ေဆာင္းေဟကိုကေတာ့ အြန္ေစာဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကို ၀င္ေရာက္လာခဲ့သူပါ။ အဲ့ဒီ တုန္းက ဆုိရင္ သူမပါ၀င္ထားတဲ့ Autumn in My Heart (ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ” )ဆိုတဲ့ ဇာတ္ကားဟာ ျမန္မာပရိသတ္ေတြ အရမ္းႀကိဳက္ႏွစ္သက္ အားေပးခဲ့တာပါ။
အဲဒီေနာက္ပိုင္း Full House (ခ်စ္စံအိမ္) ဇာတ္ကားမွာ Rain နဲ႔ တြဲဖက္သရုပ္ေဆာင္ေတာ့လည္း အရင္အြန္ေစာပံုစံနဲ႔ မတူေတာ႔ပဲ လံုး၀ကြဲထြက္ေနတဲ့ ဇာတ္ေကာင္စရိုက္န႔ဲ သရုပ္ေဆာင္ၿပီး ပရိသတ္အားေပးမႈ ရခဲ့ျပန္ပါတယ္။
အခုေနာက္ဆံုး သူမရိုက္ကူးခဲ့တဲ့ ဒရမ္မာဇာတ္ကားကေတာ႔ Descendants of the Sun ပါ။ ဒီကားမွာေတာ႔ မိန္း ကေလး ပရိသတ္ေတြရဲ႕ အသည္းတျခမ္းျဖစ္တဲ့ ေဆာင္ဂၽြန္ကီနဲ႔အတူ တြဲသရုပ္ေဆာင္ခဲ့ပါတယ္။ မိန္းကေလး Fan အမ်ားစုက သူတုိ႔ခ်စ္တဲ့ မင္းသား အိမ္ေထာင္ျပဳတာ၊ ခ်စ္သူထားတာကို သိပ္မႀကိဳက္ၾကေပမယ့္ ေဆာင္းေဟကိုနဲ႔ ေဆာင္ ဂၽြန္ကီကိုေတာ့ ပရိသတ္ေတြက တစ္စိတ္တည္းတစ္၀မ္းတည္း သေဘာတူခဲ့ၾကပါတယ္။
(၂၀၁၇)ခုႏွစ္ ေအာက္တိုဘာ (၃၁)ရက္ေန႔မွာ လက္ထပ္ခဲ့ပါတယ္။ ေဆာင္းေဟကိုကေတာ႔ သူမရဲ႕ Single၊ အပ်ိဳႀကီးဘ၀ထက္ အိမ္ေထာင္သည္ဘ၀မွာ ပိုေပ်ာ္ေနပံုရပါတယ္။
ပံုတင္ေလ့မရွိတဲ့ သူမရဲ႕ IG မွာ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းကစၿပီး ပံုတင္တာေတြ ပိုစိတ္လာၿပီး၊ ေပ်ာ္စရာ ပံုေလးေတြ မၾကာခဏ တင္လာတာကို ေတြ႔ရပါတယ္။ ဇန္န၀ါရီ (၄)ရက္ေန႔က သူမရဲ႕ IG မွာပံု အသစ္တင္ထားပါတယ္။ ပံုထဲမွာေတာ႔ ဆြယ္တာ၀တ္ထားၿပီး ထိုင္ခံုေပၚမွာ ေပါ့ေပါ့ပါးပါး သက္ေသာင့္သက္သာ ထုိင္ေနတဲ့ ေဆာင္းေဟကိုကို ေတြ႔ရမွာပါ။မိတ္ကပ္အမ်ားႀကီး လိမ္းမထားပဲ Natural ပံုေလးကို ေတြ႔ရမွာပါ။
သူမရဲ႕ ပရိသတ္ေတြကေတာ႔ ဒီပံုေလးရယ္၊ အိမ္ေထာင္က်ၿပီးေနာက္ပို္င္းပြဲေတြမွာ ေတြ႔ရတဲ့ သူမရဲ႕ ပံုေတြကိုၾကည့္ၿပီး ေဆာင္းေဟကိုတစ္ေယာက္ အိမ္ေထာင္သည္ဘ၀မွာ အရမ္းေပ်ာ္ေနပံုရတယ္ဆုိၿပီး ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ သူတုိ႔ စံုတြဲဟာ ပဲရစ္မွာက်င္းပတဲ့ Dior Spring/Summer 2018 Show ပြဲကိုလည္း ဇန္န၀ါရီ (၂၂) ရက္ေန႔က အတူ သြားေရာက္ခဲ့ပါေသးတယ္။
SHARE FROM SHWEMOM
အိမ်ထောင်သည်ဘ၀မှာ အပျော်ကြီးပျော်နေတဲ့ ဆောင်းဟေကို
