ကားအရိွန္လြန္ေမာင္းျခင္းနဲ႔ အျခားဥပေဒခ်ိဳးေဖာက္တဲ့ အမွားေသးေလးေတြ က်ဴးလြန္တဲ့အခါ အဖမ္းဆီးခံရတာမ်ိဳးက စိတ္ညစ္စရာ ေကာင္းတတ္ပါတယ္။ ဒါေပမယ့္ မိန္းမေခ်ာေလးတစ္ေယာက္ ကားရပ္ဖို႔ အတားဆီးခံရတာမ်ိဳးက်ေတာ့ အေႏွာက္အယွက္တစ္ခုလုိ႔ မျမင္ေတာ့ဘဲ စိတ္ေပ်ာ္ရႊင္ရတယ္လုိ႔ ထင္မွတ္တဲ့သူေတြ ရွိေနမွာပါ။
ရဲသားအလုပ္ဟာ အႏၱရာယ္မ်ားတာေၾကာင့္ ရဲအမ်ားစုဟာ အမ်ိဳးသားေတြသာ ျဖစ္ေနေပမယ့္ ရဲရင့္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ကလည္း ရာဇဝတ္သားေတြကို ႏွိမ္နင္းဖို႔ ရဲတပ္ဖြဲ႔ထဲ ဝင္ၾကပါတယ္။ ရဲရင့္တဲ့အမ်ိဳးသမီးေတြထဲက တစ္ဦးကေတာ့ ဖိလစ္ပိုင္ႏုိင္ငံ ဒါဗာအိုျမိဳ႕က Mel Rose Duma ဆိုတဲ့ မိန္းမလွေလးပဲ ျဖစ္ပါတယ္။
သူမရဲ႕ လွပတဲ့မ်က္ႏွာနဲ႔ ႏြဲ႔ေႏွာင္းတဲ့ ခႏၶာကိုယ္ေၾကာင့္ ေပါ့ေသးေသးထင္လို႔ မရပါဘူး။ သူမလည္း အျခားရဲသားမ်ားနည္းတူ ၾကမ္းတမ္းခက္ခဲတဲ့ ေလ့်က်င့္ေရးေတြကို ေက်ာ္ျဖတ္ထားသူတစ္ဦးျဖစ္တာေၾကာင့္ ရဲေမတစ္ဦးအေနနဲ႔ အားေကာင္းတဲ့ အမ်ိဳးသားေတြကိုေတာင္ အႏုိင္ယူ ဖမ္းဆီးႏုိင္ပါတယ္။
Buhay Lespu ဆိုတဲ့ Facebook စာမ်က္ႏွာမွ Duma ရဲ႕ ပံုကို တင္လိုက္ရာကစျပီး သူမရဲ႕ အလွနဲ႔ သတၱိရွိမႈတုိ႔ဟာ လူအမ်ားၾကား ေက်ာ္ၾကားသြားခဲ့တာျဖစ္ျပီး သူမဟာ Tanauan ျမိဳ႕ကိုယ္စားျပဳ အလွမယ္ေဟာင္းတစ္ဦး ျဖစ္ေၾကာင္းလည္း သိရပါတယ္။ လွပတဲ့ ဖိလစ္ပိုင္ရဲေမအျဖစ္ ေက်ာ္ၾကားသူဟာ Duma တစ္ဦးတည္းေတာ့ မဟုတ္ပါဘူး။
(၂၀၁၇)ခုႏွစ္အတြင္း လွပတဲ့ ရဲေမမ်ားရဲ႕ပံုေတြ မ်ားစြာပ်ံ႔ႏွံ႔ခဲ့ရာ ဖိလစ္ပိုင္ရဲေမမ်ားျဖစ္တဲ့ Eanne Tabora Cayabyab နဲ႔ Joean Valencia တို႔လည္း အပါအဝင္ျဖစ္ပါတယ္။
SHARE FROM White (Shwemom)
အဖမ်းခံချင်စိတ် ဖြစ်စေလောက်အောင် လှနိုင်လွန်းတဲ့ ဖိလစ်ပိုင် ရဲမေလေးတစ်ဦး
ကားအရှိန်လွန်မောင်းခြင်းနဲ့ အခြားဥပဒေချိုးဖောက်တဲ့ အမှားသေးလေးတွေ ကျူးလွန်တဲ့အခါ အဖမ်းဆီးခံရတာမျိုးက စိတ်ညစ်စရာ ကောင်းတတ်ပါတယ်။ ဒါပေမယ့် မိန်းမချောလေးတစ်ယောက် ကားရပ်ဖို့ အတားဆီးခံရတာမျိုးကျတော့ အနှောက်အယှက်တစ်ခုလို့ မမြင်တော့ဘဲ စိတ်ပျော်ရွှင်ရတယ်လို့ ထင်မှတ်တဲ့သူတွေ ရှိနေမှာပါ။
ရဲသားအလုပ်ဟာ အန္တရာယ်များတာကြောင့် ရဲအများစုဟာ အမျိုးသားတွေသာ ဖြစ်နေပေမယ့် ရဲရင့်တဲ့ အမျိုးသမီးအချို့ကလည်း ရာဇဝတ်သားတွေကို နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ထဲ ဝင်ကြပါတယ်။ ရဲရင့်တဲ့အမျိုးသမီးတွေထဲက တစ်ဦးကတော့ ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုမြို့က Mel Rose Duma ဆိုတဲ့ မိန်းမလှလေးပဲ ဖြစ်ပါတယ်။
သူမရဲ့ လှပတဲ့မျက်နှာနဲ့ နွဲ့နှောင်းတဲ့ ခန္ဓာကိုယ်ကြောင့် ပေါ့သေးသေးထင်လို့ မရပါဘူး။ သူမလည်း အခြားရဲသားများနည်းတူ ကြမ်းတမ်းခက်ခဲတဲ့ လေ့ျကျင့်ရေးတွေကို ကျော်ဖြတ်ထားသူတစ်ဦးဖြစ်တာကြောင့် ရဲမေတစ်ဦးအနေနဲ့ အားကောင်းတဲ့ အမျိုးသားတွေကိုတောင် အနိုင်ယူ ဖမ်းဆီးနိုင်ပါတယ်။
Buhay Lespu ဆိုတဲ့ Facebook စာမျက်နှာမှ Duma ရဲ့ ပုံကို တင်လိုက်ရာကစပြီး သူမရဲ့ အလှနဲ့ သတ္တိရှိမှုတို့ဟာ လူအများကြား ကျော်ကြားသွားခဲ့တာဖြစ်ပြီး သူမဟာ Tanauan မြို့ကိုယ်စားပြု အလှမယ်ဟောင်းတစ်ဦး ဖြစ်ကြောင်းလည်း သိရပါတယ်။ လှပတဲ့ ဖိလစ်ပိုင်ရဲမေအဖြစ် ကျော်ကြားသူဟာ Duma တစ်ဦးတည်းတော့ မဟုတ်ပါဘူး။
(၂၀၁၇)ခုနှစ်အတွင်း လှပတဲ့ ရဲမေများရဲ့ပုံတွေ များစွာပျံ့နှံ့ခဲ့ရာ ဖိလစ်ပိုင်ရဲမေများဖြစ်တဲ့ Eanne Tabora Cayabyab နဲ့ Joean Valencia တို့လည်း အပါအဝင်ဖြစ်ပါတယ်။
SHARE FROM White (Shwemom)
အဖမ္းခံခ်င္စိတ္ ျဖစ္ေစေလာက္ေအာင္ လွႏုိင္လြန္းတဲ့ ဖိလစ္ပိုင္ ရဲေမေလးတစ္ဦး
Reviewed by Unknown
on
February 04, 2018
Rating:
No comments:
Post a Comment