တ႐ုတ္ႏုိင္ငံ Shenzen ျမိဳ႕ရိွ တံတားတစ္စင္းေပၚမွာ ကုိယ့္ကုိယ္ကုိ ေသေၾကာင္းႀကံစည္ဖို႔ ႀကိဳးစားေနခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ကို လမ္းသြားလမ္းလာ ေကာင္မေလးတစ္ေယာက္က ႐ိုမန္တစ္ဆန္ဆန္ ကယ္တင္ႏုိင္ခဲ့ပါတယ္။ (၁၉)ႏွစ္အရြယ္ ဟိုတယ္စားပြဲထိုးမေလးျဖစ္တဲ့ Liu Wenxiu ဟာ သာမန္လမ္းသြားလမ္းလာ တစ္ဦးပဲျဖစ္ျပီး ဓားကိုင္ထားကာ ခုန္ခ်ဖို႔ ႀကိဳးစားေနခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ကို လူရာေပါင္းမ်ားစြာက ဝုိင္းအံုၾကည့္ေနခဲ့ၾကတဲ့အျဖစ္ကို ေတြ႔ခဲ့တာပါ။
စိတ္လွဳပ္ရွားေနျပီး အခ်ိန္မေရြး အသက္ဆံုး႐ံွဳးသြားႏုိင္တဲ့ေကာင္ေလးကို လူေတြက ဒီအတိုင္းရပ္ၾကည့္ေနခဲ့ၾကတဲ့အျပင္ အခ်ိဳ႕က ဖုန္းနဲ႔ေတာင္ ဓာတ္ပံုထုတ္႐ိုက္ေနခဲ့ၾကတဲ့အျဖစ္ကို Liu က ၾကည့္မေနႏိုင္ခဲ့ၾကတာေၾကာင့္ ဝင္ကူညီခဲ့ပါေတာ့တယ္။ အႀကိမ္ႀကိမ္ေသေၾကာင္းႀကံစည္ခဲ့ဖူးတဲ့ Liu ကလည္း ေကာင္ေလးရဲ႕အျဖစ္ကို နားလည္ေၾကာင္း အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။
တံတားလက္ရန္းအျပင္ဘက္မွာ ရပ္ေနတဲ့ ျပဳတ္က်ခါနီး ေကာင္ေလးကို ျပန္တက္လာဖုိ႔ ရဲေတြက ဘယ္လုိမွ နားခ်လို႔မရခဲ့ပါဘူး။ ထိုစဥ္မွာ Liu က ေကာင္ေလးနားကို သြားျပီး နားခ်လို႔ရေအာင္ သူမက သူ႔ခ်စ္သူျဖစ္ေၾကာင္းနဲ႔ သူသတ္ေသဖို႔ လုပ္ေနတဲ့အေၾကာင္းအရင္းက သူမေၾကာင့္ ျဖစ္ေၾကာင္း ရဲေတြကို ညာေျပာခဲ့ပါတယ္။
ေကာင္ေလးအနားသြားျပီး သူေျပာတာေတြ နားေထာင္ေပးခဲ့ရာ သူဟာ မိခင္ကို ဆံုး႐ံွဳးထားျပီး မိေထြးကလည္း သူ႔ကို ႏွိပ္စက္ေလ့ရိွခဲ့ပါတယ္။ ထို႔ေနာက္မိသားစုပိုင္ဆိုင္တဲ့ ေငြေၾကးေတြကို မိေထြးက ခိုးယူထြက္ေျပးသြားခဲ့ခ်ိန္မွာေတာ့ သူနဲ႔ သူ႔ဖခင္တို႔ရဲ႕ ဘဝဟာ ခက္ခဲေနပါတယ္။ သူ႔ကို အကုန္လံုးကလည္း ပစ္ပယ္ထားၾကသလို ဘယ္သူကမွလည္း သူ႔ကို မယံုၾကည္ၾကေတာ့ဘူးလုိ႔ ဆိုပါတယ္။
Liu က ဘာမွျပန္မေျပာခဲ့ဘဲ သူမလက္ေပၚက ေသေၾကာင္းႀကံဖူးတဲ့ ဓားဒဏ္ရာကို ျပလိုက္ခ်ိန္မွာေတာ့ ေကာင္ေလးက ပိုငိုလာခဲ့ကာ သူ႔ကို ကယ္ဖို႔မႀကိဳးစားသင့္ေၾကာင္း ေျပာခဲ့ျပီး Liu ကလည္း ကယ္ဖို႔လုပ္ေနတာ မဟုတ္ဘဲ ဘယ္ေလာက္မိုက္မဲတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ရွင္းျပေနတာျဖစ္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ Liu က ေကာင္ေလးကို ဆြဲနမ္းလိုက္ျပီး လူအုပ္တစ္ခုလံုးက ေကာင္းခ်ီးၾသဘာ ဝုိင္းေပးခဲ့ၾကပါတယ္။
လူေတြအားေပးေနၾကတဲ့အခ်ိန္ကို အခြင့္ေကာင္းယူျပီး ကယ္ဆယ္ေရး အဖြဲ႕ဝင္ေတြကလည္း ေကာင္ေလးလက္ထဲက ဓားကိုယူကာ အေပၚကို ဆြဲတင္ႏုိင္ခဲ့ပါတယ္။ Liu က မနမ္းခင္ ဘာကုိမွ မစဥ္းစားခဲ့ဘဲ ႏွစ္သိမ့္ဖုိ႔ ရည္ရြယ္ခ်က္သာျဖစ္ခဲ့ျပီး ရဲေတြလည္း ေဘးမွာရိွတဲ့အတြက္ ဆြဲခ်ခံရမွာ မေၾကာက္ခဲ့ေၾကာင္းဆိုပါတယ္။ ကယ္တင္ျပီးေနာက္မွာေတာ့ Liu က ျဖစ္စဥ္ေနရာမွ ထြက္သြားခဲ့ေပမယ့္ ေကာင္ေလးက ရဲဌာနမွ စကားမေျပာတာေၾကာင့္ ရဲေတြက Liu ကို ထပ္ဆက္သြယ္ခဲ့ရပါတယ္။
Liu က ေကာင္ေလးကို သြားမေတြ႔ခဲ့ေပမယ့္ ဖုန္းနဲ႔စကားေျပာျပီး ဖုန္းနံပါတ္ေတာ့ လဲခဲ့ၾကပါတယ္။ ျဖစ္စဥ္ေနာက္ပိုင္း Liu ဆီကို အင္တာဗ်ဴးဖုိ႔ ဖုန္းေခၚဆိုမွဳေတြ မ်ားစြာရခဲ့ေၾကာင္းသိရပါတယ္။ ဒီျဖစ္စဥ္ဟာ သူမရဲ႕ ပံုမွန္ဘဝကို သက္ေရာက္မွဳတစ္စံုတစ္ရာမရိွဖုိ႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ လူေတြဟာ ေန႔ရက္တုိင္းကို ေက်နပ္စြာ ရွင္သန္ေနထိုင္ဖို႔က အေရးအႀကီးဆံုးအရာျဖစ္ေၾကာင္း Liu က ေျပာခဲ့ပါတယ္။
SHARE FROM White (Shwemom)
သေကြောင်းကြံမယ့် ကောင်လေးကို အနမ်းပေးပြီး အသက်ကယ်ခဲ့တဲ့ ကောင်မလေး
တရုတ်နိုင်ငံ Shenzen မြို့ရှိ တံတားတစ်စင်းပေါ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လမ်းသွားလမ်းလာ ကောင်မလေးတစ်ယောက်က ရိုမန်တစ်ဆန်ဆန် ကယ်တင်နိုင်ခဲ့ပါတယ်။ (၁၉)နှစ်အရွယ် ဟိုတယ်စားပွဲထိုးမလေးဖြစ်တဲ့ Liu Wenxiu ဟာ သာမန်လမ်းသွားလမ်းလာ တစ်ဦးပဲဖြစ်ပြီး ဓားကိုင်ထားကာ ခုန်ချဖို့ ကြိုးစားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လူရာပေါင်းများစွာက ဝိုင်းအုံကြည့်နေခဲ့ကြတဲ့အဖြစ်ကို တွေ့ခဲ့တာပါ။
စိတ်လှုပ်ရှားနေပြီး အချိန်မရွေး အသက်ဆုံးရံှုးသွားနိုင်တဲ့ကောင်လေးကို လူတွေက ဒီအတိုင်းရပ်ကြည့်နေခဲ့ကြတဲ့အပြင် အချို့က ဖုန်းနဲ့တောင် ဓာတ်ပုံထုတ်ရိုက်နေခဲ့ကြတဲ့အဖြစ်ကို Liu က ကြည့်မနေနိုင်ခဲ့ကြတာကြောင့် ဝင်ကူညီခဲ့ပါတော့တယ်။ အကြိမ်ကြိမ်သေကြောင်းကြံစည်ခဲ့ဖူးတဲ့ Liu ကလည်း ကောင်လေးရဲ့အဖြစ်ကို နားလည်ကြောင်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
