ကြၽန္ေတာ္တို႔ မိသားစုက ေတာ္ေတာ္ခ်ဳိ႕တဲ့တာဗ် ဘယ္ေလာက္ေတာင္လဲ ဆိုရင္အိမ္မွာပိုက္ဆံကလြဲရင္တျခားဘာမွမ႐ွိဘူး
ကြၽန္ေတာ္တို႔ မိသားစုက ေတာ္ေတာ္ ခ်ဳိ႕တဲ့တာဗ်။ ဘယ္ေလာက္ေတာင္ ခ်ဳိ႕တဲ့သလဲ ဆိုရင္ အိမ္မွာ ပိုက္ဆံက လြဲရင္ တျခား ဘာမွ မ႐ွိဘူး။ အေဖနဲ႔ အေမ ဆိုရင္လည္း တစ္ေန႔ တစ္ေန႔ ေငြေရတဲ့ အလုပ္နဲ႔ပဲ မိုးလင္း မိုးခ်ဳပ္ အခ်ိန္ကုန္ ေနတာ။ ေငြေရစက္ေတြ ဆိုတာကလည္း အလုပ္လုပ္ရ လြန္းလို႔ ပ်က္လိုက္တာ ခဏခဏ။
ကြၽန္ေတာ္တို႔ ေမာင္ႏွမေတြ ဆိုရင္လည္း ၾကမ္းျပင္ေပၚ က်ေနတဲ့ ပိုက္ဆံ ေတြကို တံျမက္စည္းလွဲ၊ ေဂၚျပားနဲ႔ က်ဳံးၿပီး အမိႈက္ပံုးထဲ သြားပစ္ေပးတဲ့ အလုပ္ေလာက္ေတာ့ ဝိုင္းကူ ရတာေပါ့။ အိမ္မွာ ဘာမွ မ႐ွိေတာ့ ခ်မ္းရင္လည္း ပိုက္ဆံေတြပဲ ခ်ဳံအိပ္ရတယ္။ ပိုက္ဆံပဲ ခင္းအိပ္ ရတယ္။ ေဆာင္းတြင္းဆို ပိုက္ဆံေတြ မီး႐ႈိ႕ၿပီးေတာင္ မီးလႈံရတယ္။ အိမ္သာ တက္ၿပီး ရင္လည္း အိမ္သာသံုး စကၠဴ မ႐ွိလို႔ ပိုက္ဆံနဲ႔ပဲ သန္႔႐ွင္းေရး လုပ္ရတယ္။
ကြၽန္ေတာ္ ေက်ာင္းသြားၿပီ ဆိုရင္ မုန္႔ဖိုး ေပးတဲ့ ပိုက္ဆံကပဲ ေက်ာပိုးအိတ္နဲ႔ တစ္လံုး။ ခင္ဗ်ားတို္႔ပဲ စဥ္းစားၾကည့္ေလ။ ေက်ာင္းလြယ္အိတ္က တစ္ဘက္ ပိုက္ဆံ အိတ္ႀကီးက တစ္ဘက္ ဆိုေတာ့ ဘယ္လို အဆင္ေျပ မလဲ။ ဒီေတာ့ အိမ္က လူႀကီးေတြ လစ္တာနဲ႔ နီးစပ္ရာ အမိႈက္ပံုတို႔ ေရေျမာင္း တို႔ထဲကို ပစ္ခ် ခဲ့ရ တာေပါ့။ ေပးလိုက္တဲ့ ပိုက္ဆံ ကုန္ေအာင္ သံုးမလာ ရင္လည္း အေဖက ဆူေသးတာကိုး။
ပိုက္ဆံေတြက ေရလို႔ မႏိုင္ေတာ့ အေဖက သိမ္းမထား ေတာ့ဘဲ ေျမာင္းထဲ လႊင့္ပစ္တယ္။ ေရေျမာင္းေတြ ပိတ္ကုန္လို႔ ရပ္ကြက္က ဝိုင္းေျပာတာနဲ႔ မီး႐ႈိ႕ပစ္ရတယ္။ ဒါလည္း အခ်ိန္ အၾကာႀကီး ႐ႈိ႕ရလို႔ စိတ္မရွည္ တာနဲ႔ ေနာက္ဆံုး ဒိုင္းနမိုက္ နဲ႔ပါ ခြဲပစ္ရတဲ့ အထိပဲ။ ကြၽန္ေတာ္ဆို တခါတေလ ဖာရာရီတို႔၊ လမ္ေဘာ္ဂနီတို႔ ဝယ္ၿပီး ပိုက္ဆံေတြ ေဖာက္ခြဲတဲ့ အခ်ိန္မွာ ထည့္ျပီး ေဖာက္ခြဲတမ္း ကစားတယ္။
ေနာက္ေတာ့ အေဖက ကြၽန္ေတာ့္ကို ေက်ာင္းထုတ္ လိုက္တယ္။ ပညာေတြ တတ္ရင္ အရြယ္ေရာက္ လာတဲ့အခါ ပိုက္ဆံေတြ ထပ္႐ွာေနမွာ စိုးလို႔တဲ့။ ဒါဆို အခုထက္ ပိုဒုကၡ ေရာက္ကုန္မွာ။ တစ္ခါကလည္း အေဖက သေဘာၤႀကီး တစ္စီးဝယ္ၿပီး အိမ္က ပိုက္ဆံေတြကို ကြန္တိန္နာ ေတြနဲ႔ ထည့္တယ္။ ေနာက္ေတာ့ ပင္လယ္ထဲမွာ သေဘာၤေရာ ကြန္တိန္နာ ေတြပါ တမင္ ျမႇဳပ္ပစ္လိုက္တယ္။
အဲဒီရက္ပိုင္း ကေတာ့ အိမ္မွာ ပိုက္ဆံ မျမင္ရလို႔ ေပ်ာ္လိုက္တာဗ်ာ။ ဒါေပမယ့္ သိပ္မၾကာပါဘူး။ တစ္ပတ္ေလာက္ ၾကာေတာ့ အရင္အတိုင္း ျပန္ျပည့္ သြားတာပါပဲ။ ကိုယ့္ဘဝကိုယ္ ဝမ္းနည္းလြန္းလို႔ ညဘက္ ညဘက္ ပိုက္ဆံပံုေပၚ ေမွာက္ၿပီး ႀကိတ္ငို မိတယ္။ ဘဝ ဆက္တိုင္း ဒီလို အျဖစ္မ်ဳိးနဲ႔ မၾကံဳရ ပါေစနဲ႔လို႔လည္း ဘုရား ေရာက္တိုင္း ဆုေတာင္း မိတယ္။ သူငယ္ခ်င္း တို႔လည္း ကြၽန္ေတာ့္ ဘဝကို စာနာရင္ ဖိုက္တင္းလို႔ မန္႔ေပး သြားေနာ္။
(ဟိုးအရင္က ဖတ္ဖူးတဲ့ စာေျပာင္ေလး တစ္ပုဒ္ကို မွတ္မိ သေလာက္ ျပန္ေရးထား တာပါ။ မူရင္း ေရးသူကို ခရက္ဒစ္ ေပးပါတယ္)
SOURCE@ZIN THAW NAING
ကျွန်တော်တို့ မိသားစုက တော်တော်ချို့တဲ့တာဗျ ဘယ်လောက်တောင်လဲ ဆိုရင်အိမ်မှာပိုက်ဆံကလွဲရင်တခြားဘာမှမရှိဘူး
ကျွန်တော်တို့ မိသားစုက တော်တော် ချို့တဲ့တာဗျ။ ဘယ်လောက်တောင် ချို့တဲ့သလဲ ဆိုရင် အိမ်မှာ ပိုက်ဆံက လွဲရင် တခြား ဘာမှ မရှိဘူး။ အဖေနဲ့ အမေ ဆိုရင်လည်း တစ်နေ့ တစ်နေ့ ငွေရေတဲ့ အလုပ်နဲ့ပဲ မိုးလင်း မိုးချုပ် အချိန်ကုန် နေတာ။ ငွေရေစက်တွေ ဆိုတာကလည်း အလုပ်လုပ်ရ လွန်းလို့ ပျက်လိုက်တာ ခဏခဏ။
ကျွန်တော်တို့ မောင်နှမတွေ ဆိုရင်လည်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပိုက်ဆံ တွေကို တံမြက်စည်းလှဲ၊ ဂေါ်ပြားနဲ့ ကျုံးပြီး အမှိုက်ပုံးထဲ သွားပစ်ပေးတဲ့ အလုပ်လောက်တော့ ဝိုင်းကူ ရတာပေါ့။ အိမ်မှာ ဘာမှ မရှိတော့ ချမ်းရင်လည်း ပိုက်ဆံတွေပဲ ချုံအိပ်ရတယ်။ ပိုက်ဆံပဲ ခင်းအိပ် ရတယ်။ ဆောင်းတွင်းဆို ပိုက်ဆံတွေ မီးရှို့ပြီးတောင် မီးလှုံရတယ်။ အိမ်သာ တက်ပြီး ရင်လည်း အိမ်သာသုံး စက္ကူ မရှိလို့ ပိုက်ဆံနဲ့ပဲ သန့်ရှင်းရေး လုပ်ရတယ်။
ကျွန်တော် ကျောင်းသွားပြီ ဆိုရင် မုန့်ဖိုး ပေးတဲ့ ပိုက်ဆံကပဲ ကျောပိုးအိတ်နဲ့ တစ်လုံး။ ခင်ဗျားတို့်ပဲ စဉ်းစားကြည့်လေ။ ကျောင်းလွယ်အိတ်က တစ်ဘက် ပိုက်ဆံ အိတ်ကြီးက တစ်ဘက် ဆိုတော့ ဘယ်လို အဆင်ပြေ မလဲ။ ဒီတော့ အိမ်က လူကြီးတွေ လစ်တာနဲ့ နီးစပ်ရာ အမှိုက်ပုံတို့ ရေမြောင်း တို့ထဲကို ပစ်ချ ခဲ့ရ တာပေါ့။ ပေးလိုက်တဲ့ ပိုက်ဆံ ကုန်အောင် သုံးမလာ ရင်လည်း အဖေက ဆူသေးတာကိုး။
ပိုက်ဆံတွေက ရေလို့ မနိုင်တော့ အဖေက သိမ်းမထား တော့ဘဲ မြောင်းထဲ လွှင့်ပစ်တယ်။ ရေမြောင်းတွေ ပိတ်ကုန်လို့ ရပ်ကွက်က ဝိုင်းပြောတာနဲ့ မီးရှို့ပစ်ရတယ်။ ဒါလည်း အချိန် အကြာကြီး ရှို့ရလို့ စိတ်မရှည် တာနဲ့ နောက်ဆုံး ဒိုင်းနမိုက် နဲ့ပါ ခွဲပစ်ရတဲ့ အထိပဲ။ ကျွန်တော်ဆို တခါတလေ ဖာရာရီတို့၊ လမ်ဘော်ဂနီတို့ ဝယ်ပြီး ပိုက်ဆံတွေ ဖောက်ခွဲတဲ့ အချိန်မှာ ထည့်ပြီး ဖောက်ခွဲတမ်း ကစားတယ်။
နောက်တော့ အဖေက ကျွန်တော့်ကို ကျောင်းထုတ် လိုက်တယ်။ ပညာတွေ တတ်ရင် အရွယ်ရောက် လာတဲ့အခါ ပိုက်ဆံတွေ ထပ်ရှာနေမှာ စိုးလို့တဲ့။ ဒါဆို အခုထက် ပိုဒုက္ခ ရောက်ကုန်မှာ။ တစ်ခါကလည်း အဖေက သဘောၤကြီး တစ်စီးဝယ်ပြီး အိမ်က ပိုက်ဆံတွေကို ကွန်တိန်နာ တွေနဲ့ ထည့်တယ်။ နောက်တော့ ပင်လယ်ထဲမှာ သဘောၤရော ကွန်တိန်နာ တွေပါ တမင် မြှုပ်ပစ်လိုက်တယ်။
အဲဒီရက်ပိုင်း ကတော့ အိမ်မှာ ပိုက်ဆံ မမြင်ရလို့ ပျော်လိုက်တာဗျာ။ ဒါပေမယ့် သိပ်မကြာပါဘူး။ တစ်ပတ်လောက် ကြာတော့ အရင်အတိုင်း ပြန်ပြည့် သွားတာပါပဲ။ ကိုယ့်ဘဝကိုယ် ဝမ်းနည်းလွန်းလို့ ညဘက် ညဘက် ပိုက်ဆံပုံပေါ် မှောက်ပြီး ကြိတ်ငို မိတယ်။ ဘဝ ဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ မကြုံရ ပါစေနဲ့လို့လည်း ဘုရား ရောက်တိုင်း ဆုတောင်း မိတယ်။ သူငယ်ချင်း တို့လည်း ကျွန်တော့် ဘဝကို စာနာရင် ဖိုက်တင်းလို့ မန့်ပေး သွားနော်။
(ဟိုးအရင်က ဖတ်ဖူးတဲ့ စာပြောင်လေး တစ်ပုဒ်ကို မှတ်မိ သလောက် ပြန်ရေးထား တာပါ။ မူရင်း ရေးသူကို ခရက်ဒစ် ပေးပါတယ်)
SOURCE@ZIN THAW NAING
ကြၽန္ေတာ္တို႔ မိသားစုက ေတာ္ေတာ္ခ်ဳိ႕တဲ့တာဗ် ဘယ္ေလာက္ေတာင္လဲ ဆိုရင္အိမ္မွာပိုက္ဆံကလြဲရင္တျခားဘာမွမ႐ွိဘူး
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment