မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်တွင် Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းထိုးကြိတ်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၃)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၅ ရက်နေ့ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လမ်းဆုံတွင် 9G/—-Suzuki Carry အဖြူရောင်ယာဉ် မောင်းအား အုပ်စုဖွဲ့မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည့်သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၃)နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းရပ်ကွက်နေ ဦး——သည် ဇနီးဖြစ်သူနှင့်အတူ ၎င်းပိုင်သည် 9G/—— Suzuki Carry အဖြူရောင်ယာဉ်အား ကုန်ပစ္စည်းများတင်ဆောင်၍ သိမ်ကြီးဈေးမှ ဈေးဝယ်ပြီးပြန်လာရာထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်တွင် ကားလမ်းများပိတ်၍ ကားအားရပ်နေစဉ် ၎င်းကားအနီး ဆိုင်ကယ်(၃)စီးမှာလည်း ရပ်စောင့်နေသည်ကိုတွေ့ခဲ့ရကြောင်း ၊
ထိုအချိန်ကားတစ်စီးမှ ကျော်တက်သွားသဖြင့် ၎င်းလည်းကားအား မောင်းနှင်ပြီး ဘရိတ်အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်းမောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့ကြောင်း ၎င်းမှကားအားဆက်မောင်းသွားရာ ထောက်ကြန့်လမ်းဆုံအနီးအရောက် ဆိုင်ကယ်(၃)စီးအနက်မှ တစ်စီးသည် ကားအရှေ့သို့ ကန့်လန့်ဖြတ်ပိတ်ပြီး ဆိုင်ကယ်(၃)စီးပေါ်မှ အမျိုးသား(၅)ဦးတို့က ဆိုင်ကယ်ပေါ်မှဆင်းကာ ဦး—–အား ၀ိုင်းဝန်းထိုးကြိတ်ဆဲဆိုရိုက်နှက်ခဲ့၍ ဦး—–တွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ကာ ကားရှေ့လေကာမှန် နှင့် ယာဘက်နောက်ကြည့်မှန်တို့အား ရိုက်ခွဲခဲ့သဖြင့် ထောက်ကြန့် နယ်မြေရဲစခန်း (ပ) ၁၀၆/(၂၀၁၈ )၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာမှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာနေ မင်းထက်အောင် ငှားရမ်းနေထိုင်ရာနေအိမ်မှဆိုင်ကယ်(၃)စီးဖြင့် မှော်ဘီမြို့နယ်ဘက်မှ ထောက်ကြန့်မြို့ဘက်သို့ ထွက်ခွာလာကြောင်း သတင်းရရှိခဲ့ပြီး သတင်းရရှိ မှုအပေါ်အခြေပြု၍လှော်ကား လမ်းခွဲတွင် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၁၈း၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ အောင်မြင့်သူ (၃၀)နှစ်၊ ညိုမောင်(၂၄)နှစ်၊မှော်ဘီမြို့နယ်နေ နိုင်လင်း(၁၉)နှစ်၊ သက်ပိုင်ဦး(၁၉)နှစ်နှင့်
မင်းထက်အောင် (၂၅)နှစ်တို့အား ၎င်းတို့စီးနင်းသည့် ဆိုင်ကယ်(၃) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ မင်းထက်အောင်ပါ(၅)ဦးအား ဥပဒေနှင့် အညီအရေးယူ သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များမှာ လိုင်စင်မဲ့များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့်လည်း ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Yangon Police
မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းထိုးကြိတ်သူများကို (၃)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment