သူမရဲ့ အွန်လိုင်းသုတေသနများအရ သားဖြစ်သူရဲ့ဝေဒနာကိုသက်သာစေရန်မှာ ဆေးခြောက်မှတစ်ပါး အခြားပိုမိုသင့်လျော်တာမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
ကင်ဆာဖြစ်နေပေမဲ့ ဆေးခြောက်ကြောင့် သေဘေးမှ လွတ်မြောက်လာသူ
လူငယ်လေးအတွက်တော့ ဘုရားကပေးတဲ့ ဆုလဒ်တစ်ခုပါပဲ။ဆေးခြောက်ဟာ သူ့အတွက်တော့ ကျန်းမားရေးကို ပြန်လည်ကောင်းမွန်စေနိုင်မယ့် တစ်ခုတည်းသော အရာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ဗစ်တိုးရီးယန်း သူနာပြုတစ်ယောက်ဖြစ်တဲ့ Callie Blackwell ရဲ့သားဖြစ်သူမှာ သွေးကင်ဆာဝေဒနာကို အပြင်းအထန်ခံစားနေရပါတယ်။
သွေးကင်ဆာဝေဒနာကို ခံစားခဲ့ရတဲ့အတွက် ရိုးတွင်းချဉ်ဆီအစားထိုးကုသမှုအကြိမ်ကြိမ်ပြုလုပ်နေရပြီး ပထမဆုံး ၃ ကြိမ်မှာ မအောင်မြင်ခဲ့သလို ၄ ကြိမ်မြောက်ကုသမှုမှာလည်း အောင်မြင်ရန် မျှော်လင့်ချက်နည်းပါးခဲ့ပါတယ်။
သူမရဲ့ အွန်လို်င်းသုတေသနများအရ သားဖြစ်သူရဲ့ဝေဒနာကိုသက်သာစေရန်မှာ ဆေးခြောက်မှတစ်ပါး အခြားပိုမိုသင့်လျော်တာမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
အင်္ဂလန်မှာဆေးခြောက်ပိုင်ဆိုင်လျှင်ထောင် ၅ နှစ်နှင့် အခြားသူအားဆေးခြောက်ထောက်ပံ့လျှင်ထောင် ၁၄ နှစ်အထိကျခံရနိုင်ပါတယ်။
ဒါပေမယ့် Class B ဆေးဝါးဖြစ်တဲ့ဆေးခြောက်ကို သားဖြစ်သူကို တရားမဝင်ရယူ တိုက်ကျွေးပြီး ၅ ရက်အကြာမှာ ရိုးတွင်းချဉ်ဆီမှ သွေးဆဲလ်များကို ပြန်လည်ထုတ်လုပ်ပေးလာတာကို ၀မ်းမြောက်ဖွယ်တွေ့ခဲ့ရပါတယ်။
ယခင်ရိုးတွင်းချဉ်ဆီအစားထိုးမှုပြုလုပ်စဉ်က ရက် ၅၀ မှ ရ၅ ရက်ရှိသည့်တိုင်သက်ရောက်မှုမရှိခဲ့တာကြောင့် သူမအနေနဲ့ ရလဒ်အပေါ်အားတက်လာပြီး ဂရုတစိုက်ဆေးခြောက်အသုံးပြုကုသခဲ့ရာမှာသားဖြစ်သူက အောက်တိုဘာ ၂၀၁၄ မှာ ပြန်လည်ကျန်းမာလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ သူမနဲ့ သားဖြစ်သူတို့က ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ရရေး လှုပ်ရှားမှုများမှာ တက်တက်ကြွကြွပါ၀င်လျက်ရှိပါတယ်။
source - Opinion Leaders Media
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment