Valentine’s Day မွာဆုိရင္ ေတာ္ေတာ္မ်ားမ်ားက သူတို႔ခ်စ္သူကို ေခ်ာကလက္ေတြ၊ ပန္းစည္းေတြ၊အရုပ္ႀကီးေတြကို လက္ေဆာင္ ေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ဘန္ေကာက္မွာရွိတဲဲ့ ေက်ာင္းသူေလးကေတာ့ သူမရဲ႕ခ်စ္သူအတြက္ သူမ်ားနဲ႔ မတူဘဲ ထူူးထူးျခားျခားေလး လက္ေဆာင္ေပးခဲ့ပါတယ္။ ဒီသတင္းေလးကေတာ့ အြန္လိုင္းမွာ နာမည္ႀကီးေနပါတယ္။ ေကာင္ေလးေတာ္ေတာ္မ်ားမ်ားကို အားက်စိတ္၀င္မိေစခဲ့တဲ့ လက္ေဆာင္ေလးပါ။
အမွန္ကေတာ့ ခ်စ္သူမ်ားေန႔ အတြက္တင္မဟုတ္ပါဘူး။ ေကာင္ေလးရဲ႕ ေမြးေန႔နဲဲ႔ ခ်စ္သူမ်ားေန႔ႏွစ္ခု ေပါင္းၿပီး Surprise လက္ေဆာင္ေပးခဲ့တာပါ။ လက္ေဆာင္ကေတာ့ ပန္းစည္းပါ။ ဒါေပမယ့္ ပန္းစည္းက နယ္နယ္ရရ မဟုတ္ဘဲ ပိုက္ဆံေတြကုိ ပန္းပုံေဖာ္ထားတဲ့ ပန္စည္းပါ။ Pilaslak Puenchoke ဆိုတဲ့ ေကာ်င္းသူေလးက သူမရဲ႕ခ်စ္သူ Tua အသက္ (၂၅) ႏွစ္အတြက္ ဒီလက္ေဆာင္ေလးေပးခဲ့တာပါ။
ခ်စ္သူေကာင္ေလးက သူ႔အတြက္ ေမြးေန႔နဲ႔ ခ်စ္သူမ်ားေန႔အတြက္ လက္ေဆာင္ေပးရင္ အမ်ိဳးသားသံုးပစၥည္းမ်ိဳးေတြကိုပဲ ေပးပါလို႔ ေကာင္မေလးကို ေတာင္းဆိုထားခဲ့တာပါ။ အဲဒီမွာပဲ ေကာင္မေလးက ထိုင္းဘတ္ေငြ တစ္သိန္းကို ပန္းပညာရွင္ဆီအပ္ၿပီး ဒီပိုက္ဆံေတြကို ပန္းစည္းအျဖစ္ လုပ္ေပးဖို႔ ေတာင္း ဆိုခဲ့တာပါ။
ေကာင္ေလးက သူ႔မိတ္ေဆြေတြနဲ႔အတူ ထိုင္ေနတဲ့ စားေသာက္ဆိုင္ကို ေကာင္မေလးက ရုတ္္တရက္ေရာက္လာၿပီး ခ်စ္သူအတြက္ Surprise လုပ္ေပးခဲ့တာပါ။ သူမ ၀င္လာခ်ိန္မွာလည္း Birthday Song ဆုိေပ ဖုိ႔ သီခ်င္းဆိုသူကို ေတာင္းဆိုထားခဲ့ပါတယ္။ ” ဒီလက္ေဆာင္က သူ႔အတြက္ လံုး၀ Surprise ျဖစ္ခဲ့ပါတယ္..သူက တန္ဖိုး ႀကီး လက္ေဆာင္ေတြ၊ ဖန္စီလက္ေဆာင္ေတြကို အရမ္းစိတ္မ၀င္စားဘူးေလ … ဒါေၾကာင့္ဒီလိုေလး ေပးဖုိ႔ စိတ္ကူးရခဲ့တာပါ..”
” အမ်ိဳးသားသံုးပစၥည္းပဲ ၀ယ္ေပးဖုိ႔ သူက ေျပာခဲ့ဖူးေပမယ့္ အဲဒါက ဘာကိုေျပာတာလဲ မသိဘူးေလ. … အမ်ားႀကီး ဆုိေတာ့ သူက ဘာကိုႀကိဳက္လဲ မသိဘူး … ဒါေၾကာင့္ ဒီစိတ္ကူးရခဲ့တာပါ..” လို႔ ေျပာခဲ့ပါတယ္။ “သူ႔သူငယ္ ခ်င္းေတြကေတာင္ သူတို႔ေကာင္မေလးေတြကလည္း ဒီလို လက္ေဆာင္မ်ိဳးေပးရင္ ေကာင္းမွာပဲ ဆိုၿပီး ၀ိုင္းၿပီးအားက်ေနၾကတယ္… တကယ္ပဲ ေပ်ာ္စရာလည္း ေကာင္းတာမို႔ သူတို႔က က်မကကုိ အေကာင္းဆံုး ခ်စ္သူမိန္းကေလးလုိ႔ ေျပာေနၾကတယ္..” လို႔ Pilaslak Puenchoke က ေျပာခဲ့ပါတယ္။
SHARE FROM Shwemom
အမျိုးသားတွေ အားကျနေတဲ့ ထိုင်းကောင်မလေးရဲ့ ချစ်သူအတွက် V Day Surprise
Valentine’s Day မှာဆိုရင် တော်တော်များများက သူတို့ချစ်သူကို ချောကလက်တွေ၊ ပန်းစည်းတွေ၊အရုပ်ကြီးတွေကို လက်ဆောင် ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဘန်ကောက်မှာရှိတဲဲ့ ကျောင်းသူလေးကတော့ သူမရဲ့ချစ်သူအတွက် သူများနဲ့ မတူဘဲ ထူူးထူးခြားခြားလေး လက်ဆောင်ပေးခဲ့ပါတယ်။ ဒီသတင်းလေးကတော့ အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ ကောင်လေးတော်တော်များများကို အားကျစိတ်၀င်မိစေခဲ့တဲ့ လက်ဆောင်လေးပါ။
အမှန်ကတော့ ချစ်သူများနေ့ အတွက်တင်မဟုတ်ပါဘူး။ ကောင်လေးရဲ့ မွေးနေ့နဲဲ့ ချစ်သူများနေ့နှစ်ခု ပေါင်းပြီး Surprise လက်ဆောင်ပေးခဲ့တာပါ။ လက်ဆောင်ကတော့ ပန်းစည်းပါ။ ဒါပေမယ့် ပန်းစည်းက နယ်နယ်ရရ မဟုတ်ဘဲ ပိုက်ဆံတွေကို ပန်းပုံဖော်ထားတဲ့ ပန်စည်းပါ။ Pilaslak Puenchoke ဆိုတဲ့ ကောျင်းသူလေးက သူမရဲ့ချစ်သူ Tua အသက် (၂၅) နှစ်အတွက် ဒီလက်ဆောင်လေးပေးခဲ့တာပါ။
ချစ်သူကောင်လေးက သူ့အတွက် မွေးနေ့နဲ့ ချစ်သူများနေ့အတွက် လက်ဆောင်ပေးရင် အမျိုးသားသုံးပစ္စည်းမျိုးတွေကိုပဲ ပေးပါလို့ ကောင်မလေးကို တောင်းဆိုထားခဲ့တာပါ။ အဲဒီမှာပဲ ကောင်မလေးက ထိုင်းဘတ်ငွေ တစ်သိန်းကို ပန်းပညာရှင်ဆီအပ်ပြီး ဒီပိုက်ဆံတွေကို ပန်းစည်းအဖြစ် လုပ်ပေးဖို့ တောင်း ဆိုခဲ့တာပါ။
ကောင်လေးက သူ့မိတ်ဆွေတွေနဲ့အတူ ထိုင်နေတဲ့ စားသောက်ဆိုင်ကို ကောင်မလေးက ရုတ််တရက်ရောက်လာပြီး ချစ်သူအတွက် Surprise လုပ်ပေးခဲ့တာပါ။ သူမ ၀င်လာချိန်မှာလည်း Birthday Song ဆိုပေ ဖို့ သီချင်းဆိုသူကို တောင်းဆိုထားခဲ့ပါတယ်။ ” ဒီလက်ဆောင်က သူ့အတွက် လုံး၀ Surprise ဖြစ်ခဲ့ပါတယ်..သူက တန်ဖိုး ကြီး လက်ဆောင်တွေ၊ ဖန်စီလက်ဆောင်တွေကို အရမ်းစိတ်မ၀င်စားဘူးလေ … ဒါကြောင့်ဒီလိုလေး ပေးဖို့ စိတ်ကူးရခဲ့တာပါ..”
” အမျိုးသားသုံးပစ္စည်းပဲ ၀ယ်ပေးဖို့ သူက ပြောခဲ့ဖူးပေမယ့် အဲဒါက ဘာကိုပြောတာလဲ မသိဘူးလေ. … အများကြီး ဆိုတော့ သူက ဘာကိုကြိုက်လဲ မသိဘူး … ဒါကြောင့် ဒီစိတ်ကူးရခဲ့တာပါ..” လို့ ပြောခဲ့ပါတယ်။ “သူ့သူငယ် ချင်းတွေကတောင် သူတို့ကောင်မလေးတွေကလည်း ဒီလို လက်ဆောင်မျိုးပေးရင် ကောင်းမှာပဲ ဆိုပြီး ၀ိုင်းပြီးအားကျနေကြတယ်… တကယ်ပဲ ပျော်စရာလည်း ကောင်းတာမို့ သူတို့က ကျမကကို အကောင်းဆုံး ချစ်သူမိန်းကလေးလို့ ပြောနေကြတယ်..” လို့ Pilaslak Puenchoke က ပြောခဲ့ပါတယ်။
SHARE FROM Shwemom
အမ်ိဳးသားေတြ အားက်ေနတဲ့ ထိုင္းေကာင္မေလးရဲ႕ ခ်စ္သူအတြက္ V Day Surprise
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment