မယ္လိုဒီ အဓိပၸာယ္ဖြင့္လိုက္တဲ့ အိမ္ေထာင္ဦးစီးဆိုတဲ့ ေဝါဟာရ



မယ္လိုဒီကေတာ့ အႏုပညာေလာကမွာ ထိပ္တန္းမင္းသမီးစာရင္းဝင္သလို အိမ္ေထာင္ေရးနဲ႕ပတ္သက္ရင္လည္း မိန္းကေလးတိုင္းအားက်ရေလာက္ေအာင္ ကံေကာင္းသူေလးျဖစ္ပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္အကယ္ဒမီ မယ္လိုဒီတစ္ေယာက္ ေဖေဖာ္ဝါရီလ(၄)ရက္ေန႕က ပြဲတစ္ခုကို သူမရဲ႕ ခင္ပြန္းသည္နဲ႕အတူ ေနမေကာင္းတဲ့ၾကားက တက္ေရာက္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ေနမေကာင္းျဖစ္ေနတဲ့ သူမအတြက္ေတာ့ ခင္ပြန္းျဖစ္သူနဲ႕ ပြဲတက္ခဲ့စဥ္မွာ အိမ္ေထာင္ဦးစီးရဲ႕ အားကိုးရပုံအေၾကာင္း အခုလို အဓိပၸာယ္ဖြင့္လာပါတယ္။

"ေနမေကာင္းေတာ့ အိမ္ေထာင္ဦးစီးကပိုအားကိုးရတယ္ေလ

လက္ကေလးခ်ိတ္ထားေတာ့ ေခးေမ ေနမေကာင္းျဖစ္ၿပီးမူးေနတာ မသိသာဘူး

ခ်စ္ၾကတဲ့သူေတြေတာ့ သိၾကတယ္ မလန္းဘူးတဲ့ ေခးေမကို ေမတၱာပို႔ဆုေတာင္းေပးၾကပါေနာ္

အားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ ေကာင္းက်ိဳးလိုရာဆႏၵ ျပည့္စုံ ၾကပါေစရွင္" ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ရဲ႕ ေမေမ မယ္လိုဒီကေတာ့ ပြဲတက္ဝတ္စုံအျဖဴေရာင္ေလးေၾကာင့္ လွပေက်ာ့ရွင္းေနၿပီး ျမင္သူတကာေငးေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနပါတယ္။









လိုက္ဖက္ညီတဲ့ လက္တြဲေဖာ္ေကာင္းကို ပိုင္ဆိုင္ထားရတဲ့သူမဟာ သာယာေပ်ာ္႐ႊင္ဖြယ္မိသားစုဘဝေလးျဖတ္သန္းေနတာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြဆက္တိုက္ျပန္လုပ္ေနရတဲ့ သူမကေတာ့ အပ်ိဳေလးေတြရႈံးေအာင္ ႏုပ်ိဳလွပေနဆဲပါပဲ။

ေရွ႕သြားေနာက္လိုက္ညီတဲ့ မယ္လိုဒီတို႔ ဇနီးေမာင္ႏွံ ကို အားက်ေနသူေတြရွိလား။ 

Source : Actress Melodd

မယ်လိုဒီ အဓိပ္ပာယ်ဖွင့်လိုက်တဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ဝေါဟာရ

မယ်လိုဒီကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသမီးစာရင်းဝင်သလို အိမ်ထောင်ရေးနဲ့ပတ်သက်ရင်လည်း မိန်းကလေးတိုင်းအားကျရလောက်အောင် ကံကောင်းသူလေးဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီတစ်ယောက် ဖေဖော်ဝါရီလ(၄)ရက်နေ့က ပွဲတစ်ခုကို သူမရဲ့ ခင်ပွန်းသည်နဲ့အတူ နေမကောင်းတဲ့ကြားက တက်ရောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။နေမကောင်းဖြစ်နေတဲ့ သူမအတွက်တော့ ခင်ပွန်းဖြစ်သူနဲ့ ပွဲတက်ခဲ့စဉ်မှာ အိမ်ထောင်ဦးစီးရဲ့ အားကိုးရပုံအကြောင်း အခုလို အဓိပ္ပာယ်ဖွင့်လာပါတယ်။

"နေမကောင်းတော့ အိမ်ထောင်ဦးစီးကပိုအားကိုးရတယ်လေ

လက်ကလေးချိတ်ထားတော့ ခေးမေ နေမကောင်းဖြစ်ပြီးမူးနေတာ မသိသာဘူး

ချစ်ကြတဲ့သူတွေတော့ သိကြတယ် မလန်းဘူးတဲ့ ခေးမေကို မေတ္တာပို့ဆုတောင်းပေးကြပါနော်

အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်" ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရဲ့ မေမေ မယ်လိုဒီကတော့ ပွဲတက်ဝတ်စုံအဖြူရောင်လေးကြောင့် လှပကျော့ရှင်းနေပြီး မြင်သူတကာငေးလောက်အောင် ဆွဲဆောင်မှုရှိနေပါတယ်။

လိုက်ဖက်ညီတဲ့ လက်တွဲဖော်ကောင်းကို ပိုင်ဆိုင်ထားရတဲ့သူမဟာ သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးဖြတ်သန်းနေတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေဆက်တိုက်ပြန်လုပ်နေရတဲ့ သူမကတော့ အပျိုလေးတွေရှုံးအောင် နုပျိုလှပနေဆဲပါပဲ။

ရှေ့သွားနောက်လိုက်ညီတဲ့ မယ်လိုဒီတို့ ဇနီးမောင်နှံ ကို အားကျနေသူတွေရှိလား။ 

Source : Actress Melodd
မယ္လိုဒီ အဓိပၸာယ္ဖြင့္လိုက္တဲ့ အိမ္ေထာင္ဦးစီးဆိုတဲ့ ေဝါဟာရ မယ္လိုဒီ အဓိပၸာယ္ဖြင့္လိုက္တဲ့ အိမ္ေထာင္ဦးစီးဆိုတဲ့ ေဝါဟာရ Reviewed by Unknown on February 05, 2018 Rating: 5

No comments:

Powered by Blogger.