာလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်း
နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းတစ်ယောက် သူမရဲ့မိသားစုကို အချိန်အပြည့်အဝပေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းမှာ ဝါသနာပါရာအလုပ် တစ်ခုဖြစ်တဲ့ အနုပညာအလုပ်ကိုစွန့်လွှတ်မယ်လို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ မင်းသမီးလေးရဲ့ သရုပ်ဆောင်မှုတွေကို နောက်ထပ်မမြင်တွေ့ရတော့တာကြောင့် သူမရဲ့ပရိတ်သတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ သို့ပေမယ့် သူမရဲ့ရုပ်ရှင် ဇာတ်ကား သုံးကားလောက်တော့ ရုံတင်ပြသဖို့ရှိနေသေးတယ်လို့ဆိုပါတယ်။
အိမ်ထောင်ပြုပြီးတစ်လလောက်အကြာမှာပဲ ကလေးတန်းရသွားတာကြောင့် အနုပညာ အလုပ်ကို ရပ်နားခဲ့ရပြီး ကလေးမွေးပြီးတဲ့အချိန်ထိ ကလေးကိုဂရုတစိုက်နေလာခဲ့ရတယ်လု့ိ ဆိုပါတယ်။ ကလေးမွေးစဉ်ကာလမှာလည်း ပုတ်ခတ်ပြောဆိုမှုတွေရှိတာကြောင့် သူမ အနေနဲ့ စိတ်မကောင်းဖြစ်ရ တယ်လို့ဆိုပါတယ်။ သားဖြစ်သူဟာ သူမရဲ့ခင်ပွန်းနဲ့ ရုပ်ချင်းဆင် တူတယ်လို့လည်းဆိုပါတယ်။ အနုပညာလုပ်ငန်းဆိုတာ အမြဲတမ်းပရိတ်သတ်တွေနဲ့ ထိတွေ့ နေမှအဆင်ပြေတာဖြစ်ပြီး သူမရဲ့မိသားစုကို အချိန်မပေးနိုင်မှာ ဆိုးတာကြောင့် ရပ်နား လိုက်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သူမတို့မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးမှာ သူမရဲ့ခင်ပွန်းဖြစ်သူက ပန်းစည်းလေးလက်ဆောင်ပေးခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးကို တင်ခဲ့ပါသေးတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သားငယ်လေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူမက မိသားစုအတွက် သူမရဲ့ဘဝတစ်သက်တာအချိန်တွေအားလုံးကို ပေးဆပ်လိုက်တာဖြစ်ပါတယ်။ ကြည်နူးစရာ ကောင်းတဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာကို ပရိတ်သတ်ကြီးသိအောင် ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော်။
Source - Myanmr Celebrity
အႏုပညာလုပ္ငန္းေတြ ရပ္နားလိုက္ၿပီျဖစ္တဲ့ သၪၨာႏြယ္ဝင္း
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment