ရှေ့နေအတုမှန်း (၁၅)နှစ်ကြာမှသိခဲ့ရပြီး နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဖမ်းဆီး


နိုင်ဂျီရီးယားရဲတပ်ဖွဲ့ဟာ ကာလရှည် ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ရှေ့နေအတုအယောင် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ ရှေ့နေအတုဟာ လာဂေါ့စ်မြို့မှာ ရှေ့နေအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာ (၁၅)နှစ်တိုင်တိုင် ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။

တရားခံရဲ့အမည်မှာ Chris Elisha ဖြစ်ပြီး သူ့ကို  Lagos State Police Command မြို့ခံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖေဖေဝါရီခြောက်ရက်နေ့က Ojo Magistrate တရားရုံးမှာ အမှုသည်တစ်ယောက်ကိုယ်စား ရောက်ရှိနေစဉ် တရားရုံးမှာ ရှေ့နေရှေ့ရပ်နဲ့ မလျော်ညီစွာ မလည်မဝယ် ဖြစ်နေပါတယ်။

ထိုအခါမှာ ပြိုင်ဘက်ဝတ်လုံတော်ရရှေ့နေတစ်ဦးဖြစ်တဲ့ Nnamdi Samuel Nwafor က သူ့ကို ရှေ့နေဖြစ်ကြောင်း အထောက်အထားစာရွက်တွေ တင်ပြဖို့ ဦးတိုက်လျှောက်ထားစဉ် Chris နဲ့ တရားရုံးထဲမှာ အချင်းများရန်ဖြစ်ခဲ့ကြပါတယ်။ တကယ်တော့ Chris ဟာ Charge and Bail Lawyer အဖြစ် ခပ်တည်တည် နေထိုင်ခဲ့တာ ကြာပါပြီ။




သို့ပေမယ့် သူ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ အခြေခံဥပဒေတွေကို လုံးဝနားလည်မှုမရှိဘဲ မယောင်မလည်ဖြစ်နေခြင်းက တစ်ဖက် ရှေ့နေကို သံသယပွားစေပါတယ်။ တရားရုံးမှာလိုအပ်ပါက ရှေ့နေ့ရှေ့ရပ်ဖြစ်ကြောင်းကို သက်ဆိုင်ရာက တောင်းဆိုလျှင် ဥပဒေနဲ့အညီ ပြသရလေ့ရှိတယ်လို့ သိရပေမယ့် Chris မှာ မည်သည့်အထောက်အထားမျှ မရှိခဲ့ပါ။

Chris က ဆိုဗီယက်ခေတ်တုန်းက Eastern Ukrainian University မှာ ဥပဒေစာအုပ်တွေ လေ့လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့မှာ ပညာရပ်နဲ့သက်ဆိုင်တဲ့ ဘွဲ့အထောက်အထား တစ်ခုမှ မပြနိုင်သလို၊ တရားဝင် ဝတ်လုံတော်ရ ရှေ့နေလိုင်စင်ပင် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရဲက သူ့ကို ဖမ်းဆီးခဲ့ပြီး၊ အယောင်ဆောင်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)
ရှေ့နေအတုမှန်း (၁၅)နှစ်ကြာမှသိခဲ့ရပြီး နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဖမ်းဆီး ရှေ့နေအတုမှန်း (၁၅)နှစ်ကြာမှသိခဲ့ရပြီး နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဖမ်းဆီး Reviewed by Unknown on February 08, 2018 Rating: 5

No comments:

Powered by Blogger.