ဆောင်းဟေကိုကတော့ အွန်စောဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ၀င်ရောက်လာခဲ့သူပါ။ အဲ့ဒီ တုန်းက ဆိုရင် သူမပါ၀င်ထားတဲ့ Autumn in My Heart (“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” )ဆိုတဲ့ ဇာတ်ကားဟာ မြန်မာပရိသတ်တွေ အရမ်းကြိုက်နှစ်သက် အားပေးခဲ့တာပါ။
အဲဒီနောက်ပိုင်း Full House (ချစ်စံအိမ်) ဇာတ်ကားမှာ Rain နဲ့ တွဲဖက်သရုပ်ဆောင်တော့လည်း အရင်အွန်စောပုံစံနဲ့ မတူတော့ပဲ လုံး၀ကွဲထွက်နေတဲ့ ဇာတ်ကောင်စရိုက်န့ဲ သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှု ရခဲ့ပြန်ပါတယ်။
အခုနောက်ဆုံး သူမရိုက်ကူးခဲ့တဲ့ ဒရမ်မာဇာတ်ကားကတော့ Descendants of the Sun ပါ။ ဒီကားမှာတော့ မိန်း ကလေး ပရိသတ်တွေရဲ့ အသည်းတခြမ်းဖြစ်တဲ့ ဆောင်ဂျွန်ကီနဲ့အတူ တွဲသရုပ်ဆောင်ခဲ့ပါတယ်။ မိန်းကလေး Fan အများစုက သူတို့ချစ်တဲ့ မင်းသား အိမ်ထောင်ပြုတာ၊ ချစ်သူထားတာကို သိပ်မကြိုက်ကြပေမယ့် ဆောင်းဟေကိုနဲ့ ဆောင် ဂျွန်ကီကိုတော့ ပရိသတ်တွေက တစ်စိတ်တည်းတစ်၀မ်းတည်း သဘောတူခဲ့ကြပါတယ်။
(၂၀၁၇)ခုနှစ် အောက်တိုဘာ (၃၁)ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ဆောင်းဟေကိုကတော့ သူမရဲ့ Single၊ အပျိုကြီးဘ၀ထက် အိမ်ထောင်သည်ဘ၀မှာ ပိုပျော်နေပုံရပါတယ်။
ပုံတင်လေ့မရှိတဲ့ သူမရဲ့ IG မှာ အိမ်ထောင်ကျပြီးနောက်ပိုင်းကစပြီး ပုံတင်တာတွေ ပိုစိတ်လာပြီး၊ ပျော်စရာ ပုံလေးတွေ မကြာခဏ တင်လာတာကို တွေ့ရပါတယ်။ ဇန်နဝါရီ (၄)ရက်နေ့က သူမရဲ့ IG မှာပုံ အသစ်တင်ထားပါတယ်။ ပုံထဲမှာတော့ ဆွယ်တာ၀တ်ထားပြီး ထိုင်ခုံပေါ်မှာ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာ ထိုင်နေတဲ့ ဆောင်းဟေကိုကို တွေ့ရမှာပါ။မိတ်ကပ်အများကြီး လိမ်းမထားပဲ Natural ပုံလေးကို တွေ့ရမှာပါ။
သူမရဲ့ ပရိသတ်တွေကတော့ ဒီပုံလေးရယ်၊ အိမ်ထောင်ကျပြီးနောက်ပို်င်းပွဲတွေမှာ တွေ့ရတဲ့ သူမရဲ့ ပုံတွေကိုကြည့်ပြီး ဆောင်းဟေကိုတစ်ယောက် အိမ်ထောင်သည်ဘ၀မှာ အရမ်းပျော်နေပုံရတယ်ဆိုပြီး ကောက်ချက်ချခဲ့ကြပါတယ်။ သူတို့ စုံတွဲဟာ ပဲရစ်မှာကျင်းပတဲ့ Dior Spring/Summer 2018 Show ပွဲကိုလည်း ဇန်နဝါရီ (၂၂) ရက်နေ့က အတူ သွားရောက်ခဲ့ပါသေးတယ်။
SHARE FROM SHWEMOM
အိမ္ေထာင္သည္ဘ၀မွာ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ေဆာင္းေဟကို
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment