ကမၻာေပၚရွိ ဗုဒၶဘာသာ အမ်ားဆုံး ေနထိုင္ရာ ၿမိဳ႕ကေလး


ဘုန္းႀကီး ၿမိဳ႕ေတာ္ ဟု နာမည္ေပးထားေသာ္လည္းတစ္ကယ္ေတာ့ ဗုဒၶဘာသာ အကယ္ဒမီ စာသင္တိုက္ မ်ားျဖစ္ပါတယ္..လူေနအိမ္မ်ားမဟုတ္ အနီေရာင္ တဲအိမ္မ်ားျဖင့္ တည္ေဆာက္ထားသည့္ ဗုဒၶဘာသာဘုန္းေတာ္ႀကီး တဲေက်ာင္း မ်ားသာျဖစ္ပါတယ္.. 

အဓိက မိမိ တို႔ ေလ့လာ လိုသည့္ ပရိယတၱိ ပဋိပတၱိပဋိေဝဒ မ်ားကိုသာ ေလ့လာ ခြင့္ရွိပါတယ္..အခ်ိဳ႕ဘုန္းႀကီး မ်ားကလည္း စကား မေျပာပဲ ဝစီပိတ္ က်င့္ႀကံၾကပါတယ္..အလြန႔္အလြန္သာယာၿပီး သူေတာ္ေကာင္း တို႔ရဲ႕ ဓမၼစာေပ မ်ားသာ ၾကားရၿပီးဆဲဆိုသံ ရန္ျဖစ္သံ မၾကားရပါ..အလြန္ေအးခ်မ္းၿပီး တိတ္ဆိတ္ၿငိမ္သက္လွပါတယ္..

အလြန္အံ့ၾသစရာေနရာတစ္ခုလည္းျဖစ္ပါတယ္.. တ႐ုတ္နိုင္ငံ ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာရွိ လာရန္ဂါေတာင္ၾကားတြင္ ဘုန္းေတာ္ႀကီး ႏွင့္ သီလရွင္ အပါးေလးေသာင္းေက်ာ္ သီတင္းသုံး ေနထိုင္ၾကပါတယ္..ဘုန္းေတာ္ႀကီး မ်ားႏွင့္ သီလရွင္ မ်ားတို႔ရဲ႕ သီတင္းသုံး ေထိုင္ရာေနရာနဲ႕ ေက်ာင္းၾကားတြင္လမ္းမႀကီးျဖင့္ စည္းျခားထားပါတယ္.




ထို ဗုဒၶဘာသာ ဘုန္းႀကီး ၿမိဳ႕ေတာ္ကို ထင္ရွားသည့္ ယင္မာလာမာ ဘုန္းေတာ္ႀကီး တစ္ပါးျဖစ္သူ ဂ်င္မီဖန႔္ေဆာ့စ္ကလူေနထိုင္ျခင္းမရွိသည့္ ေတာင္ၾကား ၌၁၉၈၀ တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ပါတယ္..ေဝးလံေခါင္သီသည့္ ေဒသ တြင္ရွိေသာ္လည္း လာရန္ဂါ အကယ္ဒမီ မွာ ကမၻာ့ ဗုဒၶဘာသာ အေျခခ်နယ္ေျမျဖစ္လာခဲ့ပါတယ္..ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာ ဆာတာေဒသရွိထို ဗုဒၶဘာသာ ဘုန္းႀကီး ၿမိဳ႕ေတာ္ သြားေရာက္လိုပါက
နာရီ ၂၀-ၾကာခရီးကို ျဖတ္သန္းရမွာျဖစ္ပါတယ္..သာယာလွပသည့္ ထို ေဒသ တြင္ TV မ်ားကို ပိတ္ပင္ထားၿပီး ဘုန္းေတာ္ႀကီး ႏွင့္ သီလရွင္ မ်ားမွာဘာသာေရးစာေပမ်ား ေလ့လာသင္ယူျခင္း ဘုရားရွိခိုး ျခင္းတို႔ျဖင့္ ေကာင္းက်ိဳးရရွိရန္ ေနထိုင္ၾကပါတယ္..ဗုဒၶဘာသာ ဘုန္းႀကီး ၿမိဳ႕တြင္တ႐ုတ္လူမ်ိဳး စာသင္သား မ်ားအျပင္ထိုင္ဝမ္ တိဘက္ ေဟာင္ေကာင္ စကၤာပူႏွင့္ မေလးရွား မွ စာသင္သား မ်ားပါသင္ၾကားဆည္းပူးလ်က္ရွိပါတယ္..သီးျခားစီခြဲျခားထားသည့္ စာသင္ခန္း မ်ားတြင္ဒရင္း တ႐ုတ္ဘာသာ ျဖင့္ သင္ၾကားၿပီး စာသင္ခန္း က်ယ္ႀကီးမ်ားတြင္ တိဘက္ ဘာသာျဖင့္ သင္ၾကားလ်က္ရွိပါတယ္….။






Source : အရွင္ပညာသီဟ 

👉Unicode 👈 

ကမ်ဘာပေါ်ရှိ ဗုဒ္ဓဘာသာ အများဆုံး နေထိုင်ရာ မြို့ကလေး

ဘုန်းကြီး မြို့တော် ဟု နာမည်ပေးထားသော်လည်းတစ်ကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ စာသင်တိုက် များဖြစ်ပါတယ်..လူနေအိမ်များမဟုတ် အနီရောင် တဲအိမ်များဖြင့် တည်ဆောက်ထားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး တဲကျောင်း များသာဖြစ်ပါတယ်.. အဓိက မိမိ တို့ လေ့လာ လိုသည့် ပရိယတ္တိ ပဋိပတ္တိပဋိဝေဒ များကိုသာ လေ့လာ ခွင့်ရှိပါတယ်..အချို့ဘုန်းကြီး များကလည်း စကား မပြောပဲ ဝစီပိတ် ကျင့်ကြံကြပါတယ်..အလွန့်အလွန်သာယာပြီး သူတော်ကောင်း တို့ရဲ့ ဓမ္မစာပေ များသာ ကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံ မကြားရပါ..အလွန်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လှပါတယ်..

အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်.. တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားတွင် ဘုန်းတော်ကြီး နှင့် သီလရှင် အပါးလေးသောင်းကျော် သီတင်းသုံး နေထိုင်ကြပါတယ်..ဘုန်းတော်ကြီး များနှင့် သီလရှင် များတို့ရဲ့ သီတင်းသုံး ထေိုင်ရာနေရာနဲ့ ကျောင်းကြားတွင်လမ်းမကြီးဖြင့် စည်းခြားထားပါတယ်..ထို ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တော်ကို ထင်ရှားသည့် ယင်မာလာမာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သူ ဂျင်မီဖန့်ဆော့စ်ကလူနေထိုင်ခြင်းမရှိသည့် တောင်ကြား ၌၁၉၈၀ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..ဝေးလံခေါင်သီသည့် ဒေသ တွင်ရှိသော်လည်း လာရန်ဂါ အကယ်ဒမီ မှာ ကမ်ဘာ့ ဗုဒ္ဓဘာသာ အခြေချနယ်မြေဖြစ်လာခဲ့ပါတယ်..ချန်ဒူမြို့မှ မိုင်၃၇၀အကွာ ဆာတာဒေသရှိထို ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တော် သွားရောက်လိုပါက 

နာရီ ၂၀-ကြာခရီးကို ဖြတ်သန်းရမှာဖြစ်ပါတယ်..သာယာလှပသည့် ထို ဒေသ တွင် TV များကို ပိတ်ပင်ထားပြီး ဘုန်းတော်ကြီး နှင့် သီလရှင် များမှာဘာသာရေးစာပေများ လေ့လာသင်ယူခြင်း ဘုရားရှိခိုး ခြင်းတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြပါတယ်..ဗုဒ္ဓဘာသာ ဘုန်းကြီး မြို့တွင်တရုတ်လူမျိုး စာသင်သား များအပြင်ထိုင်ဝမ် တိဘက် ဟောင်ကောင် စင်္ကာပူနှင့် မလေးရှား မှ စာသင်သား များပါသင်ကြားဆည်းပူးလျက်ရှိပါတယ်..သီးခြားစီခွဲခြားထားသည့် စာသင်ခန်း များတွင်ဒရင်း တရုတ်ဘာသာ ဖြင့် သင်ကြားပြီး စာသင်ခန်း ကျယ်ကြီးများတွင် တိဘက် ဘာသာဖြင့် သင်ကြားလျက်ရှိပါတယ်….။

Source : အရှင်ပညာသီဟ 
ကမၻာေပၚရွိ ဗုဒၶဘာသာ အမ်ားဆုံး ေနထိုင္ရာ ၿမိဳ႕ကေလး ကမၻာေပၚရွိ ဗုဒၶဘာသာ အမ်ားဆုံး ေနထိုင္ရာ ၿမိဳ႕ကေလး Reviewed by Unknown on February 08, 2018 Rating: 5

No comments:

Powered by Blogger.