တံတားလက်ရန်းအပြင်ဘက်မှာ ရပ်နေတဲ့ ပြုတ်ကျခါနီး ကောင်လေးကို ပြန်တက်လာဖို့ ရဲတွေက ဘယ်လိုမှ နားချလို့မရခဲ့ပါဘူး။ ထိုစဉ်မှာ Liu က ကောင်လေးနားကို သွားပြီး နားချလို့ရအောင် သူမက သူ့ချစ်သူဖြစ်ကြောင်းနဲ့ သူသတ်သေဖို့ လုပ်နေတဲ့အကြောင်းအရင်းက သူမကြောင့် ဖြစ်ကြောင်း ရဲတွေကို ညာပြောခဲ့ပါတယ်။
ကောင်လေးအနားသွားပြီး သူပြောတာတွေ နားထောင်ပေးခဲ့ရာ သူဟာ မိခင်ကို ဆုံးရံှုးထားပြီး မိထွေးကလည်း သူ့ကို နှိပ်စက်လေ့ရှိခဲ့ပါတယ်။ ထို့နောက်မိသားစုပိုင်ဆိုင်တဲ့ ငွေကြေးတွေကို မိထွေးက ခိုးယူထွက်ပြေးသွားခဲ့ချိန်မှာတော့ သူနဲ့ သူ့ဖခင်တို့ရဲ့ ဘဝဟာ ခက်ခဲနေပါတယ်။ သူ့ကို အကုန်လုံးကလည်း ပစ်ပယ်ထားကြသလို ဘယ်သူကမှလည်း သူ့ကို မယုံကြည်ကြတော့ဘူးလို့ ဆိုပါတယ်။
Liu က ဘာမှပြန်မပြောခဲ့ဘဲ သူမလက်ပေါ်က သေကြောင်းကြံဖူးတဲ့ ဓားဒဏ်ရာကို ပြလိုက်ချိန်မှာတော့ ကောင်လေးက ပိုငိုလာခဲ့ကာ သူ့ကို ကယ်ဖို့မကြိုးစားသင့်ကြောင်း ပြောခဲ့ပြီး Liu ကလည်း ကယ်ဖို့လုပ်နေတာ မဟုတ်ဘဲ ဘယ်လောက်မိုက်မဲတဲ့လုပ်ရပ်ဖြစ်ကြောင်း ရှင်းပြနေတာဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ထို့နောက်မှာတော့ Liu က ကောင်လေးကို ဆွဲနမ်းလိုက်ပြီး လူအုပ်တစ်ခုလုံးက ကောင်းချီးသြဘာ ဝိုင်းပေးခဲ့ကြပါတယ်။
လူတွေအားပေးနေကြတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကလည်း ကောင်လေးလက်ထဲက ဓားကိုယူကာ အပေါ်ကို ဆွဲတင်နိုင်ခဲ့ပါတယ်။ Liu က မနမ်းခင် ဘာကိုမှ မစဉ်းစားခဲ့ဘဲ နှစ်သိမ့်ဖို့ ရည်ရွယ်ချက်သာဖြစ်ခဲ့ပြီး ရဲတွေလည်း ဘေးမှာရှိတဲ့အတွက် ဆွဲချခံရမှာ မကြောက်ခဲ့ကြောင်းဆိုပါတယ်။ ကယ်တင်ပြီးနောက်မှာတော့ Liu က ဖြစ်စဉ်နေရာမှ ထွက်သွားခဲ့ပေမယ့် ကောင်လေးက ရဲဌာနမှ စကားမပြောတာကြောင့် ရဲတွေက Liu ကို ထပ်ဆက်သွယ်ခဲ့ရပါတယ်။
Liu က ကောင်လေးကို သွားမတွေ့ခဲ့ပေမယ့် ဖုန်းနဲ့စကားပြောပြီး ဖုန်းနံပါတ်တော့ လဲခဲ့ကြပါတယ်။ ဖြစ်စဉ်နောက်ပိုင်း Liu ဆီကို အင်တာဗျူးဖို့ ဖုန်းခေါ်ဆိုမှုတွေ များစွာရခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဉ်ဟာ သူမရဲ့ ပုံမှန်ဘဝကို သက်ရောက်မှုတစ်စုံတစ်ရာမရှိဖို့ မျှော်လင့်ကြောင်းနဲ့ လူတွေဟာ နေ့ရက်တိုင်းကို ကျေနပ်စွာ ရှင်သန်နေထိုင်ဖို့က အရေးအကြီးဆုံးအရာဖြစ်ကြောင်း Liu က ပြောခဲ့ပါတယ်။
SHARE FROM White (Shwemom)
ေသေၾကာင္းႀကံမယ့္ ေကာင္ေလးကို အနမ္းေပးၿပီး အသက္ကယ္ခဲ့တဲ့ ေကာင္မေလး
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment