ခ်စ္သူမ်ားေန႕မွာအခ်စ္နယ္မကြၽံေစရန္ေစာင့္ၾကပ္မႈေတြျပဳလုပ္


ေဖေဖာ္ဝါရီ ၁၄ ရက္ Valentine’s Day ခ်စ္သူမ်ားေန႕မွာ သမီးရည္းစားစုံတြဲေတြနဲ႕ ခရီးသြားဧည့္သည္ေတြကို ဟိုတယ္ေတြအေနနဲ႕ အခ်ိန္ပိုင္းတည္းခိုခြင့္ေပးရင္ စည္ပင္သာယာေရးဥပေဒနဲ႕ အေရးယူမယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။ ဟိုတယ္ေတြမွာ အခ်ိန္ပိုင္းတည္းခိုမႈမရွိေစဖို႔ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက ၫႊန္ၾကားထားတာျဖစ္ၿပီး အခုရက္ပိုင္းအတြင္း ေရွာင္တခင္စစ္ေဆးသြားဖို႔ ရွိတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးကေျပာၾကားထားပါတယ္။

“က်ေနာ္တို႔ အဲဒီကိစၥကို ေရွာင္တခင္စစ္ေဆးဖို႔ လုပ္ေနပါတယ္။ ျဖစ္နိုင္မယ္ဆိုရင္ေတာ့ ဒီလိုေန႕မ်ိဳး (Valentine’s Day) ေတြမွာ အမ်ိဳးေကာင္းသားေရာ အမ်ိဳးသမီးေတြေရာ ဒီလိုမ်ိဳးေနရာေတြကို မသြားေစခ်င္ပါဘူး။ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြမွာ အခ်ိန္ပိုင္း တည္းခိုတာေတြ ခြင့္မျပဳဘူး။ တရားဝင္အိမ္ေထာင္သည္ေတြျဖစ္တယ္၊ ခရီးတကယ္သြားတဲ့ လူေတြျဖစ္တယ္၊ မွန္တယ္ဆိုရင္ေတာ့ တည္းေပါ့ေနာ္။ သမီးရည္းစားအတြဲေတြကိုေတာ့ အခ်ိန္ပိုင္းတည္းခိုခြင့္ မျပဳဘူးဆိုၿပီးေတာ့ ၫႊန္ၾကားထားၿပီးသား” လို႔ေျပာပါတယ္။










အမ်ိဳးသမီးေတြအတြက္ နစ္နာမႈေတြရွိၿပီး မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ေပၚေစဖို႔ ပူးေပါင္းၿပီး စစ္ေဆးမယ္မႈေတြျပဳလုပ္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ၫႊန္ၾကားခ်က္ကို လိုက္မနာရင္ေတာ့ စည္ပင္သာယာေရးဥပေဒနဲ႕အေရးယူမယ္၊ ဟိုတယ္ဆိုရင္လည္း လုပ္ငန္းလိုင္စင္ပိတ္သိမ္းတာ၊ လုပ္ငန္းကို ရပ္ဆိုင္းခံရမယ္။ လာေရာက္တည္းခိုသူကိုေတာ့ အေျခအေနအေပၚမူတည္ၿပီး အေရးယူသြားမယ္လို႔သိရပါတယ္။


SOURCE - DVB TV

ချစ်သူများနေ့မှာအချစ်နယ်မကျွံစေရန် စောင့်ကြပ်မှုတွေပြုလုပ်

ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day ချစ်သူများနေ့မှာ သမီးရည်းစားစုံတွဲတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဟိုတယ်တွေအနေနဲ့ အချိန်ပိုင်းတည်းခိုခွင့်ပေးရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူမယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ဟိုတယ်တွေမှာ အချိန်ပိုင်းတည်းခိုမှုမရှိစေဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ရှောင်တခင်စစ်ဆေးသွားဖို့ ရှိတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။

“ကျနော်တို့ အဲဒီကိစ္စကို ရှောင်တခင်စစ်ဆေးဖို့ လုပ်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလိုနေ့မျိုး (Valentine’s Day) တွေမှာ အမျိုးကောင်းသားရော အမျိုးသမီးတွေရော ဒီလိုမျိုးနေရာတွေကို မသွားစေချင်ပါဘူး။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အချိန်ပိုင်း တည်းခိုတာတွေ ခွင့်မပြုဘူး။ တရားဝင်အိမ်ထောင်သည်တွေဖြစ်တယ်၊ ခရီးတကယ်သွားတဲ့ လူတွေဖြစ်တယ်၊ မှန်တယ်ဆိုရင်တော့ တည်းပေါ့နော်။ သမီးရည်းစားအတွဲတွေကိုတော့ အချိန်ပိုင်းတည်းခိုခွင့် မပြုဘူးဆိုပြီးတော့ ညွှန်ကြားထားပြီးသား” လို့ ပြောပါတယ်။ 

အမျိုးသမီးတွေအတွက် နစ်နာမှုတွေရှိပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ်စေဖို့ ပူးပေါင်းပြီး စစ်ဆေးမယ်မှုတွေပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ညွှန်ကြားချက်ကို လိုက်မနာရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့အရေးယူမယ်၊ ဟိုတယ်ဆိုရင်လည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာ၊ လုပ်ငန်းကို ရပ်ဆိုင်းခံရမယ်။ လာရောက်တည်းခိုသူကိုတော့ အခြေအနေအပေါ်မူတည်ပြီး အရေးယူသွားမယ်လို့သိရပါတယ်။ 

SOURCE - DVB TV
ခ်စ္သူမ်ားေန႕မွာအခ်စ္နယ္မကြၽံေစရန္ေစာင့္ၾကပ္မႈေတြျပဳလုပ္ ခ်စ္သူမ်ားေန႕မွာအခ်စ္နယ္မကြၽံေစရန္ေစာင့္ၾကပ္မႈေတြျပဳလုပ္ Reviewed by Unknown on February 08, 2018 Rating: 5

No comments:

Powered by Blogger.