တယ္လီေနာက စီစဥ္ျပဳလုပ္သည့္ ျမန္မာႏိုင္ငံေျမပံုအား လူမ်ားျဖင့္ ပံုေဖာ္မႈမွာ ဂင္းနစ္စံခ်ိန္သစ္ တင္ မတင္ ၄၈ နာရီအတြင္း သိရမည္ဟုဆို



တယ္လီေနာက စီစဥ္ျပဳလုပ္သည့္ ျမန္မာႏိုင္ငံေျမပံုအား လူအမ်ားျဖင့္ ပံုေဖာ္မႈမွာ ကမၻာ့ဂင္းနစ္စံခ်ိန္သစ္ တင္မတင္ကို ၄၈ နာရီအတြင္း အေျဖသိရမည္ျဖစ္ေၾကာင္း တယ္လီေနာျမန္မာမွ သိရသည္။

(၇၁) ႀကိမ္ေျမာက္အျဖစ္ က်ေရာက္သည့္ ျပည္ေထာင္စုေန႔ျဖစ္ေသာ ၂၀၁ ေဖေဖာ္၀ါရီ ၁၂ ရက္တြင္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕၌ တယ္လီေနာက ႀကီးမွဴးကာ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂင္းနစ္ကမၻာ့စံခ်ိန္သစ္ (Guinness World Record) တစ္ခုအျဖစ္ မွတ္တမ္း၀င္ႏိုင္ရန္ ႀကိဳးပမ္းမႈတစ္ခုအျဖစ္ ကမၻာ့အႀကီးဆံုး ျမန္မာႏိုင္ငံေျမပံုကို လူအင္အား အမ်ားအျပားျဖင့္ ပံုေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းပံုေဖာ္မႈတြင္ လူဦးေရ ၃၄၀ ေက်ာ္ ပါ၀င္ၿပီး မေကြးတိုင္းေဒသႀကီးအတြင္း ေနထိုင္သူမ်ား၊ တကၠသိုလ္ ေက်ာင္းသူ ေက်ာင္းသားမ်ားလည္း ပါ၀င္ၾကေၾကာင္း သိရသည္။

“ပါ၀င္တဲ့လူ အေရအတြက္က ၃၄၀ ေက်ာ္ရွိပါတယ္။ အတိအက်ကို ထပ္ထုတ္ျပန္ ေပးသြားဖို႔ ရွိပါတယ္။ ရလဒ္အတည္ျပဳခ်ိန္ကို ေစာင့္ေနပါတယ္။ ပါ၀င္တဲ့ လူအေရအတြက္အရ မ်ားတယ္ဆိုေပမယ့္ စံခ်ိန္သစ္တင္ႏိုင္ဖို႔က ဂင္းနစ္အဖြဲ႕ရဲ႕ သတ္မွတ္ခ်က္ စံခ်ိန္စံညႊန္းေတြ ရွိပါေသးတယ္။ ေျမပံုကိုၾကည့္လိုက္ရင္ ၾကားထဲမွာ ကြက္လပ္ျဖစ္ေနတာမ်ဳိး မရွိရဘူးတို႔၊ ပါ၀င္တဲ့သူေတြက တူညီ၀တ္စံုျဖစ္ရမယ္တို႔ စတာေတြ ရွိပါတယ္။ ဒီအခ်က္ေတြ အကုန္လံုးနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး ကိုက္ညီရင္ေတာ့ ဂင္းနစ္စံခ်ိန္သစ္ တင္ႏိုင္မွာ ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာမွ တာ၀န္ရွိသူက ေဖေဖာ္၀ါရီ ၁၂ ရက္တြင္ ေျပာၾကားသည္။







လက္ရွိတြင္ တိုက္ေျမပံု၊ ႏိုင္ငံေျမပံုအား လူအင္အား အမ်ားအျပားျဖင့္ ပံုေဖာ္မႈတြင္ စံခ်ိန္တင္ထားျခင္းအျဖစ္ ၂၀၁ ခုႏွစ္ စက္ တင္ဘာ ၂၃ ရက္တြင္ လူအင္အား ၈၁၁ ဦးျဖင့္ အာဖရိကတိုက္ေျမပံုကို ပံုေဖာ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ယူေကႏိုင္ငံတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး Belron International က ဦး ေဆာင္ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လူသားမ်ားျဖင့္ ၾကယ္ပံုစံပံုေဖာ္မႈတြင္ ကမၻာ့အႀကီးဆံုးအျဖစ္ ႐ုရွားႏုိင္ငံရွိ အားကစားကြင္း တစ္ခုတြင္ ၂၀၁ ခုႏွစ္ ေမ ၇ ရက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ပါ၀င္သူေပါင္း ၆၃၉ ဦးရွိခဲ့ၿပီး ေမ ၉ ရက္တြင္ က်ေရာက္မည့္ ႐ုရွားေအာင္ပြဲေန႔အႀကိဳ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

SHARE FROM Eleven media

တယ်လီနောက စီစဉ်ပြုလုပ်သည့် မြန်မာနိုင်ငံမြေပုံအား လူများဖြင့် ပုံဖော်မှုမှာ ဂင်းနစ်စံချိန်သစ် တင် မတင် ၄၈ နာရီအတွင်း သိရမည်ဟုဆို

တယ်လီနောက စီစဉ်ပြုလုပ်သည့် မြန်မာနိုင်ငံမြေပုံအား လူအများဖြင့် ပုံဖော်မှုမှာ ကမ်ဘာ့ဂင်းနစ်စံချိန်သစ် တင်မတင်ကို ၄၈ နာရီအတွင်း အဖြေသိရမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

(၇၁) ကြိမ်မြောက်အဖြစ် ကျရောက်သည့် ပြည်ထောင်စုနေ့ဖြစ်သော ၂၀၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ တယ်လီနောက ကြီးမှူးကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂင်းနစ်ကမ်ဘာ့စံချိန်သစ် (Guinness World Record) တစ်ခုအဖြစ် မှတ်တမ်း၀င်နိုင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ကမ်ဘာ့အကြီးဆုံး မြန်မာနိုင်ငံမြေပုံကို လူအင်အား အများအပြားဖြင့် ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပုံဖော်မှုတွင် လူဦးရေ ၃၄၀ ကျော် ပါ၀င်ပြီး မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများ၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများလည်း ပါ၀င်ကြကြောင်း သိရသည်။

“ပါ၀င်တဲ့လူ အရေအတွက်က ၃၄၀ ကျော်ရှိပါတယ်။ အတိအကျကို ထပ်ထုတ်ပြန် ပေးသွားဖို့ ရှိပါတယ်။ ရလဒ်အတည်ပြုချိန်ကို စောင့်နေပါတယ်။ ပါ၀င်တဲ့ လူအရေအတွက်အရ များတယ်ဆိုပေမယ့် စံချိန်သစ်တင်နိုင်ဖို့က ဂင်းနစ်အဖွဲ့ရဲ့ သတ်မှတ်ချက် စံချိန်စံညွှန်းတွေ ရှိပါသေးတယ်။ မြေပုံကိုကြည့်လိုက်ရင် ကြားထဲမှာ ကွက်လပ်ဖြစ်နေတာမျိုး မရှိရဘူးတို့၊ ပါ၀င်တဲ့သူတွေက တူညီ၀တ်စုံဖြစ်ရမယ်တို့ စတာတွေ ရှိပါတယ်။ ဒီအချက်တွေ အကုန်လုံးနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီရင်တော့ ဂင်းနစ်စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာမှ တာ၀န်ရှိသူက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် တိုက်မြေပုံ၊ နိုင်ငံမြေပုံအား လူအင်အား အများအပြားဖြင့် ပုံဖော်မှုတွင် စံချိန်တင်ထားခြင်းအဖြစ် ၂၀၁ ခုနှစ် စက် တင်ဘာ ၂၃ ရက်တွင် လူအင်အား ၈၁၁ ဦးဖြင့် အာဖရိကတိုက်မြေပုံကို ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယူကေနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Belron International က ဦး ဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူသားများဖြင့် ကြယ်ပုံစံပုံဖော်မှုတွင် ကမ်ဘာ့အကြီးဆုံးအဖြစ် ရုရှားနိုင်ငံရှိ အားကစားကွင်း တစ်ခုတွင် ၂၀၁ ခုနှစ် မေ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါ၀င်သူပေါင်း ၆၃၉ ဦးရှိခဲ့ပြီး မေ ၉ ရက်တွင် ကျရောက်မည့် ရုရှားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SHARE FROM Eleven media
တယ္လီေနာက စီစဥ္ျပဳလုပ္သည့္ ျမန္မာႏိုင္ငံေျမပံုအား လူမ်ားျဖင့္ ပံုေဖာ္မႈမွာ ဂင္းနစ္စံခ်ိန္သစ္ တင္ မတင္ ၄၈ နာရီအတြင္း သိရမည္ဟုဆို တယ္လီေနာက စီစဥ္ျပဳလုပ္သည့္ ျမန္မာႏိုင္ငံေျမပံုအား လူမ်ားျဖင့္ ပံုေဖာ္မႈမွာ ဂင္းနစ္စံခ်ိန္သစ္ တင္ မတင္ ၄၈ နာရီအတြင္း သိရမည္ဟုဆို Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.