အခုထက္ထိ အေျဖရွာလုိ႔မရေသးတဲ့ သမုိင္းမွတ္တမ္းဓာတ္ပုံထဲက ပေဟဠိမ်ား



လူ႔အဖြဲ႕အစည္းမွာ ေခတ္တေလွ်ာက္ ျဖတ္သန္းလာခဲ့တဲ့ အခ်ိန္ကာလနဲ႔အညီ ေျဖရွင္းလုိ႔မရတဲ့ ပုစာၦေတြ၊ ပုံေဖာ္လုိ႔မရတဲ့ ပေဟဠိေတြ၊ ႀကံစလုိ႔မရတဲ့ အေတြးနက္နက္ေတြဟာ သမုိင္းမွတ္တမ္းေတြထဲမွာ အမ်ားႀကီးက်န္ရွိေနခဲ့ပါတယ္။ အဲဒီအထဲမွာမွ အခုခ်ိန္ထိ အေျဖရွာလုိ႔မရေသးတဲ့ သမုိင္းမွတ္တမ္းဓာတ္ပုံေတြကေပးတဲ့ ပေဟဠိေတြကို Shwemom ပရိသတ္
ႀကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ဂၽြန္အက္ဖ္ကေနဒီလုပ္ႀကံမႈမွာ အေတြးပြားေစတဲ့အမ်ိဳးသမီး



1963 ခုႏွစ္ ႏုိ၀င္ဘာလ (23)ရက္ေန႔မွာ အေမရိကန္သမၼတ ဂၽြန္အက္ကေနဒီ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။ FBI ဟာ ၎တုိ႔ တပ္ဆင္ထားတဲ့ ကင္မရာေတြကို အျပန္အလွန္စစ္ေဆးခဲ့ပါတယ္။ တကယ္တမ္း လုပ္ႀကံခဲ့တဲ့ Lee Harvey Oswald ဖမ္းဆီးရမိခဲ့ေပမယ့္ FBI ကုိ စိတ္႐ႈပ္ေထြးေစတာကေတာ့ ပုံပါ ရုရွ၀တ္စုံ၀တ္ထားတဲ့ အမ်ိဳးသမီးပါဘဲ။ ဒီအမ်ိဳးသမီးဟာ မတူညီတဲ့ေနရာ ငါးခုေျခာက္ခုေလာက္မွာ ႐ုိက္ယူထားတဲ့ ဓာတ္ပုံေတြထဲမွာ တိတိက်က် ပါ၀င္ေနေပမယ့္ စုံစမ္းတဲ့အခါမွာေတာ့ ေျခရာလည္းေပ်ာက္ ေရလည္းေနာက္ျဖစ္ေနခဲ့တာ အခုအခ်ိန္ထိပါဘဲ။

(၂) ေသတာေတာင္ သတင္းပုိ႔မပ်က္ခဲ့တဲ့ စစ္သား



ပထမကမာၻစစ္အတြင္းက စစ္ေျမျပင္မွာ က်ဆုံးခဲ့တဲ့  Freddy Jackson အမည္ရ စစ္သားဟာ စစ္ႀကီးၿပီးလုိ႔ တပ္မေတာ္သားေတြ စုေပါင္းဓာတ္ပုံ႐ုိက္တဲ့အခါမွာလည္း မပ်က္မကြက္ ပါ၀င္ခဲ့ပါတယ္။ အဲဒီဓာတ္ပုံကုိ 1975 ခုႏွစ္မွာ ဆာဘြဲ႔ရ ေရွ႕တန္းျပန္ စစ္သားႀကီး Victor Goddard က ထုတ္လုပ္ခဲ့တာပါ။ အဲဒီမွာ Jackson ကုိ ျပန္ေတြ႔ခဲ့ရလုိ႔ သူတုိ႔တစ္ေတြ၊ အံ့ၾသ၀မ္းနည္းခဲ့ရပါတယ္။ (ပုံမွာေတာ့ အႀကီးခ်ဲ႕ထားတဲ့ စစ္သားတစ္ေယာက္ရဲ႕ေနာက္မွာ Jackson ရဲ႕ မ်က္ႏွာကို ျမင္ရပါလိ့မ္
မယ္။)

(၃) ကေလးတစ္ေယာက္ရဲ႕ ၀ိဥာဥ္



1945 ခုႏွစ္မွာ ၾသစတီးယားမိခင္တစ္ဦးဟာ အသက္(17)ႏွစ္အရြယ္ Joyce Elizabeth Andrews အမည္ရ သမီးေလး ဆုံးပါးခဲ့ပါတယ္။ သမီးေလးကို ေျမခ်သၿဂႋဳဟ္ၿပီး မၾကာမီမွာ မိခင္ျဖစ္သူဟာ သမီးရဲ႕ အုတ္ဂူကို အမွတ္တရ ဓာတ္ပုံ႐ုိက္ယူ ခဲ့ပါတယ္။ ဓာတ္ပုံကုိ ေဆးတဲ့အခါမွာ အံ့ၾသဖြယ္ရာေကာင္းတာကို ေတြ႔ခဲ့ရပါတယ္။ သူမ သမီးရဲ႕ အုတ္ဂူေဘးမွာ ကေလးငယ္တစ္ေယာက္ ထင္ထင္ရွားရွား ထုိင္ေနၿပီး၊ ဘယ္သူဘယ္၀ါမွန္း မသိရပါဘူး။

(၄) ကားေပၚမွာပါလာတယ္



Mabel Chinnery အမည္ရတဲ့ အမ်ိဳးသမီးနဲ႔ သူမရဲ႕ခင္ပြန္းဟာ 1959 ခုႏွစ္မွာ Mabel ရဲ႕မိခင္ (၎ရဲ႕ေယာကၡမ)အုတ္ဂူတည္ရွိရာ သခ်ႋဳင္းကို သြားေရာက္ဂါရျပဳခဲ့ၾကပါတယ္။ ဒီဓာတ္ပုံဟာ အဲဒီကေန အျပန္မွာ ႐ုိက္ယူခဲ့တာ ျဖစ္ၿပီး ကားထဲက ယာဥ္ေနာက္ခန္းထုိင္ခုံထဲမွာ မ်က္လုံးေတာက္ေတာက္နဲ႔ ၀ိၪာဥ္တစ္ေကာင္ လုိက္ပါလာတာကို ဓာတ္ပုံကုိ ျပန္ၾကည့္တဲ့အခါမွ သိခဲ့ရပါတယ္။

(၅) တြဲေလာင္းက်ေနတဲ့ သရဲ



ဒီဓာတ္ပုံကုိေတာ့ ရုိက္ကူးခဲ့တဲ့ ႏွစ္အတိအက်ကုိ မသိရေပမယ့္ 1950 ခုႏွစ္၀န္းက်င္ကလုိ႔ ခန္႔မွန္းထားၾကပါတယ္။ ဒီ
ဓာတ္ပုံဟာ Cooper မိသားစုရဲ႕ ညစာစားတဲ့အခန္းထဲမွာ ႐ုိက္ကူးထားတဲ့ ဓာတ္ပုံလုိ႔ သိရၿပီး အမ်ိဴးသမီးႏွစ္ေယာက္သာ သူတုိ႔ရဲ႕ ကေလးႏွစ္ေယာက္နဲ႔အတူ ၿပဳံးၿပဳံးေလးဓာတ္ပုံ႐ုိက္ခံေနတာပါ။ ဒါေပမယ့္ ပုံထြက္လာတဲ့အခါမွာေတာ့ ဘယ္
ဘက္ေထာင့္မွာ သရဲတစ္ေကာင္ တြဲေလာင္းခ်ေနတာကုိ ေတြ႕ခဲ့ရပါတယ္။

နတ္စည္ေတာ္ (Shwemom)

အခုထက်ထိ အဖြေရှာလို့မရသေးတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံထဲက ပဟေဠိများ

လူ့အဖွဲ့အစည်းမှာ ခေတ်တလျှောက် ဖြတ်သန်းလာခဲ့တဲ့ အချိန်ကာလနဲ့အညီ ဖြေရှင်းလို့မရတဲ့ ပုစာၦတွေ၊ ပုံဖော်လို့မရတဲ့ ပဟေဠိတွေ၊ ကြံစလို့မရတဲ့ အတွေးနက်နက်တွေဟာ သမိုင်းမှတ်တမ်းတွေထဲမှာ အများကြီးကျန်ရှိနေခဲ့ပါတယ်။ အဲဒီအထဲမှာမှ အခုချိန်ထိ အဖြေရှာလို့မရသေးတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတွေကပေးတဲ့ ပဟေဠိတွေကို Shwemom ပရိသတ်
ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျွန်အက်ဖ်ကနေဒီလုပ်ကြံမှုမှာ အတွေးပွားစေတဲ့အမျိုးသမီး

1963 ခုနှစ် နို၀င်ဘာလ (23)ရက်နေ့မှာ အမေရိကန်သမ္မတ ဂျွန်အက်ကနေဒီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ FBI ဟာ ၎င်းတို့ တပ်ဆင်ထားတဲ့ ကင်မရာတွေကို အပြန်အလှန်စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်း လုပ်ကြံခဲ့တဲ့ Lee Harvey Oswald ဖမ်းဆီးရမိခဲ့ပေမယ့် FBI ကို စိတ်ရှုပ်ထွေးစေတာကတော့ ပုံပါ ရုရှ၀တ်စုံ၀တ်ထားတဲ့ အမျိုးသမီးပါဘဲ။ ဒီအမျိုးသမီးဟာ မတူညီတဲ့နေရာ ငါးခုခြောက်ခုလောက်မှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေထဲမှာ တိတိကျကျ ပါ၀င်နေပေမယ့် စုံစမ်းတဲ့အခါမှာတော့ ခြေရာလည်းပျောက် ရေလည်းနောက်ဖြစ်နေခဲ့တာ အခုအချိန်ထိပါဘဲ။

