အျမန္လမ္းမေပၚမွာ ဆုိးဆုိးရြားရြား သရဲေျခာက္ခံခဲ့ရတဲ့ ေမပန္းခ်ီ



မင္းသမီးေခ်ာ ေမပန္းခ်ီကေတာ့ သူမၾကံဳေတြ႔ခဲ့ရတဲဲ့ ပရေလာကအေၾကာင္းနဲ႕ပတ္သက္ၿပီး အင္တာဗ်ဳးတစ္ခုမွာ ေျဖဆုိခဲ့ပါတယ္။ ေမပန္းခ်ီက သူမ ကေလးဘ၀ကတည္းက ျမင္ေနၾကားေနရတယ္၊ တစ္ေနရာေရာက္ရင္ သူမအနားမွာ မမလြတ္မကၽြတ္သူေတြရွိေနၿပီလားဆုိတာ သိႏုိင္ၾကားႏုိင္တယ္၊ Tarrot ကတ္ေတြ ဆဲြတဲ့အခါ သူမေနာက္မွာ မကၽြတ္မလြတ္သူေတြ အုံနဲ႔က်င္းနဲ႔ ရွိေနသလိုခံစားရတာေတြရွိတယ္ဆုိၿပီး ေျပာခဲ့ပါတယ္။

ေမပန္းခ်ီက ခဏခဏ သရဲ ေျခာက္ခံရတာေတြရွိခဲ့ေပမယ့္ ဘ၀မွာ မွတ္မွတ္ရရနဲ႔ဆုိးရြားရြား သရဲအေျခာက္ခံရတာက ပရေလာကသားေတြနဲ႔ ပတ္သက္ၿပီး နာမည္ႀကီးတဲ့ အျမန္လမ္းမေပၚမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ ေျခာက္ခံရတဲ့ေန႔ တုန္းက သူမဟာ ရုိက္ကူးေရးရွိေနတာေၾကာင့္ ျပင္ဦးလြင္ကို သူမရယ္၊ ကားဆရာရယ္၊ မိတ္ကပ္ဆရာ (၂)ေယာက္ရယ္နဲ႔ ညဘက္ႀကီး ခရီးထြက္ခဲ့ပါတယ္။ အိမ္ကေန စထြက္ကတည္းက နိမိတ္တစ္ခုျပတာခံရတယ္၊ အျမန္လမ္းမေပၚကို ေရာက္ေတာ့ ည(၂)နာရီထုိးရွိၿပီလုိ႔ ဆုိပါတယ္။







သူမက ကားေရွ႕ခန္းမွာ အိပ္ၿပီးလုိက္ခဲ့တာပဲျဖစ္ပါတယ္။ အျမန္လမ္းရဲ႕ အ၀ုိင္းေနရာလည္း ေရာက္ေရာ သူမကုိ ေမပန္းခ်ီေရ ထၾကည့္ပါအုံး’ ဆုိၿပီး ေဘးကကားဆရာနဲ႔ မိတ္ကပ္ဆရာတုိ႕က လာႏႈိးသလို ခံစားလုိက္ရတယ္။ သူမ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူမေပၚကို အေမြမဲမဲရွည္ရွည္ နာနာဘာဝႀကီးတစ္ေကာင္ တက္ဖိထားတာေတြ႔ရေပမယ့္ မ်က္ႏွာကိုေတာ့ ေသခ်ာမျမင္ခဲ့ရဘူးလုိ႕ ဆုိပါတယ္။ သူမ ေအာ္လုိက္ေပမယ့္ သူမေအာ္သံကို ေဘးကလူေတြ တစ္ေယာက္မွမၾကားခဲ့ပါဘူး။ အဲ့ဒါနဲ႕ သူမက ပဌာန္းေတြ၊ ဘုရားစာေတြ ရြတ္လုိက္မွ အဲဒီအေကာင္ႀကီးက ျပဳတ္က်သြားခဲ့တယ္လုိ႕ ေျပာပါတယ္။













သူမႏုိးလာေတာ့ ေဘးကလူေတြ ေမးၾကည့္ေတာ့မွ သူမကို ဘယ္သူမွမႏုိးဘူး၊ သူမရဲ႕ၿငီးသံေတြေတာ့ ၾကားတယ္လုိ႕ဆုိပါတယ္။ ေနာက္ေတာ့ သူမၾကံဳခဲ့တဲ့ အေၾကာင္းကို ျပန္ေျပာေတာ့မွ သူမၾကံဳခဲ့တဲ့ေနရာက E-Lite ကား ေမွာက္ဖူးတဲ့ေနရာျဖစ္ေနတာ သိလုိက္ရၿပီး ဒီအျဖစ္အပ်က္က သူမဘ၀ရဲ႕ ေၾကာက္စရာအေကာင္းဆုံး အျဖစ္အပ်က္တစ္ခုပါ လုိ႕ေျပာျပခဲ့ပါတယ္။

source : May Pan Che (Sunday Journal)

အမြန်လမ်းမပေါ်မှာ ဆိုးဆိုးရွားရွား သရဲခြောက်ခံခဲ့ရတဲ့ မေပန်းချီ

မင်းသမီးချော မေပန်းချီကတော့ သူမကြုံတွေ့ခဲ့ရတဲဲ့ ပရလောကအကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျုးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ မေပန်းချီက သူမ ကလေးဘ၀ကတည်းက မြင်နေကြားနေရတယ်၊ တစ်နေရာရောက်ရင် သူမအနားမှာ မမလွတ်မကျွတ်သူတွေရှိနေပြီလားဆိုတာ သိနိုင်ကြားနိုင်တယ်၊ Tarrot ကတ်တွေ ဆွဲတဲ့အခါ သူမနောက်မှာ မကျွတ်မလွတ်သူတွေ အုံနဲ့ကျင်းနဲ့ ရှိနေသလိုခံစားရတာတွေရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။

မေပန်းချီက ခဏခဏ သရဲ ခြောက်ခံရတာတွေရှိခဲ့ပေမယ့် ဘ၀မှာ မှတ်မှတ်ရရနဲ့ဆိုးရွားရွား သရဲအခြောက်ခံရတာက ပရလောကသားတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အမြန်လမ်းမပေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခြောက်ခံရတဲ့နေ့ တုန်းက သူမဟာ ရိုက်ကူးရေးရှိနေတာကြောင့် ပြင်ဦးလွင်ကို သူမရယ်၊ ကားဆရာရယ်၊ မိတ်ကပ်ဆရာ (၂)ယောက်ရယ်နဲ့ ညဘက်ကြီး ခရီးထွက်ခဲ့ပါတယ်။ အိမ်ကနေ စထွက်ကတည်းက နိမိတ်တစ်ခုပြတာခံရတယ်၊ အမြန်လမ်းမပေါ်ကို ရောက်တော့ ည(၂)နာရီထိုးရှိပြီလို့ ဆိုပါတယ်။

သူမက ကားရှေ့ခန်းမှာ အိပ်ပြီးလိုက်ခဲ့တာပဲဖြစ်ပါတယ်။ အမြန်လမ်းရဲ့ အ၀ိုင်းနေရာလည်း ရောက်ရော သူမကို ‘မေပန်းချီရေ ထကြည့်ပါအုံး’ ဆိုပြီး ဘေးကကားဆရာနဲ့ မိတ်ကပ်ဆရာတို့က လာနှိုးသလို ခံစားလိုက်ရတယ်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမပေါ်ကို အမွေမဲမဲရှည်ရှည် နာနာဘာဝကြီးတစ်ကောင် တက်ဖိထားတာတွေ့ရပေမယ့် မျက်နှာကိုတော့ သေချာမမြင်ခဲ့ရဘူးလို့ ဆိုပါတယ်။ သူမ အော်လိုက်ပေမယ့် သူမအော်သံကို ဘေးကလူတွေ တစ်ယောက်မှမကြားခဲ့ပါဘူး။ အဲ့ဒါနဲ့ သူမက ပဌာန်းတွေ၊ ဘုရားစာတွေ ရွတ်လိုက်မှ အဲဒီအကောင်ကြီးက ပြုတ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။

သူမနိုးလာတော့ ဘေးကလူတွေ မေးကြည့်တော့မှ သူမကို ဘယ်သူမှမနိုးဘူး၊ သူမရဲ့ငြီးသံတွေတော့ ကြားတယ်လို့ဆိုပါတယ်။ နောက်တော့ သူမကြုံခဲ့တဲ့ အကြောင်းကို ပြန်ပြောတော့မှ သူမကြုံခဲ့တဲ့နေရာက E-Lite ကား မှောက်ဖူးတဲ့နေရာဖြစ်နေတာ သိလိုက်ရပြီး ဒီအဖြစ်အပျက်က သူမဘ၀ရဲ့ ကြောက်စရာအကောင်းဆုံး အဖြစ်အပျက်တစ်ခုပါ လို့ပြောပြခဲ့ပါတယ်။

source : May Pan Che (Sunday Journal)
အျမန္လမ္းမေပၚမွာ ဆုိးဆုိးရြားရြား သရဲေျခာက္ခံခဲ့ရတဲ့ ေမပန္းခ်ီ အျမန္လမ္းမေပၚမွာ ဆုိးဆုိးရြားရြား သရဲေျခာက္ခံခဲ့ရတဲ့ ေမပန္းခ်ီ


Reviewed by Unknown on February 04, 2018 Rating: 5

No comments:

Powered by Blogger.