အတိတ္ကံဆိုတာက ေရွာင္လြဲလို႔မရတဲ့အရာျဖစ္တဲ့အတြက္ ထိပ္တိုက္ရင္ဆိုင္ရတဲ့အခါမွာ မရႈမလွခံစားရတဲ့လူေတြမ်ားစြာရွိၾကပါတယ္။ ကိုယ္ျပဳသည့္ကံ ကိုယ့္ထန္ျပန္လာတယ္ဆိုတဲ့စကားရွိေပမယ့္ အခုျဖစ္ေပၚခဲ့တဲ့ ျဖစ္ရပ္ေလးကေတာ့ တကယ္ေၾကကြဲစရာေကာင္းလွပါတယ္။ သားသမီးေတြေၾကာင့္ပဲလား ေဆြမ်ိဳးသားခ်င္းေတြေၾကာင့္ပဲလား ေတာ့ မသိရေပမယ့္ လမ္းေဘးတစ္ေနရာေလးမွာ ခ်မ္းေအးပင္ပန္းစြာနဲ႕ စြန႔္ပစ္ခံထားရတဲ့ အဘိုးတစ္ေယာက္ရဲ႕ဘဝကေတြးေလေတြးေလမ်က္ရည္စေတြက ထိန္းမရနိုင္ေလာက္ေအာင္ ရင္မွာစို႔နစ္စရာေကာင္းလွပါတယ္။
အသက္မေသဆုံးေသေပမယ့္ ေသဆုံးတဲ့လူေတြေတာင္ မခံစားရတဲ့ေဝဒနာဆိုးေတြက စြဲကပ္ေနတဲ့အဘိုးကိုေတာ့ အိမ္ႀကိဳအိမ္ၾကားေျမာင္းေဘးနားကေတြ႕ရွိခဲ့တာလို႔သိရွိရပါတယ္။ျပင္းလွတဲ့ ေဝဒနာေတြခံစားေနရတဲ့အတြက္ အနားကလူေတြဝိုင္းဝန္းၾကည့္ရႈေပးခဲ့ေပမယ့္ အဘိုးရဲ႕ေဝဒနာကို အန္မတုနိုင္ခဲ့ပါဘူး။ တင္ပါးကအနာက အရိုးေပၚေအာင္ပုတ္ေနခဲ့ၿပီး ေျခေထာက္တစ္ေခ်ာင္းလုံးပုတ္သေလာက္ျဖစ္ေနရွာတဲ့ အဘိုးရဲ႕ေဝဒနာက ျမင္ရသူေတြကိုေတာင္ ထိတ္လန႔္ခဲ့ၾကတယ္လို႔လဲသိရပါတယ္။
အနာေတြထဲကေလာက္ေတြပါေဖာက္ထြက္ေနၿပီး တခ်ိန္လုံးေအာ္ေနရတဲ့အဘိုးကိုယ္ကထြက္လာတဲ့ အနံ႕ေတြဟာဆိုရင္လဲ မခံစားနိုင္ေအာင္ျပင္းထန္လွတယ္လို႔သိရပါတယ္။ ဘိုးဘြားရိပ္သာေရာက္ေရာက္ခ်င္း ေဆး႐ုံပို႔ခဲ့ေပမယ့္ ေဆး႐ုံကလူေတြကေတာင္အနံ႕မခံနိုင္လို႔ လူမရွိတဲ့ေထာင့္မွာ ထားေပးခဲ့ရတယ္လို႔သိရပါတယ္။သို႔ေပမယ့္ စာနာစိတ္ျပင္းလွတဲ့ပရဟိတလူငယ္ေတြကေတာ့ အဘိုးအနားမွာ အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနတယ္လို႔လဲသိရပါတယ္။
source - ခိုလႈံရာပရဟိတအသင္း
မြင်တွေ့ရသူတိုင်းမျက်ရည်မဆယ်နိုင်ဖြစ်ခဲ့ရတဲ့ အဘိုးရဲ့ဝေဒနာ
အတိတ်ကံဆိုတာက ရှောင်လွဲလို့မရတဲ့အရာဖြစ်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ မရှုမလှခံစားရတဲ့လူတွေများစွာရှိကြပါတယ်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထန်ပြန်လာတယ်ဆိုတဲ့စကားရှိပေမယ့် အခုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်လေးကတော့ တကယ်ကြေကွဲစရာကောင်းလှပါတယ်။ သားသမီးတွေကြောင့်ပဲလား ဆွေမျိုးသားချင်းတွေကြောင့်ပဲလား တော့ မသိရပေမယ့် လမ်းဘေးတစ်နေရာလေးမှာ ချမ်းအေးပင်ပန်းစွာနဲ့ စွန့်ပစ်ခံထားရတဲ့ အဘိုးတစ်ယောက်ရဲ့ဘဝကတွေးလေတွေးလေမျက်ရည်စတွေက ထိန်းမရနိုင်လောက်အောင် ရင်မှာစို့နစ်စရာကောင်းလှပါတယ်။
အသက်မသေဆုံးသေပေမယ့် သေဆုံးတဲ့လူတွေတောင် မခံစားရတဲ့ဝေဒနာဆိုးတွေက စွဲကပ်နေတဲ့အဘိုးကိုတော့ အိမ်ကြိုအိမ်ကြားမြောင်းဘေးနားကတွေ့ရှိခဲ့တာလို့သိရှိရပါတယ်။ပြင်းလှတဲ့ ဝေဒနာတွေခံစားနေရတဲ့အတွက် အနားကလူတွေဝိုင်းဝန်းကြည့်ရှုပေးခဲ့ပေမယ့် အဘိုးရဲ့ဝေဒနာကို အန်မတုနိုင်ခဲ့ပါဘူး။ တင်ပါးကအနာက အရိုးပေါ်အောင်ပုတ်နေခဲ့ပြီး ခြေထောက်တစ်ချောင်းလုံးပုတ်သလောက်ဖြစ်နေရှာတဲ့ အဘိုးရဲ့ဝေဒနာက မြင်ရသူတွေကိုတောင် ထိတ်လန့်ခဲ့ကြတယ်လို့လဲသိရပါတယ်။
အနာတွေထဲကလောက်တွေပါဖောက်ထွက်နေပြီး တချိန်လုံးအော်နေရတဲ့အဘိုးကိုယ်ကထွက်လာတဲ့ အနံ့တွေဟာဆိုရင်လဲ မခံစားနိုင်အောင်ပြင်းထန်လှတယ်လို့သိရပါတယ်။ ဘိုးဘွားရိပ်သာရောက်ရောက်ချင်း ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံကလူတွေကတောင်အနံ့မခံနိုင်လို့ လူမရှိတဲ့ထောင့်မှာ ထားပေးခဲ့ရတယ်လို့သိရပါတယ်။သို့ပေမယ့် စာနာစိတ်ပြင်းလှတဲ့ပရဟိတလူငယ်တွေကတော့ အဘိုးအနားမှာ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတယ်လို့လဲသိရပါတယ်။
source - ခိုလှုံရာပရဟိတအသင်း
ျမင္ေတြ႕ရသူတိုင္းမ်က္ရည္မဆယ္နိုင္ျဖစ္ခဲ့ရတဲ့ အဘိုးရဲ႕ေဝဒနာ
Reviewed by Unknown
on
February 08, 2018
Rating:
Reviewed by Unknown
on
February 08, 2018
Rating:





No comments:
Post a Comment