ထူးဆန္းလွတဲ့ ေျမြေဟာက္ဘုရင္နဲ႔ စပါးအံုေျမြႀကီးတို႔ရဲ႕ အေသအေၾကတိုက္ပြဲ



အေရွ႕ေတာင္အာရွရဲ႕ တစ္ေနရာမွာ ျဖစ္ပြားခဲ့ပံုေပၚတဲ့ ထူးျခားျဖစ္စဥ္တစ္ခုရဲ႕ ဓာတ္ပံုမွာ ပ်ံ႕ႏွံ႔လ်က္ရိွပါတယ္။ ေၾကာက္စရာ အင္အားႀကီးသတၱဝါႏွစ္ေကာင္ရဲ႕ အေသအေၾကတုိက္ပြဲတစ္ခုဟာ ထိတ္လန္႔ေၾကာက္ရြ႔ံဖြယ္ရာျမင္ကြင္းနဲ႔ သေရအျဖစ္ အဆံုးသတ္သြားခဲ့တာပါ။

တစ္ေကာင္က ေျမြေဟာက္ဘုရင္ျဖစ္ျပီး ေနာက္တစ္ေကာင္က စပါးအံုေျမြႀကီးျဖစ္ပါတယ္။ စပါးအံုေျမြႀကီးက သူ႔ေခါင္းအေနာက္ဘက္ကို ေျမြေဟာက္က ကိုက္ခဲ့တာေၾကာင့္ အဆိပ္တက္ကာ ေသဆံုးခဲ့ျပီး စပါးအံုကလည္း သူ႔အသက္ကို ကာကြယ္ရင္း ေျမြေဟာက္ႀကီးကို ျပန္ညွစ္သတ္ခဲ့ရာ ေအာင္ျမင္ခဲ့ပါတယ္။

ႏွစ္ဘက္လံုးက ေျမြမ်ိဳးစိတ္ေတြမွာ အင္အားႀကီးမ်ိဳးေတြျဖစ္ျပီး သူတို႔ႏွစ္ေကာင္ အေသအေၾကတိုက္ပြဲဝင္ခဲ့ပံုကို မ်က္ျမင္တစ္ဦးက Facebook ေပၚကို တင္ခဲ့ရာ လူအမ်ားနဲ႔ တြားသြားသတၱဝါေလ့လာသူေတြရဲ႕ စိတ္ဝင္စားမွဳကို ခံခဲ့ရပါတယ္။ ေျမြေဟာက္ဘုရင္ (King Cobra) မ်ိဳးစိတ္ဟာ (၁၈)ေပအထိ ရွည္ႏုိင္ျပီး သူတို႔ရန္သူရဲ႕ေခါင္းကို အဓိကထားကိုက္တတ္ၿပီး ေသေစႏုိင္တဲ့ အဆိပ္က အာ႐ံုေၾကာေတြကို ခ်က္ခ်င္း ပ်က္စီးေစပါတယ္။







စပါးအံုေျမြေတြကလည္း ေျမြမ်ိဳးစိတ္မွာ အရွည္ဆံုးျဖစ္ျပီး ေပ(၃၀)အထိ ရွည္ၾကပါတယ္။ ရန္သူ (သို႔မဟုတ္) အစာကို ရစ္ပတ္ေခ်မြကာ သတ္ျဖတ္တတ္တဲ့ သတၱဝါပါ။ ဒါေပမယ့္ သူတို႔ႏွစ္ေကာင္ရဲ႕ အားျပိဳင္မွဳမွာေတာ့ ဘယ္သူမွ အႏုိင္မရခဲ့ပါဘူး။

ပံုအရ ေျမြေဟာက္ဘုရင္ကလည္း စပါးအံုေျမြႀကီးကို သူ႔ပါးစပ္နဲ႔ ဆန္႔တာထက္ပိုကိုက္ထားခဲ့ျပီး စပါးအံုကေတာ့ သူလုပ္ေနၾကအတုိင္း အေသအေၾကကို ရစ္ပတ္ေခ်မႊထားခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ စပါးအံုလည္း ေျမြေဟာက္အဆိပ္ကိုေတာ့ မခံႏုိင္ခဲ့ပါဘူး။ သူတို႔ႏွစ္ဦးဟာ အျပိဳင္အဆိုင္သတ္ျဖတ္ၾကျပီး မိနစ္ (၃၀)အတြင္းမွာ ႏွစ္ေကာင္စလံုးေသဆံုးသြားခဲ့ပံုေပၚေၾကာင္း ဖေလာ္ရီဒါ သဘာဝသမိုင္းျပတိုက္မွ ပညာရွင္တစ္ဦးျဖစ္တဲ့ Coleman Sheehy က ေျပာခဲ့ပါတယ္။

SHARE FROM White (Shwemom)

ထူးဆန်းလှတဲ့ မြွေဟောက်ဘုရင်နဲ့ စပါးအုံမြွေကြီးတို့ရဲ့ အသေအကြေတိုက်ပွဲ

အရှေ့တောင်အာရှရဲ့ တစ်နေရာမှာ ဖြစ်ပွားခဲ့ပုံပေါ်တဲ့ ထူးခြားဖြစ်စဉ်တစ်ခုရဲ့ ဓာတ်ပုံမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ကြောက်စရာ အင်အားကြီးသတ္တဝါနှစ်ကောင်ရဲ့ အသေအကြေတိုက်ပွဲတစ်ခုဟာ ထိတ်လန့်ကြောက်ရွ့ံဖွယ်ရာမြင်ကွင်းနဲ့ သရေအဖြစ် အဆုံးသတ်သွားခဲ့တာပါ။

တစ်ကောင်က မြွေဟောက်ဘုရင်ဖြစ်ပြီး နောက်တစ်ကောင်က စပါးအုံမြွေကြီးဖြစ်ပါတယ်။ စပါးအုံမြွေကြီးက သူ့ခေါင်းအနောက်ဘက်ကို မြွေဟောက်က ကိုက်ခဲ့တာကြောင့် အဆိပ်တက်ကာ သေဆုံးခဲ့ပြီး စပါးအုံကလည်း သူ့အသက်ကို ကာကွယ်ရင်း မြွေဟောက်ကြီးကို ပြန်ညှစ်သတ်ခဲ့ရာ အောင်မြင်ခဲ့ပါတယ်။

နှစ်ဘက်လုံးက မြွေမျိုးစိတ်တွေမှာ အင်အားကြီးမျိုးတွေဖြစ်ပြီး သူတို့နှစ်ကောင် အသေအကြေတိုက်ပွဲဝင်ခဲ့ပုံကို မျက်မြင်တစ်ဦးက Facebook ပေါ်ကို တင်ခဲ့ရာ လူအများနဲ့ တွားသွားသတ္တဝါလေ့လာသူတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ မြွေဟောက်ဘုရင် (King Cobra) မျိုးစိတ်ဟာ (၁၈)ပေအထိ ရှည်နိုင်ပြီး သူတို့ရန်သူရဲ့ခေါင်းကို အဓိကထားကိုက်တတ်ပြီး သေစေနိုင်တဲ့ အဆိပ်က အာရုံကြောတွေကို ချက်ချင်း ပျက်စီးစေပါတယ်။

စပါးအုံမြွေတွေကလည်း မြွေမျိုးစိတ်မှာ အရှည်ဆုံးဖြစ်ပြီး ပေ(၃၀)အထိ ရှည်ကြပါတယ်။ ရန်သူ (သို့မဟုတ်) အစာကို ရစ်ပတ်ချေမွကာ သတ်ဖြတ်တတ်တဲ့ သတ္တဝါပါ။ ဒါပေမယ့် သူတို့နှစ်ကောင်ရဲ့ အားပြိုင်မှုမှာတော့ ဘယ်သူမှ အနိုင်မရခဲ့ပါဘူး။

ပုံအရ မြွေဟောက်ဘုရင်ကလည်း စပါးအုံမြွေကြီးကို သူ့ပါးစပ်နဲ့ ဆန့်တာထက်ပိုကိုက်ထားခဲ့ပြီး စပါးအုံကတော့ သူလုပ်နေကြအတိုင်း အသေအကြေကို ရစ်ပတ်ချေမွှထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စပါးအုံလည်း မြွေဟောက်အဆိပ်ကိုတော့ မခံနိုင်ခဲ့ပါဘူး။ သူတို့နှစ်ဦးဟာ အပြိုင်အဆိုင်သတ်ဖြတ်ကြပြီး မိနစ် (၃၀)အတွင်းမှာ နှစ်ကောင်စလုံးသေဆုံးသွားခဲ့ပုံပေါ်ကြောင်း ဖလော်ရီဒါ သဘာဝသမိုင်းပြတိုက်မှ ပညာရှင်တစ်ဦးဖြစ်တဲ့ Coleman Sheehy က ပြောခဲ့ပါတယ်။

SHARE FROM White (Shwemom)
ထူးဆန္းလွတဲ့ ေျမြေဟာက္ဘုရင္နဲ႔ စပါးအံုေျမြႀကီးတို႔ရဲ႕ အေသအေၾကတိုက္ပြဲ ထူးဆန္းလွတဲ့ ေျမြေဟာက္ဘုရင္နဲ႔ စပါးအံုေျမြႀကီးတို႔ရဲ႕ အေသအေၾကတိုက္ပြဲ Reviewed by Unknown on February 08, 2018 Rating: 5

No comments:

Powered by Blogger.