မထက္နဲ႕ဆက္ဆံေရးအေၾကာင္း ေျပာျပလာတဲ့ ေအာင္ရဲလင္း



နာမည္ေက်ာ္မင္းသားတစ္လက္ျဖစ္တဲ့ေအာင္ရဲလင္းတစ္ေယာက္ သူ႕ရဲ႕မိတ္ေဆြတစ္ဦးျဖစ္တဲ့ မိတ္ကပ္မထက္နဲ႕ ပက္သက္တဲ့ဆက္ဆံေရးကို ပြင့္ပြင့္လင္းလင္းေျပာျပလာခဲ့ပါတယ္။ ေအာင္ရဲလင္း ဟာ ေအာင္ျမင္တဲ့မင္းသားတစ္လက္ျဖစ္ၿပီး ပရိတ္သတ္အားေပးမႈရရွိထား သူတစ္ဦးလည္း ျဖစ္ပါတယ္။ လတ္တေလာမွာ ေအာင္ရဲလင္းနဲ႕ မိတ္ကပ္မထက္တို႔ရဲ႕ ဆက္ဆံေရးကို ပရိတ္သတ္ေတြက စိတ္ဝင္စားေနၾကတာေၾကာင့္ ေအာင္ရဲလင္းက အင္တာဗ်ဴးတစ္ခုမွာပြင့္ပြင့္လင္းလင္းေျဖၾကားခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ခင္မင္မႈဟာလည္း ငါးႏွစ္ေက်ာ္ေျခာက္ႏွစ္တာကာလကိုေရာက္ရွိ ခဲ့ၿပီး တစ္ေယာက္နဲ႕တစ္ေယာက္က ေမာင္ႏွမေတြလိုပဲ ပြင့္ပြင့္လင္းလင္း ေျပာျပတိုင္ပင္ၾက တယ္လို႔ ဆိုပါတယ္။ မထက္အေနနဲ႕လည္း တျခားသူကိုဆံပင္ညွပ္ေပးတာမ်ိဳးေတြ မရွိ ေပမယ့္ ေအာင္ရဲလင္းကိုေတာ့ အေသအခ်ာစိတ္ရွည္ရွည္နဲ႕ ဆံပင္ညွပ္ၿပီး ျပင္ဆင္ေပး တယ္လို႔ဆိုပါတယ္။ ေအာင္ရဲလင္းဟာ ယခင္ကနဲ႕မတူပဲ ပုံစံတစ္ခုကိုေျပာင္းလိုက္ခ်ိန္မွာ ေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းကို ပိုၿပီးဖမ္းစားနိုင္ခဲ့တဲ့ မင္းသားတစ္ဦးလည္း ျဖစ္ပါ တယ္။ Photo Shooting ေတြ ေၾကာ္ျငာရိုက္ကြင္းေတြဆိုရင္လည္း မထက္ကလိုက္လံ ျပင္ဆင္ေပးတယ္လို႔ဆိုပါတယ္။











လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႕ March လ လယ္ေလာက္မွာ ႐ုပ္ရွင္ ဇာတ္ ကားရိုက္ကူးဖို႔ လက္ခံထားျဖစ္တယ္လို႔ဆိုပါတယ္။ ဒီဇာတ္ကားရိုက္ကူးဖို႔အတြက္ ေသနတ္ ျပင္သင္တန္းကို သြားတက္ရမယ္လို႔လည္းဆိုပါတယ္။ April လပိုင္းေလာက္မွာလည္း ဇာတ္ကားတစ္ကားလက္ခံထား တယ္လို႔ဆိုပါတယ္။ အႏုပညာကိုဖန္တီးတဲ့ေနရာမွာ ဖန္တီးသူဟာအေကာင္းဆုံးႀကိဳးစားခဲ့ရင္ ရလာဒ္ကလည္း အေကာင္းဆုံးရလာဒ္ကို ရရွိ မွာပါလို႔ ေအာင္ရဲလင္းက Interview တစ္ခုမွာ ေျဖၾကားခဲ့ပါတယ္။

Source - Myanmar Celebrity

မထက်နဲ့ဆက်ဆံရေးအကြောင်း ပြောပြလာတဲ့ အောင်ရဲလင်း

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့အောင်ရဲလင်းတစ်ယောက် သူ့ရဲ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ မိတ်ကပ်မထက်နဲ့ ပက်သက်တဲ့ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်။ အောင်ရဲလင်း ဟာ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ပြီး ပရိတ်သတ်အားပေးမှုရရှိထား သူတစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာ အောင်ရဲလင်းနဲ့ မိတ်ကပ်မထက်တို့ရဲ့ ဆက်ဆံရေးကို ပရိတ်သတ်တွေက စိတ်ဝင်စားနေကြတာကြောင့် အောင်ရဲလင်းက အင်တာဗျူးတစ်ခုမှာပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာလည်း ငါးနှစ်ကျော်ခြောက်နှစ်တာကာလကိုရောက်ရှိ ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်က မောင်နှမတွေလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ကြ တယ်လို့ ဆိုပါတယ်။ မထက်အနေနဲ့လည်း တခြားသူကိုဆံပင်ညှပ်ပေးတာမျိုးတွေ မရှိ ပေမယ့် အောင်ရဲလင်းကိုတော့ အသေအချာစိတ်ရှည်ရှည်နဲ့ ဆံပင်ညှပ်ပြီး ပြင်ဆင်ပေး တယ်လို့ဆိုပါတယ်။ အောင်ရဲလင်းဟာ ယခင်ကနဲ့မတူပဲ ပုံစံတစ်ခုကိုပြောင်းလိုက်ချိန်မှာ တော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ပိုပြီးဖမ်းစားနိုင်ခဲ့တဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါ တယ်။ Photo Shooting တွေ ကြော်ငြာရိုက်ကွင်းတွေဆိုရင်လည်း မထက်ကလိုက်လံ ပြင်ဆင်ပေးတယ်လို့ဆိုပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ March လ လယ်လောက်မှာ ရုပ်ရှင် ဇာတ် ကားရိုက်ကူးဖို့ လက်ခံထားဖြစ်တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် သေနတ် ပြင်သင်တန်းကို သွားတက်ရမယ်လို့လည်းဆိုပါတယ်။ April လပိုင်းလောက်မှာလည်း ဇာတ်ကားတစ်ကားလက်ခံထား တယ်လို့ဆိုပါတယ်။ အနုပညာကိုဖန်တီးတဲ့နေရာမှာ ဖန်တီးသူဟာအကောင်းဆုံးကြိုးစားခဲ့ရင် ရလာဒ်ကလည်း အကောင်းဆုံးရလာဒ်ကို ရရှိ မှာပါလို့ အောင်ရဲလင်းက Interview တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Source - Myanmar Celebrity
မထက္နဲ႕ဆက္ဆံေရးအေၾကာင္း ေျပာျပလာတဲ့ ေအာင္ရဲလင္း မထက္နဲ႕ဆက္ဆံေရးအေၾကာင္း ေျပာျပလာတဲ့ ေအာင္ရဲလင္း Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.