ကန္ေတာ့ပါရဲ႕။ ရင္သားထိပ္က နို႔သီးေခါင္း(Nipple) အေၾကာင္း သိထားသင့္တဲ့ ဗဟုသုတမ်ားကို ရွာေဖြေပးလိုက္ပါတယ္။ ေယာက္်ား ၊မိန္းမတိုင္း nipples ရွိပါတယ္။ အကယ္၍ သင္ဟာ နို႔တိုက္ေကြ်းျခင္း ၊ လိင္ဆက္ဆံျခင္း ၊ ရင္သားထိပ္တြင္အေပါက္ေဖာက္ျခင္း စတာေတြကို လက္ရွိျပဳလုပ္ေနျခင္း (သို႔) ျပဳလုပ္ရန္ အစီအစဥ္ရွိေနျပီဆိုလွ်င္ေတာ့ အေျခခံက်တဲ့ အခ်က္ေလးေတြကို သိထားဖို႔လိုအပ္ပါတယ္။
Nipples (နို႔သီးေခါင္း) ေတြဟာ အလွရွိေနရံုသက္သက္ မဟုတ္ဘူးဆိုတာ အားလံုးလည္း သိရွိျပီးသားပါ။ သို႔ေသာ္ က်န္းမာေရးျပႆနာမ်ားစြာအတြက္ေတာ့ သဲလြန္စေကာင္းတစ္ခု ျဖစ္ေနတတ္ပါတယ္။
၁။နို႔ရည္ထြက္ျခင္း(သို႔)အျဖဴနွစ္မ်ားထြက္ျခင္းဟာ ပံုမွန္ပါ
အမ်ိဳးသမီးမ်ား နို႔သီးေခါင္းကို ညွစ္တဲ့အခါ နို႔ရည္ (သို႔) အျဖဴအနွစ္မ်ားထြက္ျခင္းဟာ ပံုမွန္အားျဖင့္ သဘာဝျဖစ္ပါတယ္။ သို႔ေသာ္ ညွစ္ျခင္းမရွိဘဲ ေသြးထြက္ျခင္း (သို႔) ပံုမွန္မဟုတ္တဲ့ တစ္စံုတစ္ရာ အေျခအေနမ်ိဳးေတြျဖစ္လာလွ်င္ေတာ့ ဆရာဝန္နွင့္ ေဆြးေႏြးတိုင္ပင္သင့္ပါသည္။ ဒါဟာ အက်ိတ္အဖုျဖစ္ျခင္း ၊ အႏၱရာယ္ရွိေသာ ျပည္တည္နာ (သို႔) ရင္သားကင္ဆာျဖစ္ျခင္းရဲ႕ လကၡဏာရပ္ ျဖစ္ေနနိုင္လုိ႔ပါ။
၂။တတိယေျမာက္ နို႔သီးေခါင္းဟာ သင္ထင္သလို အႏၱရာယ္မရွိပါ
တစ္ခါတစ္ရံ မွဲ႔ (သို႔) အသားပိုမွတဆင့္ တတိယေျမာက္ နို႔သီးေခါင္းအသြင္ ျဖစ္တည္လာပါတယ္။ ဒါဟာ သင္ထင္ထားသလို အႏၱရာယ္ရွိတဲ့ ျပႆနာတစ္ခု မဟုတ္ပါဘူး ။ ျပန္ျပီး ေခ်ဖ်က္လြယ္ကာ မိနစ္ ၃၀အတြင္း ကုသနိုင္ပါတယ္။
၃။ေလ့က်င့္ခန္းေတြက နို႔သီးေခါင္းကို မသက္မသာျဖစ္ေစနိုင္
ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းက က်န္းမာေရးအတြက္ အဖက္ဖက္မွ ေကာင္းမြန္ေစပါတယ္။ ထိုသို႔ျပဳလုပ္တဲ့အခါ အမ်ိဳးသမီးမ်ားအေနျဖင့္ sport bra ဝတ္ဆင္ျပီးမွသာ ျပဳလုပ္သင့္ပါတယ္။ မဟုတ္ပါက နို႔သီးေခါင္းထိပ္ နီျမန္းျခင္း ၊နာၾကင္ျခင္း၊ယားယံျခင္း၊အေၾကးခြံပံုစံျဖစ္ျခင္း(သို႔) အလႊာမ်ားျဖစ္ျခင္းတို႔ ျဖစ္လာနုိင္ပါတယ္။ နွင္းခူနာပံုစံမ်ိဳးေတြလည္း ျဖစ္လာနိုင္သျဖင့္ အကယ္၍ ျဖစ္ေနပါကလည္း အရမ္းစိုးရိမ္စရာမရွိပါဘူး။ ဆရာဝန္နွင့္ ကုသတိုင္ပင္လို႔ရပါတယ္။
၄။အေမႊးအမွ်င္ရွိတာဟာလည္း ပံုမွန္ပါ
နို႔သီးေခါင္းနွင့္ တဝိုက္မွာလည္း ေမႊးညွင္းေပါက္ေတြရွိတဲ့အတြက္ အေမႊးအမွ်င္ေပါက္တာဟာလည္း ပံုမွန္ ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါပဲ။ သို႔ေသ္ာ ထိုအေမႊးေတြကို ဖယ္ရွားပစ္မယ္ဆိုလွ်င္ေတာ့ သတိထား လုပ္ေဆာင္ပါ။ အကယ္၍ အေမႊးဟာ နာၾကင္မႈ ၊ ယားယံမႈ တစ္စံုတစ္ရာ ခံစားရလွ်င္ ပိုးကူးစက္ျခင္း (သို႔) ကင္ဆာရဲ႕ လကၡဏာရပ္ ျဖစ္နိုင္တဲ့အတြက္ ဆရာဝန္နွင့္ ေဆြးေႏြးျပသပါ။
၅။နို႔တိုက္စဥ္ နာၾကင္တာကလည္း ပံုမွန္အေျခအေနပါ
ကိုက္ခဲျခင္း၊ပူျခင္း၊အက္ကြဲေၾကာင္းျဖစ္ျခင္းနွင့္ နာၾကင္ျခင္းတို႔ဟာ နုိ႔တိုက္မိခင္ေတြ ပထမအစပိုင္း ရက္သတၱပါေတြမွာေတာ့ ခံစားရမွာပါပဲ။ သို႔ေသာ္ ကေလးမွ နို႔ဆြဲျခင္းေၾကာင့္မဟုတ္ဘဲ မခံမရပ္နိုင္ေအာင္ ျပင္းျပင္းထန္ထန္ နာၾကင္တာမ်ိဳးကိုေတာ့ ဆရာဝန္နွင့္ ျပသသင့္ပါတယ္။ ဒီလို တင္းက်ပ္နာၾကင္ျခင္းက ရင္သားထိပ္မွာ ဘတ္တီးရီးယားနွင့္ မိႈစြဲျခင္းမ်ား ျဖစ္နိုင္ပါတယ္။
၆။နို႔သီးေခါင္းထိပ္ ခ်ိဳင့္ဝင္ျခင္း
အမ်ားအားျဖင့္ေတာ့ နို႔သီးေခါငး္ထိပ္ဟာ စူထြက္တဲ့ပံုစံမ်ိဳးရွိပါတယ္။ သို႔ေသာ္ အမ်ိဳးသမီး ၁၅ရာခိုင္နႈန္းအထက္ကေတာ့ ေမြးကတည္းမွ ခ်ိဳင့္ဝင္ေနတဲ့ နို႔သီးေခါင္းမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဒါဟာ သာမန္ ျဖစ္ရိုးျဖစ္စဥ္တစ္ခုျဖစ္ျပီး ရင္သားတစ္သွ်ဴး ဆက္သြယ္မႈေတြေၾကာင္ ့အတြင္းသို႔ဝင္ေနတဲ့ ပံုစံမ်ိဳး ျဖစ္ရတာပါ။ ဆာဂ်ရီမ်ားျဖင့္ ကုသလိုက္တဲ့အခါ အျပင္ဘက္သို႔ ျပန္ထြက္လာေစနို္င္ပါတယ္။
၇။ရမၼက္ေသြးၾကြလြယ္ေသာအစိတ္အပိုင္း
ေလ့လာမႈေတြအရ နို႔သီးေခါင္းဟာ အမ်ိဳးသမီးေတြအတြက္ ကာမရမၼက္စိတ္ ထၾကြလြယ္တဲ့ အစိတ္အပိုင္းလို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ နို႔သီးေခါင္းမွာ အေပါက္ေဖာက္တဲ့အခါ ခံစားမႈအာရံုေၾကာေတြကို အေႏွာင့္အယွက္ ျဖစ္လာေစနိုင္ပါတယ္။
SHARE FROM CHAN (ေရႊအင္းေလး)
ထိပ်သီးလေးတွေအကြောင်း သိထားသင့်တဲ့ အချက် ၇ ချက်
ကန်တော့ပါရဲ့။ ရင်သားထိပ်က နို့သီးခေါင်း(Nipple) အကြောင်း သိထားသင့်တဲ့ ဗဟုသုတများကို ရှာဖွေပေးလိုက်ပါတယ်။ ယောက်ျား ၊မိန်းမတိုင်း nipples ရှိပါတယ်။ အကယ်၍ သင်ဟာ နို့တိုက်ကျွေးခြင်း ၊ လိင်ဆက်ဆံခြင်း ၊ ရင်သားထိပ်တွင်အပေါက်ဖောက်ခြင်း စတာတွေကို လက်ရှိပြုလုပ်နေခြင်း (သို့) ပြုလုပ်ရန် အစီအစဉ်ရှိနေပြီဆိုလျှင်တော့ အခြေခံကျတဲ့ အချက်လေးတွေကို သိထားဖို့လိုအပ်ပါတယ်။
Nipples (နို့သီးခေါင်း) တွေဟာ အလှရှိနေရုံသက်သက် မဟုတ်ဘူးဆိုတာ အားလုံးလည်း သိရှိပြီးသားပါ။ သို့သော် ကျန်းမာရေးပြဿနာများစွာအတွက်တော့ သဲလွန်စကောင်းတစ်ခု ဖြစ်နေတတ်ပါတယ်။
၁။နို့ရည်ထွက်ခြင်း(သို့)အဖြူနှစ်များထွက်ခြင်းဟာ ပုံမှန်ပါ
အမျိုးသမီးများ နို့သီးခေါင်းကို ညှစ်တဲ့အခါ နို့ရည် (သို့) အဖြူအနှစ်များထွက်ခြင်းဟာ ပုံမှန်အားဖြင့် သဘာဝဖြစ်ပါတယ်။ သို့သော် ညှစ်ခြင်းမရှိဘဲ သွေးထွက်ခြင်း (သို့) ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ရာ အခြေအနေမျိုးတွေဖြစ်လာလျှင်တော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဒါဟာ အကျိတ်အဖုဖြစ်ခြင်း ၊ အန္တရာယ်ရှိသော ပြည်တည်နာ (သို့) ရင်သားကင်ဆာဖြစ်ခြင်းရဲ့ လက္ခဏာရပ် ဖြစ်နေနိုင်လို့ပါ။
၂။တတိယမြောက် နို့သီးခေါင်းဟာ သင်ထင်သလို အန္တရာယ်မရှိပါ
တစ်ခါတစ်ရံ မှဲ့ (သို့) အသားပိုမှတဆင့် တတိယမြောက် နို့သီးခေါင်းအသွင် ဖြစ်တည်လာပါတယ်။ ဒါဟာ သင်ထင်ထားသလို အန္တရာယ်ရှိတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး ။ ပြန်ပြီး ချေဖျက်လွယ်ကာ မိနစ် ၃၀အတွင်း ကုသနိုင်ပါတယ်။
၃။လေ့ကျင့်ခန်းတွေက နို့သီးခေါင်းကို မသက်မသာဖြစ်စေနိုင်
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ကျန်းမာရေးအတွက် အဖက်ဖက်မှ ကောင်းမွန်စေပါတယ်။ ထိုသို့ပြုလုပ်တဲ့အခါ အမျိုးသမီးများအနေဖြင့် sport bra ဝတ်ဆင်ပြီးမှသာ ပြုလုပ်သင့်ပါတယ်။ မဟုတ်ပါက နို့သီးခေါင်းထိပ် နီမြန်းခြင်း ၊နာကြင်ခြင်း၊ယားယံခြင်း၊အကြေးခွံပုံစံဖြစ်ခြင်း(သို့) အလွှာများဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ နှင်းခူနာပုံစံမျိုးတွေလည်း ဖြစ်လာနိုင်သဖြင့် အကယ်၍ ဖြစ်နေပါကလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဆရာဝန်နှင့် ကုသတိုင်ပင်လို့ရပါတယ်။
၄။အမွှေးအမျှင်ရှိတာဟာလည်း ပုံမှန်ပါ
နို့သီးခေါင်းနှင့် တဝိုက်မှာလည်း မွှေးညှင်းပေါက်တွေရှိတဲ့အတွက် အမွှေးအမျှင်ပေါက်တာဟာလည်း ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ သို့သေ်ာ ထိုအမွှေးတွေကို ဖယ်ရှားပစ်မယ်ဆိုလျှင်တော့ သတိထား လုပ်ဆောင်ပါ။ အကယ်၍ အမွှေးဟာ နာကြင်မှု ၊ ယားယံမှု တစ်စုံတစ်ရာ ခံစားရလျှင် ပိုးကူးစက်ခြင်း (သို့) ကင်ဆာရဲ့ လက္ခဏာရပ် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နှင့် ဆွေးနွေးပြသပါ။
၅။နို့တိုက်စဉ် နာကြင်တာကလည်း ပုံမှန်အခြေအနေပါ
ကိုက်ခဲခြင်း၊ပူခြင်း၊အက်ကွဲကြောင်းဖြစ်ခြင်းနှင့် နာကြင်ခြင်းတို့ဟာ နို့တိုက်မိခင်တွေ ပထမအစပိုင်း ရက်သတ္တပါတွေမှာတော့ ခံစားရမှာပါပဲ။ သို့သော် ကလေးမှ နို့ဆွဲခြင်းကြောင့်မဟုတ်ဘဲ မခံမရပ်နိုင်အောင် ပြင်းပြင်းထန်ထန် နာကြင်တာမျိုးကိုတော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒီလို တင်းကျပ်နာကြင်ခြင်းက ရင်သားထိပ်မှာ ဘတ်တီးရီးယားနှင့် မှိုစွဲခြင်းများ ဖြစ်နိုင်ပါတယ်။
၆။နို့သီးခေါင်းထိပ် ချိုင့်ဝင်ခြင်း
အများအားဖြင့်တော့ နို့သီးခေါငး်ထိပ်ဟာ စူထွက်တဲ့ပုံစံမျိုးရှိပါတယ်။ သို့သော် အမျိုးသမီး ၁၅ရာခိုင်နှုန်းအထက်ကတော့ မွေးကတည်းမှ ချိုင့်ဝင်နေတဲ့ နို့သီးခေါင်းမျိုး ဖြစ်နေတတ်ပါတယ်။ ဒါဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ရင်သားတစ်သျှူး ဆက်သွယ်မှုတွေကြောင် ့အတွင်းသို့ဝင်နေတဲ့ ပုံစံမျိုး ဖြစ်ရတာပါ။ ဆာဂျရီများဖြင့် ကုသလိုက်တဲ့အခါ အပြင်ဘက်သို့ ပြန်ထွက်လာစေနို်င်ပါတယ်။
၇။ရမ္မက်သွေးကြွလွယ်သောအစိတ်အပိုင်း
လေ့လာမှုတွေအရ နို့သီးခေါင်းဟာ အမျိုးသမီးတွေအတွက် ကာမရမ္မက်စိတ် ထကြွလွယ်တဲ့ အစိတ်အပိုင်းလို့ ဆိုပါတယ်။ ဒါ့ကြောင့် နို့သီးခေါင်းမှာ အပေါက်ဖောက်တဲ့အခါ ခံစားမှုအာရုံကြောတွေကို အနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။
SHARE FROM CHAN (ရွှေအင်းလေး)
ထိပ္သီးေလးေတြအေၾကာင္း သိထားသင့္တဲ့ အခ်က္ ၇ ခ်က္
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment