အေလာင္းကုိေတာင္ အလြတ္မေပးတဲ့ ေရခဲတုိက္ဝန္ထမ္း အလုပ္ျဖဳတ္ခံရ


နာမည္ေက်ာ္ Big Brother စတား တစ္ေယာက္ျဖစ္တဲ့ Oksana Aplekaeva ဟာ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္က အသတ္ခံခဲ့ရၿပီး၊ သူမကုိသတ္တဲ့ လူသတ္တရားခံ မေပၚေသးလုိ႔ သက္ဆုိင္ရာက သၿဂႋဳဟ္ခြင့္မေပးေသးဘဲ၊ မပုပ္သုိးေအာင္ နည္းပညာနဲ႔ ေစာင့္ေရွာက္ထားေစခဲ့ပါတယ္။ လုိအပ္တဲ့ စစ္ေဆးမႈေတြလည္း ဆက္လက္ ျပဳလုပ္ေနပါတယ္။

Oksana ဟာ လြန္ခဲ့တဲ့ (၂၀၀၈)ခုႏွစ္ကတည္းက အသတ္ခံခဲ့ရတာျဖစ္ၿပီး၊ တရားခံ မည္သူမည္ဝါ မသိရေသးပါဘူး။ ဒါေပမယ့္ သူမအေလာင္းကုိ ေစာင့္ေရွာက္ေနရတဲ့ ေရခဲတုိက္ဝန္ထမ္းလုိ႔ အလြယ္ေျပာလုိ႔ရတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ အေလာင္းေကာင္ကုိေတာင္ မေရွာင္၊ မဖြယ္မရာ ျပဳမူခဲ့ပါတယ္။

အဆုိပါ ဝန္ထမ္းနာမည္ကုိ Alexander ဟုသာ ေဖာ္ျပထားၿပီး၊ အေလာင္းေစာင့္ေရွာက္ေရးမွာ နည္းပညာဘက္ပုိင္း တာဝန္ယူရသူလုိ႔ သိရပါတယ္။ သူမရဲ႕ အေလာင္းကို မႈခင္းသိပၸံပညာရွင္ေတြက ျပန္လည္စစ္ေဆးတဲ့အခါမွာ ထူးဆန္းတဲ့ ရလာဒ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

စမ္းသပ္မႈေတြရဲ႕ အေျဖကေတာ့ Oksana ရဲ႕ ႐ုပ္အေလာင္းဟာ လိင္ပုိင္းဆုိင္ရာ အႀကိမ္ႀကိမ္ က်ဴးလြန္ခံခဲ့ရၿပီး၊ အေလာင္းကေန ထပ္မံရရွိတဲ့ DNA ေတြက Alexander ကုိ ညႊန္ျပေနပါတယ္။ အသက္ (၃၇)ႏွစ္အရြယ္ Alexander ကေတာ့ ဒီစြပ္စြဲမႈကုိ ခါးခါးသီးသီး တုန္႔ျပန္ခဲ့ၿပီး၊ ေနာက္ပုိင္းမွာ နည္းပညာနဲ႔ ဖက္ၿပိဳင္ေျဖရွင္းလုိျခင္းမရွိဘူးလုိ႔ ဆုိခဲ့ပါတယ္။






Alexander က ” နည္းပညာနဲ႔တုဖက္ၿပီး ကၽြန္ေတာ္ ေျဖရွင္းလုိျခင္း မရွိပါဘူး … အခုထက္ထိေတာ့ ကၽြန္ေတာ္ အလုပ္ရွာမရတာ သုံးလေက်ာ္သြားပါၿပီ … အခုဆုိ ဇနီးကလည္း ဖုန္းနံပတ္ကုိ ေကာက္ေျပာင္းသြားၿပီး ကၽြန္ေတာ့္ အဆက္အသြယ္လုပ္တာေတာင္ မရေတာ့ပါဘူး … “လုိ႔ ညည္းတြားခဲ့ပါတယ္။

Oksana ဟာ ႐ုရွားႏုိင္ငံရဲ႕ ေအာင္ျမင္တဲ့ ႐ုပ္သံလုိင္းတစ္ခုျဖစ္တဲ့ Dom-2 ရဲ႕ တီဗြီစတားတစ္ေယာက္ ျဖစ္ခဲ့ၿပီး၊ သူမရဲ႕ အေလာင္းကို ေမာ္ေတာ္ကားလမ္းေဘးမွာ ေလာ္ရီဒ႐ုိင္ဘာတစ္ဦးက ေတြ႕ရွိခဲ့တာပါ။ အခုအခ်ိန္ထိ အမႈအမွန္ မေဖာ္ထုတ္ႏုိင္ေသးလုိ႔ ရဲဘက္ကလည္း အခက္ေတြ႕ေနပါတယ္။

Alexander ဟာ အဲဒီအလုပ္မွာ (၁၂)ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၊ တစ္ျခား႐ုပ္အေလာင္းေတြကုိ ဒီလုိ က်ဴးလြန္ခဲ့ျခင္း ရွိမရွိဆုိတာကုိေတာ့ သက္ေသအေထာက္အထား မရွိခဲ့ပါဘူး။ ဒါ့အျပင္ Alexander ကို ဥပေဒအရ တစ္စုံတစ္ရာ အေရးယူဖုိ႔မရွိဘဲ၊ အခုအခ်ိန္ထိ အေလာင္းေကာင္ကုိ လိင္ပုိင္းဆုိင္ရာေစာ္ကားျခင္းနဲ႔ပတ္သက္တဲ့ ဥပေဒ႐ုရွားမွာ ခုိင္ခုိင္မာမာ ရွိမေနျခင္းဟာ သူ႕ကုိ သက္သာရာရေစခဲ့ပါတယ္။


နတ္စည္ေတာ္ (Shwemom)

👉Unicode👈
အလောင်းကိုတောင် အလွတ်မပေးတဲ့ ရေခဲတိုက်ဝန်ထမ်း အလုပ်ဖြုတ်ခံရ

နာမည်ကျော် Big Brother စတား တစ်ယောက်ဖြစ်တဲ့ Oksana Aplekaeva ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အသတ်ခံခဲ့ရပြီး၊ သူမကိုသတ်တဲ့ လူသတ်တရားခံ မပေါ်သေးလို့ သက်ဆိုင်ရာက သင်္ဂြိုဟ်ခွင့်မပေးသေးဘဲ၊ မပုပ်သိုးအောင် နည်းပညာနဲ့ စောင့်ရှောက်ထားစေခဲ့ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေလည်း ဆက်လက် ပြုလုပ်နေပါတယ်။

Oksana ဟာ လွန်ခဲ့တဲ့ (၂၀၀၈)ခုနှစ်ကတည်းက အသတ်ခံခဲ့ရတာဖြစ်ပြီး၊ တရားခံ မည်သူမည်ဝါ မသိရသေးပါဘူး။ ဒါပေမယ့် သူမအလောင်းကို စောင့်ရှောက်နေရတဲ့ ရေခဲတိုက်ဝန်ထမ်းလို့ အလွယ်ပြောလို့ရတဲ့ အမျိုးသားတစ်ယောက်ဟာ အလောင်းကောင်ကိုတောင် မရှောင်၊ မဖွယ်မရာ ပြုမူခဲ့ပါတယ်။

အဆိုပါ ဝန်ထမ်းနာမည်ကို Alexander ဟုသာ ဖော်ပြထားပြီး၊ အလောင်းစောင့်ရှောက်ရေးမှာ နည်းပညာဘက်ပိုင်း တာဝန်ယူရသူလို့ သိရပါတယ်။ သူမရဲ့ အလောင်းကို မှုခင်းသိပ္ပံပညာရှင်တွေက ပြန်လည်စစ်ဆေးတဲ့အခါမှာ ထူးဆန်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

စမ်းသပ်မှုတွေရဲ့ အဖြေကတော့ Oksana ရဲ့ ရုပ်အလောင်းဟာ လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ကျူးလွန်ခံခဲ့ရပြီး၊ အလောင်းကနေ ထပ်မံရရှိတဲ့ DNA တွေက Alexander ကို ညွှန်ပြနေပါတယ်။ အသက် (၃၇)နှစ်အရွယ် Alexander ကတော့ ဒီစွပ်စွဲမှုကို ခါးခါးသီးသီး တုန့်ပြန်ခဲ့ပြီး၊ နောက်ပိုင်းမှာ နည်းပညာနဲ့ ဖက်ပြိုင်ဖြေရှင်းလိုခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

Alexander က ” နည်းပညာနဲ့တုဖက်ပြီး ကျွန်တော် ဖြေရှင်းလိုခြင်း မရှိပါဘူး … အခုထက်ထိတော့ ကျွန်တော် အလုပ်ရှာမရတာ သုံးလကျော်သွားပါပြီ … အခုဆို ဇနီးကလည်း ဖုန်းနံပတ်ကို ကောက်ပြောင်းသွားပြီး ကျွန်တော့် အဆက်အသွယ်လုပ်တာတောင် မရတော့ပါဘူး … “လို့ ညည်းတွားခဲ့ပါတယ်။

Oksana ဟာ ရုရှားနိုင်ငံရဲ့ အောင်မြင်တဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Dom-2 ရဲ့ တီဗွီစတားတစ်ယောက် ဖြစ်ခဲ့ပြီး၊ သူမရဲ့ အလောင်းကို မော်တော်ကားလမ်းဘေးမှာ လော်ရီဒရိုင်ဘာတစ်ဦးက တွေ့ရှိခဲ့တာပါ။ အခုအချိန်ထိ အမှုအမှန် မဖော်ထုတ်နိုင်သေးလို့ ရဲဘက်ကလည်း အခက်တွေ့နေပါတယ်။

Alexander ဟာ အဲဒီအလုပ်မှာ (၁၂)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ တစ်ခြားရုပ်အလောင်းတွေကို ဒီလို ကျူးလွန်ခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ သက်သေအထောက်အထား မရှိခဲ့ပါဘူး။ ဒါ့အပြင် Alexander ကို ဥပဒေအရ တစ်စုံတစ်ရာ အရေးယူဖို့မရှိဘဲ၊ အခုအချိန်ထိ အလောင်းကောင်ကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေရုရှားမှာ ခိုင်ခိုင်မာမာ ရှိမနေခြင်းဟာ သူ့ကို သက်သာရာရစေခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
အေလာင္းကုိေတာင္ အလြတ္မေပးတဲ့ ေရခဲတုိက္ဝန္ထမ္း အလုပ္ျဖဳတ္ခံရ အေလာင္းကုိေတာင္ အလြတ္မေပးတဲ့ ေရခဲတုိက္ဝန္ထမ္း အလုပ္ျဖဳတ္ခံရ Reviewed by Unknown on February 08, 2018 Rating: 5

No comments:

Powered by Blogger.