သက္ငယ္မုဒိန္းအေၾကာင္း မွားယြင္းေျဖဆိုမိတာေၾကာင့္ ေတာင္းပန္လိုက္တဲ့ ျဖဴျဖဴေထြး



ဟာသသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ျဖဴျဖဴေထြးဟာဆိုရင္ ပရိတ္သတ္ေတြကိုရယ္ေမာေပ်ာ္႐ႊ င္ေအာင္ အမ်ိဳးမ်ိဳးသ႐ုပ္ေ္ဖာ္တင္ဆက္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ သူမဟာအသက္ငယ္ ႐ြယ္ၿပီး ေက်ာင္းတက္ေနဆဲေက်ာင္းသူတစ္ဦးလည္းျဖစ္ပါတယ္။ ကိုယ္ရသမွ်အႏုပညာ ေၾကးေငြအားလုံးကို လည္း နယ္မွာရွိတဲ့မိဘျဖစ္သူေတြကို ျပန္လည္ေထာက္ပံ့ေပးခဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့အမူအရာေလးေတြနဲ႕ ပရိတ္သတ္ေတြရဲ႕အခ်စ္ ကိုအၿမဲတမ္းဖမ္းစားခဲ့သူေလးပါပဲ။

ၿပီးခဲ့တဲ့ရက္ပိုင္းက လူမႈကြန္ယက္မွာျပန႔္ႏွံ႕လာတဲ့အင္တာဗ်ဴးတစ္ခုမွာ သူမဟာ ေမးခြန္း နဲ႕အေျဖ တလြဲေျဖဆိုမိတာေၾကာင့္ ဒီကေန႕မွာပရိတ္သတ္ေတြကိုျပန္လည္ ေတာင္းပန္ခဲ့တာ ပဲျဖစ္ပါတယ္။ သက္ငယ္မုဒိန္းမႈနဲ႕ပက္သက္ၿပီး သူမရဲ႕အျမင္ကိုေမးျမန္ရာမွာ သက္ငယ္ မုဒိန္းနဲ႕ သက္ႀကီးမုဒိန္း မွားယြင္းေျဖဆိုခဲ့တာပဲျဖစ္ပါတယ္။ အေနအထိုင္ဆင္ျခင္သင့္ေၾကာင္း၊ ရဲစခန္းဖုန္းနံပါတ္ေတြ၊ ဦးေက်ာ္သူဖုန္းနံပါတ္ေတြ ဖုန္းထဲမွာအၿမဲမွတ္ထားသင့္ေၾကာင္း၊ ဖုန္းထဲမွာ ဖုန္းေဘအၿမဲခ်န္ထားသင့္ ေၾကာင္း စတဲ့ကေလးေတြနဲ႕ မသက္ဆိုင္တဲ့အေျဖ အမွားမ်ိဳးကို ေျဖဆိုမိတာျဖစ္ပါတယ္။ ဒီလိုမွားယြင္းေျဖဆိုလိုက္တာဟာလည္း သူမအေနနဲ႕ ေလာသြားတာေၾကာင့္လို႔ဆိုပါတယ္။













ဒီလိုမွားယြင္းေျဖဆိုလိုက္တာေၾကာင့္ သူမကိုေဝဖန္သူေတြက ဝိုင္းဝန္းေျပာဆိုၾကၿပီး သူမရဲ႕ ပရိတ္သတ္ေတြကေတာ့ မွားတတ္တယ္ဆိုၿပီး ျဖည့္ေတြးေပးၾကပါတယ္။ ဒီကေန႕မွာေတာ့ သူမရဲ႕ Facebook ကေန Live လႊင့္ၿပီး ေျဖဆိုတာမွားယြင္းသြားေၾကာင္း ပရိတ္သတ္ေတြ ကိုျပန္လည္ ေတာင္းပန္ခဲ့ပါတယ္။ သူမ MTV ရိုက္ကူးေနတုန္းျဖစ္ၿပီး ေမးခြန္းကိုေသခ်ာ မၾကားလိုက္တာမို႔ မွားယြင္းေျဖဆိုမိတဲ့အတြက္ ေတာင္းပန္ပါတယ္ဆိုၿပီး Live မွာ ပရိတ္ သတ္ေတြကိုေတာင္းပန္ခဲ့ပါ တယ္။ ငယ္႐ြယ္ေသးတဲ့ ၁၉ ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦး ျဖစ္တာေၾကာင့္ အမွားမကင္းနိုင္ ေသးတာမို႔ အားလုံးကလည္းခြင့္လႊတ္နားလည္ေပးမယ္ လို႔ ေမွ်ာ္လင့္မိပါတယ္။

SHARE FROM MYANMARLOAD 

သက်ငယ်မုဒိန်းအကြောင်း မှားယွင်းဖြေဆိုမိတာကြောင့် တောင်းပန်လိုက်တဲ့ ဖြူဖြူထွေး

ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိတ်သတ်တွေကိုရယ်မောပျော်ရွှ င်အောင် အမျိုးမျိုးသရုပ်ေ်ဖာ်တင်ဆက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာအသက်ငယ် ရွယ်ပြီး ကျောင်းတက်နေဆဲကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ်ရသမျှအနုပညာ ကြေးငွေအားလုံးကို လည်း နယ်မှာရှိတဲ့မိဘဖြစ်သူတွေကို ပြန်လည်ထောက်ပံ့ပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ် ကိုအမြဲတမ်းဖမ်းစားခဲ့သူလေးပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်မှာပြန့်နှံ့လာတဲ့အင်တာဗျူးတစ်ခုမှာ သူမဟာ မေးခွန်း နဲ့အဖြေ တလွဲဖြေဆိုမိတာကြောင့် ဒီကနေ့မှာပရိတ်သတ်တွေကိုပြန်လည် တောင်းပန်ခဲ့တာ ပဲဖြစ်ပါတယ်။ သက်ငယ်မုဒိန်းမှုနဲ့ပက်သက်ပြီး သူမရဲ့အမြင်ကိုမေးမြန်ရာမှာ သက်ငယ် မုဒိန်းနဲ့ သက်ကြီးမုဒိန်း မှားယွင်းဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။ အနေအထိုင်ဆင်ခြင်သင့်ကြောင်း၊ ရဲစခန်းဖုန်းနံပါတ်တွေ၊ ဦးကျော်သူဖုန်းနံပါတ်တွေ ဖုန်းထဲမှာအမြဲမှတ်ထားသင့်ကြောင်း၊ ဖုန်းထဲမှာ ဖုန်းဘေအမြဲချန်ထားသင့် ကြောင်း စတဲ့ကလေးတွေနဲ့ မသက်ဆိုင်တဲ့အဖြေ အမှားမျိုးကို ဖြေဆိုမိတာဖြစ်ပါတယ်။ ဒီလိုမှားယွင်းဖြေဆိုလိုက်တာဟာလည်း သူမအနေနဲ့ လောသွားတာကြောင့်လို့ဆိုပါတယ်။

ဒီလိုမှားယွင်းဖြေဆိုလိုက်တာကြောင့် သူမကိုဝေဖန်သူတွေက ဝိုင်းဝန်းပြောဆိုကြပြီး သူမရဲ့ ပရိတ်သတ်တွေကတော့ မှားတတ်တယ်ဆိုပြီး ဖြည့်တွေးပေးကြပါတယ်။ ဒီကနေ့မှာတော့ သူမရဲ့ Facebook ကနေ Live လွှင့်ပြီး ဖြေဆိုတာမှားယွင်းသွားကြောင်း ပရိတ်သတ်တွေ ကိုပြန်လည် တောင်းပန်ခဲ့ပါတယ်။ သူမ MTV ရိုက်ကူးနေတုန်းဖြစ်ပြီး မေးခွန်းကိုသေချာ မကြားလိုက်တာမို့ မှားယွင်းဖြေဆိုမိတဲ့အတွက် တောင်းပန်ပါတယ်ဆိုပြီး Live မှာ ပရိတ် သတ်တွေကိုတောင်းပန်ခဲ့ပါ တယ်။ ငယ်ရွယ်သေးတဲ့ ၁၉ နှစ်အရွယ်မိန်းကလေးတစ်ဦး ဖြစ်တာကြောင့် အမှားမကင်းနိုင် သေးတာမို့ အားလုံးကလည်းခွင့်လွှတ်နားလည်ပေးမယ် လို့ မျှော်လင့်မိပါတယ်။

SHARE FROM MYANMARLOAD 
သက္ငယ္မုဒိန္းအေၾကာင္း မွားယြင္းေျဖဆိုမိတာေၾကာင့္ ေတာင္းပန္လိုက္တဲ့ ျဖဴျဖဴေထြး သက္ငယ္မုဒိန္းအေၾကာင္း မွားယြင္းေျဖဆိုမိတာေၾကာင့္ ေတာင္းပန္လိုက္တဲ့ ျဖဴျဖဴေထြး Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.