ထူးဆန္းမႈေတြမ်ားစြာရွိခဲ့တဲ့ ပရေလာကသားမ်ားရဲ႕အကြၽတ္အလြတ္ပြဲေတာ္


ပရိတ္သတ္တို႔ေရ လူေတြမျမင္ရဘဲ လူ႕ပတ္ဝန္းက်င္မွာ သြားလာေနထိုင္ၾကတဲ့ တေစွ္ဆ၊သရဲေတြရွိတယ္ဆိုတာ ယုံၾကည္ၾကလား။ အဲဒီတစ္ေဆေတြရဲ႕ ေျခာက္လန႔္မႈကိုေရာခံဖူးၾကလား ပရိတ္သတ္ႀကီးတို႔ေရ။ တစ္ေဆ၊သရဲေတြဆိုတာ ဘုရားေဟာတရားထဲမွာပါတဲ့ အစြဲလန္းတစ္ခုေၾကာင့္မကြၽတ္လြတ္နိုင္ဘဲ ခ်ဳပ္ေလွာင္ခံထားရသူေတြျဖစ္ပါတယ္။ တစ္ေဆ၊သရဲေတြဟာ လူေတြထက္နိမ့္ပါးၿပီး သူတို႔ဟာလူေတြေကါ်းမွစားရၿပီး၊ သူတို႔အဲဒီဘဝကကြၽတ္လြတ္ခ်င္ရင္ေတာင္ လူေတြကအမွ်တန္းေဝကုသိုလ္ေကာင္းမႈျပဳလုပ္ေပးမွ ဘဝကူးေျပာင္းခြင့္ရတဲ့ သူေတြဘဲျဖစ္ပါတယ္။

ပရေလာကသားေတြဟာ လူေတြေမ့ေလ်ာ့ထားၾကတဲ့ သူေတြဘဲျဖစ္ပါတယ္။ သိုပေပမယ့္လည္းပဲခူးတိုင္း၊ ျပည္ခရိုင္၊ ျပည္ၿမိဳ႕ ၊ ေအးၿငိမ္းရာဘာသာေပါင္းစုံသုသာန္တြင္ ေဖေဖာ္ဝါရီ ၁၃ ရက္က အကြၽတ္အလြတ္ပြဲေတာ္တတိယညအျဖစ္ မကြၽတ္မလြတ္ေသးသူမ်ားကို အစားအေသာက္ ေကြၽးေမြးျခင္းအလႉ ဒါနပြဲတစ္ရပ္ ျပဳလုပ္ခဲ့ပါတယ္။ "တကယ္ေတာ့ ပရေလာကမွာ မကြၽတ္မလြတ္ေသးတဲ့ ပုဂၢိုလ္ အားလုံးဟာ အေမ့ခံေတြ ။ အဲဒီအေမ့ခံေတြအတြက္ ကြၽန္ေတာ္တို႔က ဒီလိုမ်ိဳး တစ္ႏွစ္တစ္ႀကိမ္က်င္းပ ျပဳလုပ္ေပးျခင္းအားျဖင့္ သူတို႔ေတြ ကြၽတ္လြတ္ၾကမွာ"ဟု ပြဲစီစဥ္သူ ေတြကေျပာၾကားခဲ့ပါတယ္။ ထို႔ေနာက္ ည ၆ နာရီတြင္ သတ္မွတ္ထားေသာေနရာ၌ အေမွာင္ခ်ကာ သုသာန္ေစာင့္ေျမဖုတ္ဘီလူးမ်ားႏွင့္ မကြၽတ္မလြတ္ေသးၾကသူမ်ားကို ထမင္း ၊ ပဲဟင္း ၊ အမဲသားဆီျပန္ဟင္း ၊ ေသာက္ေရတို႔ကို ေကြၽးေမြးခဲ့ၾကတယ္လို႔ သိရပါတယ္။









သုသာန္မွ အုတ္ဂူမ်ားတြင္လည္း ဖေယာင္းတိုင္မီးမ်ား ၊ အေမြးတိုင္မ်ား ထြန္းညွိေပးထား ၿပီး ပြဲေတာ္အတြင္း ထူးျခားခ်က္မ်ားစြာရွိခဲ့တယ္လို႔လည္းသိရပါတယ္။ ယခုလိုလႉဒါန္းမႈဟာ စုစုေပါင္းေငြက်ပ္သိန္း ၅၀ ခန႔္ကုန္က်တယ္လို႔လည္းသိရပါတယ္။ ၎ အကြၽတ္အလြတ္ပြဲကို ျပည္ၿမိဳ႕တြင္ ပထမဆုံး ျပဳလုပ္ျခင္းျဖစ္ၿပီး လာမည့္ႏွစ္မ်ားတြင္လည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ပြဲစီစဥ္သူမ်ားေျပာၾကားခ်က္အရသိရွိရပါတယ္။

source - mizima
ထူးဆန်းမှုတွေများစွာရှိခဲ့တဲ့ ပရလောကသားများရဲ့အကျွတ်အလွတ်ပွဲတော်

ပရိတ်သတ်တို့ရေ လူတွေမမြင်ရဘဲ လူ့ပတ်ဝန်းကျင်မှာ သွားလာနေထိုင်ကြတဲ့ တစှေ်ဆ၊သရဲတွေရှိတယ်ဆိုတာ ယုံကြည်ကြလား။ အဲဒီတစ်ဆေတွေရဲ့ ခြောက်လန့်မှုကိုရောခံဖူးကြလား ပရိတ်သတ်ကြီးတို့ရေ။ တစ်ဆေ၊သရဲတွေဆိုတာ ဘုရားဟောတရားထဲမှာပါတဲ့ အစွဲလန်းတစ်ခုကြောင့်မကျွတ်လွတ်နိုင်ဘဲ ချုပ်လှောင်ခံထားရသူတွေဖြစ်ပါတယ်။ တစ်ဆေ၊သရဲတွေဟာ လူတွေထက်နိမ့်ပါးပြီး သူတို့ဟာလူတွေကေါျးမှစားရပြီး၊ သူတို့အဲဒီဘဝကကျွတ်လွတ်ချင်ရင်တောင် လူတွေကအမျှတန်းဝေကုသိုလ်ကောင်းမှုပြုလုပ်ပေးမှ ဘဝကူးပြောင်းခွင့်ရတဲ့ သူတွေဘဲဖြစ်ပါတယ်။

ပရလောကသားတွေဟာ လူတွေမေ့လျော့ထားကြတဲ့ သူတွေဘဲဖြစ်ပါတယ်။ သိုပပေမယ့်လည်းပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ ၊ အေးငြိမ်းရာဘာသာပေါင်းစုံသုသာန်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အကျွတ်အလွတ်ပွဲတော်တတိယညအဖြစ် မကျွတ်မလွတ်သေးသူများကို အစားအသောက် ကျွေးမွေးခြင်းအလှူ ဒါနပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ "တကယ်တော့ ပရလောကမှာ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ် အားလုံးဟာ အမေ့ခံတွေ ။ အဲဒီအမေ့ခံတွေအတွက် ကျွန်တော်တို့က ဒီလိုမျိုး တစ်နှစ်တစ်ကြိမ်ကျင်းပ ပြုလုပ်ပေးခြင်းအားဖြင့် သူတို့တွေ ကျွတ်လွတ်ကြမှာ"ဟု ပွဲစီစဉ်သူ တွေကပြောကြားခဲ့ပါတယ်။ ထို့နောက် ည ၆ နာရီတွင် သတ်မှတ်ထားသောနေရာ၌ အမှောင်ချကာ သုသာန်စောင့်မြေဖုတ်ဘီလူးများနှင့် မကျွတ်မလွတ်သေးကြသူများကို ထမင်း ၊ ပဲဟင်း ၊ အမဲသားဆီပြန်ဟင်း ၊ သောက်ရေတို့ကို ကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။

သုသာန်မှ အုတ်ဂူများတွင်လည်း ဖယောင်းတိုင်မီးများ ၊ အမွေးတိုင်များ ထွန်းညှိပေးထား ပြီး ပွဲတော်အတွင်း ထူးခြားချက်များစွာရှိခဲ့တယ်လို့လည်းသိရပါတယ်။ ယခုလိုလှူဒါန်းမှုဟာ စုစုပေါင်းငွေကျပ်သိန်း ၅၀ ခန့်ကုန်ကျတယ်လို့လည်းသိရပါတယ်။ ၎င်း အကျွတ်အလွတ်ပွဲကို ပြည်မြို့တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများပြောကြားချက်အရသိရှိရပါတယ်။

source - mizima
ထူးဆန္းမႈေတြမ်ားစြာရွိခဲ့တဲ့ ပရေလာကသားမ်ားရဲ႕အကြၽတ္အလြတ္ပြဲေတာ္ ထူးဆန္းမႈေတြမ်ားစြာရွိခဲ့တဲ့ ပရေလာကသားမ်ားရဲ႕အကြၽတ္အလြတ္ပြဲေတာ္ Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.