ေျခေထာက္ျဖတ္မယ့္အစား ရွည္လာေအာင္ ဆြဲဆန္႔ခြဲစိတ္ရမယ့္ (၆)ႏွစ္သမီးေလး



ေျခေထာက္ႏွစ္ေခ်ာင္း အတိုအရွည္မညီတဲ့ ေက်ာင္းသူေလးတစ္ဦးဟာ ေျခေထာက္ျဖတ္ပစ္ရေတာ့မယ့္ အေျခအေနကို ကာကြယ္ႏုိင္ဖို႔ မိဘျဖစ္သူေတြက အလွဴေငြေတြရွာျပီး ခြဲစိတ္မွဳျပဳလုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။

ရွားပါးေရာဂါတစ္မ်ိဳးနဲ႔ ေမြးလာခဲ့တဲ့ ျဗိတိန္ႏုိင္ငံသူေလး Kyra Warrell ဟာ အရြယ္ေရာက္လာတာနဲ႔ ဘယ္ဘက္ေျခေထာက္က ညာဘက္ထက္ (၈)လက္မ ပိုတိုသြားမယ့္ အေျခအေနေၾကာင့္ ေျခေထာက္ကို ျဖတ္ပစ္ျပီး ေျခတုတပ္ဖို႔ ေရြးခ်ယ္စရာသာ ရိွခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ႏုိင္ငံက ခြဲစိတ္ဆရာဝန္တစ္ဦးနဲ႔ ေဆြးေႏြးျပီးေနာက္မွာေတာ့ ေျခေထာက္ကို ပိုရွည္လာေအာင္လုပ္ဖို႔ ခြဲစိတ္ႏုိင္တဲ့ နည္းလမ္းရိွေၾကာင္း သိခဲ့ၾကပါတယ္။

မိဘျဖစ္သူေတြက Kyra ရဲ႕ ခြဲစိတ္စရိတ္အတြက္ ႏွစ္လအတြင္း စတာလင္ေပါင္ (၅)ေသာင္း အလွဴေငြ ရွာႏုိင္ခဲ့ပါတယ္။ အလွဴေငြကို အျမန္ရွာခဲ့ရတာျဖစ္ျပီး ခြဲစိတ္မွဳပိုေနာက္က်သြားပါက ကုန္က်စရိတ္ ေပါင္(၄)ေသာင္း ထပ္ကုန္မွာျဖစ္ပါတယ္။ ပထမခြဲစိတ္မွဳမွာ တင္ပါးဆံု႐ိုး၊ တင္ပါးနဲ႔ ေျခက်င္းဝတ္တို႔ကို ခြဲစိတ္မွာျဖစ္ျပီး သူမရဲ႕ ေျခေထာက္ကို မီလီမီတာ အနည္းငယ္ဆီ ဆန္႔ထုတ္ေစမွာ ျဖစ္ပါတယ္။







ပထမ ခြဲစိတ္မွဳမွာတင္ ေပါင္ (၉)ေသာင္းခြဲ ကုန္က်မွာျဖစ္ျပီး (၁၀)ႏွစ္အတြင္း ခြဲစိတ္မွဳေပါင္း (၄)ႀကိမ္ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ကေလးငယ္ကုိ ခြဲစိတ္မွဳျပဳလုပ္ေပးမယ့္ ေဒါက္တာကေတာ့ ေျခေထာက္ရွည္ဆန္႔ေစတဲ့ ခြဲစိတ္မွဳေပါင္း (၂)ေသာင္းေက်ာ္ ျပဳလုပ္ခဲ့တဲ့ အစၥေရးဆရာဝန္ ေဒါက္တာ Dror Paley ျဖစ္ပါတယ္။ လာမယ့္ေႏြရာသီမွာ Kyra ဟာ ဖေလာ္ရီဒါမွာရိွတဲ့  ေဒါက္တာ Dror Paley ေဆး႐ံုကို သြားေရာက္ေတာ့မွာျဖစ္ပါတယ္။

ေဒါက္တာ Paley တီထြင္ခဲ့တဲ့ နည္းလမ္းက ေျခေထာက္ထဲကို အေဝးထိန္းႏုိင္တဲ့ သံေခ်ာင္းထည့္မွာျဖစ္ျပီး အေဝးထိန္းကိရိယာနဲ႔ ေျခေထာက္ထဲက သံလိုက္ေခ်ာင္းကို ထိန္းျပီး ရွည္လာေအာင္ ဆြဲဆန္႔မွာျဖစ္ပါတယ္။ Kyra ဟာ ကေလးအေယာက္ (၅)ေသာင္းမွာ တစ္ေယာက္ေတာင္ ျဖစ္ဖို႔မေသခ်ာတဲ့ ေပါင္႐ုိးဆံုခ်က္ခ်ိဳ႕ယြင္းတဲ့ PFFD ဆိုတဲ့ ေရာဂါကို ခံစားရတာျဖစ္ပါတယ္။







ေရာဂါေၾကာင့္ သူမဟာ ပံုစံမက်တဲ့တင္ပါး၊ ဘယ္ဘက္ေပါင္ တိုေနျခင္း၊ ဒူးေခါင္းနဲ႔ ေျခက်င္းဝတ္တို႔ မျငိမ္ျခင္းတို႔ကို ခံစားေနရပါတယ္။ လမ္းေလွ်ာက္ႏုိင္ေအာင္ ပိုတိုေနတဲ့ေျခေထာက္မွာ ေျခတုတပ္ျပီး လမ္းေလွ်ာက္ရျခင္းကလည္း သူမကို နာက်င္မွဳေတြ ျဖစ္ေစပါတယ္။

(၃၉)ႏွစ္အရြယ္ မိခင္ျဖစ္သူ Rima က ေျခေထာက္ျဖတ္ရျခင္းနဲ႔ ေျခေထာက္ဆြဲဆန္႔ျခငး္တို႔မွာ ဆြဲဆန္႔ျခင္းကို ေရြးခဲ့တာဟာ ဆံုးျဖတ္ခ်က္ေကာင္းတစ္ခုျဖစ္ဖို႔ ေမွ်ာ္လင့္ျပီး ခြဲစိတ္မွဳစရိတ္္ေတြအတြက္ အိမ္ပါေရာင္းရႏုိင္ေခ်ရိွေၾကာင္း ေျပာခဲ့ပါတယ္။ Kyra ကို Bristol ကေလးေဆး႐ံုမွာ ကုသေနခဲ့ေပမယ့္ ယူေကႏုိင္ငံက်န္းမာေရးဝန္ေဆာင္မွဳက နည္းပညာခ်ိဳ႕ယြင္းခ်က္ေတြရိွတာေၾကာင့္ အခုလို တိုင္းတစ္ပါးမွာကုသဖို႔ စီစဥ္ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

SHARE FROM White (Shwemom)

ခြေထောက်ဖြတ်မယ့်အစား ရှည်လာအောင် ဆွဲဆန့်ခွဲစိတ်ရမယ့် (၆)နှစ်သမီးလေး

ခြေထောက်နှစ်ချောင်း အတိုအရှည်မညီတဲ့ ကျောင်းသူလေးတစ်ဦးဟာ ခြေထောက်ဖြတ်ပစ်ရတော့မယ့် အခြေအနေကို ကာကွယ်နိုင်ဖို့ မိဘဖြစ်သူတွေက အလှူငွေတွေရှာပြီး ခွဲစိတ်မှုပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

ရှားပါးရောဂါတစ်မျိုးနဲ့ မွေးလာခဲ့တဲ့ ဗြိတိန်နိုင်ငံသူလေး Kyra Warrell ဟာ အရွယ်ရောက်လာတာနဲ့ ဘယ်ဘက်ခြေထောက်က ညာဘက်ထက် (၈)လက်မ ပိုတိုသွားမယ့် အခြေအနေကြောင့် ခြေထောက်ကို ဖြတ်ပစ်ပြီး ခြေတုတပ်ဖို့ ရွေးချယ်စရာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးပြီးနောက်မှာတော့ ခြေထောက်ကို ပိုရှည်လာအောင်လုပ်ဖို့ ခွဲစိတ်နိုင်တဲ့ နည်းလမ်းရှိကြောင်း သိခဲ့ကြပါတယ်။

မိဘဖြစ်သူတွေက Kyra ရဲ့ ခွဲစိတ်စရိတ်အတွက် နှစ်လအတွင်း စတာလင်ပေါင် (၅)သောင်း အလှူငွေ ရှာနိုင်ခဲ့ပါတယ်။ အလှူငွေကို အမြန်ရှာခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုပိုနောက်ကျသွားပါက ကုန်ကျစရိတ် ပေါင်(၄)သောင်း ထပ်ကုန်မှာဖြစ်ပါတယ်။ ပထမခွဲစိတ်မှုမှာ တင်ပါးဆုံရိုး၊ တင်ပါးနဲ့ ခြေကျင်းဝတ်တို့ကို ခွဲစိတ်မှာဖြစ်ပြီး သူမရဲ့ ခြေထောက်ကို မီလီမီတာ အနည်းငယ်ဆီ ဆန့်ထုတ်စေမှာ ဖြစ်ပါတယ်။

ပထမ ခွဲစိတ်မှုမှာတင် ပေါင် (၉)သောင်းခွဲ ကုန်ကျမှာဖြစ်ပြီး (၁၀)နှစ်အတွင်း ခွဲစိတ်မှုပေါင်း (၄)ကြိမ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကလေးငယ်ကို ခွဲစိတ်မှုပြုလုပ်ပေးမယ့် ဒေါက်တာကတော့ ခြေထောက်ရှည်ဆန့်စေတဲ့ ခွဲစိတ်မှုပေါင်း (၂)သောင်းကျော် ပြုလုပ်ခဲ့တဲ့ အစ္စရေးဆရာဝန် ဒေါက်တာ Dror Paley ဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ Kyra ဟာ ဖလော်ရီဒါမှာရှိတဲ့ ဒေါက်တာ Dror Paley ဆေးရုံကို သွားရောက်တော့မှာ ဖြစ်ပါတယ်။

ဒေါက်တာ Paley တီထွင်ခဲ့တဲ့ နည်းလမ်းက ခြေထောက်ထဲကို အဝေးထိန်းနိုင်တဲ့ သံချောင်းထည့်မှာဖြစ်ပြီး အဝေးထိန်းကိရိယာနဲ့ ခြေထောက်ထဲက သံလိုက်ချောင်းကို ထိန်းပြီး ရှည်လာအောင် ဆွဲဆန့်မှာဖြစ်ပါတယ်။ Kyra ဟာ ကလေးအယောက် (၅)သောင်းမှာ တစ်ယောက်တောင် ဖြစ်ဖို့မသေချာတဲ့ ပေါင်ရိုးဆုံချက်ချို့ယွင်းတဲ့ PFFD ဆိုတဲ့ ရောဂါကို ခံစားရတာဖြစ်ပါတယ်။

ရောဂါကြောင့် သူမဟာ ပုံစံမကျတဲ့တင်ပါး၊ ဘယ်ဘက်ပေါင် တိုနေခြင်း၊ ဒူးခေါင်းနဲ့ ခြေကျင်းဝတ်တို့ မငြိမ်ခြင်းတို့ကို ခံစားနေရပါတယ်။ လမ်းလျှောက်နိုင်အောင် ပိုတိုနေတဲ့ခြေထောက်မှာ ခြေတုတပ်ပြီး လမ်းလျှောက်ရခြင်းကလည်း သူမကို နာကျင်မှုတွေ ဖြစ်စေပါတယ်။

(၃၉)နှစ်အရွယ် မိခင်ဖြစ်သူ Rima က ခြေထောက်ဖြတ်ရခြင်းနဲ့ ခြေထောက်ဆွဲဆန့်ခြငး်တို့မှာ ဆွဲဆန့်ခြင်းကို ရွေးခဲ့တာဟာ ဆုံးဖြတ်ချက်ကောင်းတစ်ခုဖြစ်ဖို့ မျှော်လင့်ပြီး ခွဲစိတ်မှုစရိတ််တွေအတွက် အိမ်ပါရောင်းရနိုင်ချေရှိကြောင်း ပြောခဲ့ပါတယ်။ Kyra ကို Bristol ကလေးဆေးရုံမှာ ကုသနေခဲ့ပေမယ့် ယူကေနိုင်ငံကျန်းမာရေးဝန်ဆောင်မှုက နည်းပညာချို့ယွင်းချက်တွေရှိတာကြောင့် အခုလို တိုင်းတစ်ပါးမှာကုသဖို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

SHARE FROM White (Shwemom)
ေျခေထာက္ျဖတ္မယ့္အစား ရွည္လာေအာင္ ဆြဲဆန္႔ခြဲစိတ္ရမယ့္ (၆)ႏွစ္သမီးေလး ေျခေထာက္ျဖတ္မယ့္အစား ရွည္လာေအာင္ ဆြဲဆန္႔ခြဲစိတ္ရမယ့္ (၆)ႏွစ္သမီးေလး


Reviewed by Unknown on February 05, 2018 Rating: 5

No comments:

Powered by Blogger.