ကြၽန္​​ေတာ္​တို႔ မိသားစုက ေတာ္​​ေတာ္​ခ်ဳိ႕တ​ဲ့တာဗ် ဘယ္​​ေလာက္​​ေတာင္လဲ ဆိုရင္​အိမ္​မွာပိုက္ဆံ​ကလြဲရင္​တျခားဘာမွမ႐ွိဘူး



ကြၽန္​​ေတာ္​တို႔ မိသားစုက ​ေတာ္​​ေတာ္​ ခ်ဳိ႕တ​ဲ့တာဗ်။ ဘယ္​​ေလာက္​​ေတာင္​ ခ်ဳိ႕တဲ့သလဲ ဆိုရင္​ အိမ္​မွာ ​ပိုက္ဆံ​က လြဲရင္​ တျခား ဘာမွ မ႐ွိဘူး။ အ​ေဖနဲ႔ အ​ေမ ဆိုရင္​လည္​း တစ္​​ေန႔ တစ္​​ေန႔ ​ေငြ​ေရတဲ့ အလုပ္​နဲ႔ပဲ မိုးလင္​း မိုးခ်ဳပ္​ အခ်ိန္​ကုန္​ ​ေနတာ။ ​ေငြ​ေရစက္​​ေတြ ဆိုတာကလည္​း အလုပ္​လုပ္​ရ လြန္​းလို႔ ပ်က္​လိုက္​တာ ခဏခဏ။

ကြၽန္​​ေတာ္​တို႔ ေမာင္​ႏွမ​ေတြ ဆိုရင္​လည္​း ၾကမ္​းျပင္​​ေပၚ က်​ေနတဲ့ ​ပိုက္ဆံ ​ေတြကို တံျမက္​စည္​းလွဲ၊ ​ေဂၚျပားနဲ႔ က်ဳံးၿပီး အမိႈက္​ပံုး​ထဲ သြားပစ္​​ေပးတဲ့ အလုပ္​​ေလာက္​​ေတာ့ ဝိုင္​းကူ ရတာ​ေပါ့။ အိမ္​မွာ ဘာမွ မ႐ွိ​ေတာ့ ခ်မ္​းရင္​လည္​း ပိုက္​ဆံ​ေတြပဲ ခ​်ဳံအိပ္​ရတယ္​။ ပိုက္​ဆံပဲ ခင္​းအိပ္​ ရတယ္​။ ​ေဆာင္​းတြင္​းဆို ပိုက္​ဆံ​ေတြ မီး႐ႈိ႕ၿပီး​ေတာင္​ မီးလႈံရတယ္​။ အိမ္​သာ တက္​ၿပီး ရင္​လည္​း အိမ္​သာသံုး စကၠဴ မ႐ွိလို႔ ပိုက္​ဆံနဲ႔ပဲ သန္႔႐ွင္း​ေရး လုပ္​ရတယ္​။

ကြၽန္​​ေတာ္​ ​ေက်ာင္​းသြားၿပီ ဆိုရင္​ မုန္​႔ဖိုး ​ေပးတဲ့ ပိုက္​ဆံကပဲ ​ေက်ာပိုးအိတ္​နဲ႔ တစ္​လံုး။ ခင္​ဗ်ားတို္​႔ပဲ စဥ္​းစားၾကည္​့​ေလ။ ​ေက်ာင္​းလြယ္​အိတ္​က တစ္​ဘက္​ ပိုက္​ဆံ အိတ္​ႀကီးက တစ္​ဘက္​ ဆို​ေတာ့ ဘယ္​လို အဆင္​​ေျပ မလဲ။ ဒီ​ေတာ့ အိမ္​က လူႀကီး​ေတြ လစ္​တာနဲ႔ နီးစပ္​ရာ အမိႈက္​ပံုတို႔ ​ေရ​ေျမာင္​း တို႔ထဲကို ပစ္​ခ် ခဲ့ရ တာ​ေပါ့။ ​ေပးလိုက္​တဲ့ ပိုက္​ဆံ ကုန္​​ေအာင္​ သံုးမလာ ရင္​လည္​း အ​ေဖက ဆူ​ေသးတာကိုး။





ပိုက္​ဆံ​ေတြက ​ေရလို႔ မႏိုင္​​ေတာ့ အ​ေဖက သိမ္​းမထား ​ေတာ့ဘဲ ​ေျမာင္​းထဲ လႊင္​့ပစ္​တယ္​။ ​ေရ​ေျမာင္​း​ေတြ ပိတ္​ကုန္​လို႔ ရပ္​ကြက္​က ဝိုင္​း​ေျပာတာနဲ႔ မီး႐ႈိ႕ပစ္​ရတယ္​။ ဒါလည္​း ​အခ်ိန္​ အၾကာႀကီး ႐ႈိ႕ရလို႔ စိတ္​မရွည္​​ တာနဲ႔ ​ေနာက္​ဆံုး ဒိုင္​းနမိုက္​ နဲ႔ပါ ခြဲပစ္​ရတဲ့ အထိပဲ။ ကြၽန္​​ေတာ္​ဆို တခါတ​ေလ ဖာရာရီတို႔၊ လမ္​​ေဘာ္​ဂနီတို႔ ဝယ္​ၿပီး ပိုက္​ဆံ​ေတြ ​ေဖာက္​ခြဲတဲ့ အခ်ိန္​မွာ ထည့္ျပီး ​ေဖာက္​ခြဲတမ္​း ကစား​တယ္​။

​ေနာက္​​ေတာ့ အ​ေဖက ကြၽန္​​ေတာ္​့ကို ​ေက်ာင္​းထုတ္​ လိုက္​တယ္​​။ ပညာ​ေတြ တတ္​ရင္​ အရြယ္​​ေရာက္ ​လာတဲ့အခါ​ ပိုက္​ဆံ​ေတြ ထပ္​႐ွာ​ေနမွာ စိုးလို႔တဲ့။ ဒါဆို အခုထက္​ ပိုဒုကၡ ​ေရာက္​ကုန္​မွာ။ တစ္​ခါကလည္​း အ​ေဖက သ​ေဘာၤႀကီး တစ္​စီးဝယ္​ၿပီး အိမ္​က ပိုက္​ဆံ​ေတြကို ကြန္​တိန္​နာ ​ေတြနဲ႔ ထည္​့တယ္​။ ​ေနာက္​​ေတာ့ ပင္​လယ္​ထဲမွာ သ​ေဘာၤ​ေရာ ကြန္​တိန္​နာ ​ေတြပါ တမင္​ ျမႇဳပ္​ပစ္​လိုက္​တယ္​။

အဲဒီရက္​ပိုင္​း က​ေတာ့ အိမ္​မွာ ပိုက္​ဆံ မျမင္​ရလို႔ ​ေပ်ာ္​လိုက္​တာဗ်ာ။ ဒါ​ေပမယ္​့ သိပ္​မၾကာပါဘူး။ တစ္​ပတ္​​ေလာက္​ ၾကာ​ေတာ့ အရင္​အတိုင္​း ျပန္​ျပည္​့ သြားတာပါပဲ။ ကိုယ္​့ဘဝကိုယ္​ ဝမ္​းနည္​းလြန္​းလို႔ ညဘက္​ ညဘက္​ ပိုက္​ဆံပံု​ေပၚ ​ေမွာက္​ၿပီး ႀကိတ္​ငို မိတယ္​။ ဘဝ ဆက္​တိုင္​း ဒီလို အျဖစ္​မ်ဳိးနဲ႔ မၾကံဳရ ပါ​ေစနဲ႔လို႔လည္​း ဘုရား ​ေရာက္​တိုင္​း ဆု​ေတာင္​း မိတယ္​။ သူငယ္​ခ်င္​း တို႔လည္​း ကြၽန္​​ေတာ္​့ ဘဝကို စာနာရင္​ ဖိုက္​တင္​းလို႔ မန္​႔​ေပး သြား​ေနာ္​။

(ဟိုးအရင္​က ဖတ္​ဖူးတဲ့ စာ​​ေျပာင္​ေလး တစ္​ပုဒ္​ကို မွတ္​မိ သ​ေလာက္​ ျပန္​​ေရးထား တာပါ။ မူရင္​း ​ေရးသူကို ခရက္​ဒစ္​ ​ေပးပါတယ္​)

SOURCE@ZIN THAW NAING

ကျွန်​​တော်​တို့ မိသားစုက တော်​​တော်​ချို့တ​ဲ့တာဗျ ဘယ်​​လောက်​​တောင်လဲ ဆိုရင်​အိမ်​မှာပိုက်ဆံ​ကလွဲရင်​တခြားဘာမှမရှိဘူး

ကျွန်​​တော်​တို့ မိသားစုက ​တော်​​တော်​ ချို့တ​ဲ့တာဗျ။ ဘယ်​​လောက်​​တောင်​ ချို့တဲ့သလဲ ဆိုရင်​ အိမ်​မှာ ​ပိုက်ဆံ​က လွဲရင်​ တခြား ဘာမှ မရှိဘူး။ အ​ဖေနဲ့ အ​မေ ဆိုရင်​လည်​း တစ်​​နေ့ တစ်​​နေ့ ​ငွေ​ရေတဲ့ အလုပ်​နဲ့ပဲ မိုးလင်​း မိုးချုပ်​ အချိန်​ကုန်​ ​နေတာ။ ​ငွေ​ရေစက်​​တွေ ဆိုတာကလည်​း အလုပ်​လုပ်​ရ လွန်​းလို့ ပျက်​လိုက်​တာ ခဏခဏ။

ကျွန်​​တော်​တို့ မောင်​နှမ​တွေ ဆိုရင်​လည်​း ကြမ်​းပြင်​​ပေါ် ကျ​နေတဲ့ ​ပိုက်ဆံ ​တွေကို တံမြက်​စည်​းလှဲ၊ ​ဂေါ်ပြားနဲ့ ကျုံးပြီး အမှိုက်​ပုံး​ထဲ သွားပစ်​​ပေးတဲ့ အလုပ်​​လောက်​​တော့ ဝိုင်​းကူ ရတာ​ပေါ့။ အိမ်​မှာ ဘာမှ မရှိ​တော့ ချမ်​းရင်​လည်​း ပိုက်​ဆံ​တွေပဲ ခ​ျုံအိပ်​ရတယ်​။ ပိုက်​ဆံပဲ ခင်​းအိပ်​ ရတယ်​။ ​ဆောင်​းတွင်​းဆို ပိုက်​ဆံ​တွေ မီးရှို့ပြီး​တောင်​ မီးလှုံရတယ်​။ အိမ်​သာ တက်​ပြီး ရင်​လည်​း အိမ်​သာသုံး စက္ကူ မရှိလို့ ပိုက်​ဆံနဲ့ပဲ သန့်ရှင်း​ရေး လုပ်​ရတယ်​။

ကျွန်​​တော်​ ​ကျောင်​းသွားပြီ ဆိုရင်​ မုန်​့ဖိုး ​ပေးတဲ့ ပိုက်​ဆံကပဲ ​ကျောပိုးအိတ်​နဲ့ တစ်​လုံး။ ခင်​ဗျားတို်​့ပဲ စဉ်​းစားကြည်​့​လေ။ ​ကျောင်​းလွယ်​အိတ်​က တစ်​ဘက်​ ပိုက်​ဆံ အိတ်​ကြီးက တစ်​ဘက်​ ဆို​တော့ ဘယ်​လို အဆင်​​ပြေ မလဲ။ ဒီ​တော့ အိမ်​က လူကြီး​တွေ လစ်​တာနဲ့ နီးစပ်​ရာ အမှိုက်​ပုံတို့ ​ရေ​မြောင်​း တို့ထဲကို ပစ်​ချ ခဲ့ရ တာ​ပေါ့။ ​ပေးလိုက်​တဲ့ ပိုက်​ဆံ ကုန်​​အောင်​ သုံးမလာ ရင်​လည်​း အ​ဖေက ဆူ​သေးတာကိုး။

ပိုက်​ဆံ​တွေက ​ရေလို့ မနိုင်​​တော့ အ​ဖေက သိမ်​းမထား ​တော့ဘဲ ​မြောင်​းထဲ လွှင်​့ပစ်​တယ်​။ ​ရေ​မြောင်​း​တွေ ပိတ်​ကုန်​လို့ ရပ်​ကွက်​က ဝိုင်​း​ပြောတာနဲ့ မီးရှို့ပစ်​ရတယ်​။ ဒါလည်​း ​အချိန်​ အကြာကြီး ရှို့ရလို့ စိတ်​မရှည်​​ တာနဲ့ ​နောက်​ဆုံး ဒိုင်​းနမိုက်​ နဲ့ပါ ခွဲပစ်​ရတဲ့ အထိပဲ။ ကျွန်​​တော်​ဆို တခါတ​လေ ဖာရာရီတို့၊ လမ်​​ဘော်​ဂနီတို့ ဝယ်​ပြီး ပိုက်​ဆံ​တွေ ​ဖောက်​ခွဲတဲ့ အချိန်​မှာ ထည့်ပြီး ​ဖောက်​ခွဲတမ်​း ကစား​တယ်​။

​နောက်​​တော့ အ​ဖေက ကျွန်​​တော်​့ကို ​ကျောင်​းထုတ်​ လိုက်​တယ်​​။ ပညာ​တွေ တတ်​ရင်​ အရွယ်​​ရောက် ​လာတဲ့အခါ​ ပိုက်​ဆံ​တွေ ထပ်​ရှာ​နေမှာ စိုးလို့တဲ့။ ဒါဆို အခုထက်​ ပိုဒုက္ခ ​ရောက်​ကုန်​မှာ။ တစ်​ခါကလည်​း အ​ဖေက သ​ဘောၤကြီး တစ်​စီးဝယ်​ပြီး အိမ်​က ပိုက်​ဆံ​တွေကို ကွန်​တိန်​နာ ​တွေနဲ့ ထည်​့တယ်​။ ​နောက်​​တော့ ပင်​လယ်​ထဲမှာ သ​ဘောၤ​ရော ကွန်​တိန်​နာ ​တွေပါ တမင်​ မြှုပ်​ပစ်​လိုက်​တယ်​။

အဲဒီရက်​ပိုင်​း က​တော့ အိမ်​မှာ ပိုက်​ဆံ မမြင်​ရလို့ ​ပျော်​လိုက်​တာဗျာ။ ဒါ​ပေမယ်​့ သိပ်​မကြာပါဘူး။ တစ်​ပတ်​​လောက်​ ကြာ​တော့ အရင်​အတိုင်​း ပြန်​ပြည်​့ သွားတာပါပဲ။ ကိုယ်​့ဘဝကိုယ်​ ဝမ်​းနည်​းလွန်​းလို့ ညဘက်​ ညဘက်​ ပိုက်​ဆံပုံ​ပေါ် ​မှောက်​ပြီး ကြိတ်​ငို မိတယ်​။ ဘဝ ဆက်​တိုင်​း ဒီလို အဖြစ်​မျိုးနဲ့ မကြုံရ ပါ​စေနဲ့လို့လည်​း ဘုရား ​ရောက်​တိုင်​း ဆု​တောင်​း မိတယ်​။ သူငယ်​ချင်​း တို့လည်​း ကျွန်​​တော်​့ ဘဝကို စာနာရင်​ ဖိုက်​တင်​းလို့ မန်​့​ပေး သွား​နော်​။

(ဟိုးအရင်​က ဖတ်​ဖူးတဲ့ စာ​​ပြောင်​လေး တစ်​ပုဒ်​ကို မှတ်​မိ သ​လောက်​ ပြန်​​ရေးထား တာပါ။ မူရင်​း ​ရေးသူကို ခရက်​ဒစ်​ ​ပေးပါတယ်​)

SOURCE@ZIN THAW NAING
ကြၽန္​​ေတာ္​တို႔ မိသားစုက ေတာ္​​ေတာ္​ခ်ဳိ႕တ​ဲ့တာဗ် ဘယ္​​ေလာက္​​ေတာင္လဲ ဆိုရင္​အိမ္​မွာပိုက္ဆံ​ကလြဲရင္​တျခားဘာမွမ႐ွိဘူး ကြၽန္​​ေတာ္​တို႔ မိသားစုက ေတာ္​​ေတာ္​ခ်ဳိ႕တ​ဲ့တာဗ် ဘယ္​​ေလာက္​​ေတာင္လဲ ဆိုရင္​အိမ္​မွာပိုက္ဆံ​ကလြဲရင္​တျခားဘာမွမ႐ွိဘူး Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.