(၂) သေတာတောင် သတင်းပို့မပျက်ခဲ့တဲ့ စစ်သား

ပထမကမ္ဘာစစ်အတွင်းက စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ Freddy Jackson အမည်ရ စစ်သားဟာ စစ်ကြီးပြီးလို့ တပ်မတော်သားတွေ စုပေါင်းဓာတ်ပုံရိုက်တဲ့အခါမှာလည်း မပျက်မကွက် ပါ၀င်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို 1975 ခုနှစ်မှာ ဆာဘွဲ့ရ ရှေ့တန်းပြန် စစ်သားကြီး Victor Goddard က ထုတ်လုပ်ခဲ့တာပါ။ အဲဒီမှာ Jackson ကို ပြန်တွေ့ခဲ့ရလို့ သူတို့တစ်တွေ၊ အံ့သြ၀မ်းနည်းခဲ့ရပါတယ်။ (ပုံမှာတော့ အကြီးချဲ့ထားတဲ့ စစ်သားတစ်ယောက်ရဲ့နောက်မှာ Jackson ရဲ့ မျက်နှာကို မြင်ရပါလိ့မ်
မယ်။)

(၃) ကလေးတစ်ယောက်ရဲ့ ၀ိဉာဉ်

1945 ခုနှစ်မှာ သြစတီးယားမိခင်တစ်ဦးဟာ အသက်(17)နှစ်အရွယ် Joyce Elizabeth Andrews အမည်ရ သမီးလေး ဆုံးပါးခဲ့ပါတယ်။ သမီးလေးကို မြေချသင်္ဂြိုဟ်ပြီး မကြာမီမှာ မိခင်ဖြစ်သူဟာ သမီးရဲ့ အုတ်ဂူကို အမှတ်တရ ဓာတ်ပုံရိုက်ယူ ခဲ့ပါတယ်။ ဓာတ်ပုံကို ဆေးတဲ့အခါမှာ အံ့သြဖွယ်ရာကောင်းတာကို တွေ့ခဲ့ရပါတယ်။ သူမ သမီးရဲ့ အုတ်ဂူဘေးမှာ ကလေးငယ်တစ်ယောက် ထင်ထင်ရှားရှား ထိုင်နေပြီး၊ ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး။

(၄) ကားပေါ်မှာပါလာတယ်

Mabel Chinnery အမည်ရတဲ့ အမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းဟာ 1959 ခုနှစ်မှာ Mabel ရဲ့မိခင် (၎င်းရဲ့ယောက္ခမ)အုတ်ဂူတည်ရှိရာ သချႋုင်းကို သွားရောက်ဂါရပြုခဲ့ကြပါတယ်။ ဒီဓာတ်ပုံဟာ အဲဒီကနေ အပြန်မှာ ရိုက်ယူခဲ့တာ ဖြစ်ပြီး ကားထဲက ယာဉ်နောက်ခန်းထိုင်ခုံထဲမှာ မျက်လုံးတောက်တောက်နဲ့ ၀ိဉာဉ်တစ်ကောင် လိုက်ပါလာတာကို ဓာတ်ပုံကို ပြန်ကြည့်တဲ့အခါမှ သိခဲ့ရပါတယ်။

(၅) တွဲလောင်းကျနေတဲ့ သရဲ

ဒီဓာတ်ပုံကိုတော့ ရိုက်ကူးခဲ့တဲ့ နှစ်အတိအကျကို မသိရပေမယ့် 1950 ခုနှစ်၀န်းကျင်ကလို့ ခန့်မှန်းထားကြပါတယ်။ ဒီ
ဓာတ်ပုံဟာ Cooper မိသားစုရဲ့ ညစာစားတဲ့အခန်းထဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ သိရပြီး အမျိူးသမီးနှစ်ယောက်သာ သူတို့ရဲ့ ကလေးနှစ်ယောက်နဲ့အတူ ပြုံးပြုံးလေးဓာတ်ပုံရိုက်ခံနေတာပါ။ ဒါပေမယ့် ပုံထွက်လာတဲ့အခါမှာတော့ ဘယ်
ဘက်ထောင့်မှာ သရဲတစ်ကောင် တွဲလောင်းချနေတာကို တွေ့ခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)
အခုထက္ထိ အေျဖရွာလုိ႔မရေသးတဲ့ သမုိင္းမွတ္တမ္းဓာတ္ပုံထဲက ပေဟဠိမ်ား အခုထက္ထိ အေျဖရွာလုိ႔မရေသးတဲ့ သမုိင္းမွတ္တမ္းဓာတ္ပုံထဲက ပေဟဠိမ်ား Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.