SHARE FROM SHWEMOM
အမေရိကားမှာ အနုပညာခြေလှမ်းသစ်စတော့မယ့် ဥက္ကာမင်းမောင်
ဥက္ကာမင်းမောင်ကတော့ ခပ်မိုက်မိုက် Body နဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်ပိုင်ရှင်မျိုးပါ။ သီချင်းတွေလည်း သီဆိုသလို Mister Tourism World 2016 ဆုရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလောကထဲ တကျော့ပြန်၀င် လာပြီး နောက် ပိုအောင်မြင်လာခဲ့သူပါ။ ပြန်လည်၀င်ရောက်လာတဲ့ အချိန်မှာလည်း အရင် ဥက္ကာမင်းမောင်နဲ့ လုံး၀မတူတော့တဲ့ ဥက္ကာမင်းမောင် အဖြစ်နဲ့ ပြန်ရောက်လာခဲ့တာပါ။
ဥက္ကာမင်းမောင်တစ်ယောက် အမေရိကားမှာ အနုပညာ ခြေလှမ်းသစ် စတော့မယ်လို့ သိရပါတယ်။ New York မှာ ရိုက်မယ့် Dead Of Night Short film အတွက် Audition ဝင်ပြိုင်ထားတာ ရွေးချယ်ခံလိုက်ရပါပြီ။ ဥက္ကာမင်းမောင် ကတော့ ဒီအကြောင်းကို ဖေဖော်ဝါရီ (၁၃) တုန်းက သူ့ရဲ့ FB ကနေ အခုလို ေ၀မျှခဲ့ပါတယ်။
“မထင်မှတ်ထားတဲ့ သတင်းကောင်းတစ်ခု အခုပဲ စာလာတယ် … New York မှာ ရိုက်မယ့် Dead Of Night Short film အတွက် Audition ဝင်ပြိုင်ထားတာ ကျွန်တော် အရွေးခံရပါတယ် … ပရိတ်သတ်တွေ အားလုံး ဆုတောင်းပေးခဲ့တာ ဆုတောင်းပြည့်ခဲ့ပြီ … ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိ … Leading Role ရိုက်ရမှာပါ.. Supernatural Thriller အမျိုးအစား.. March လထဲ Spring အချိန်မှာ ရိုက်မယ်ပြောပါတယ် …”
” ပြီးရင် Film festival တွေ ပို့မယ်ပြောပါတယ်.. လောလောဆယ် သိရသလောက်က ဒီလောက်ပါပဲ.. အမေရိကား မှာ ပထမဦးဆုံး သရုပ်ဆောင်စလုပ်ဖြစ်မယ့် ကျွန်တော့်ရဲ့ အနုပညာခရီးအစပါပဲ.. ယှဉ်ပြိုင်မှူတွေများတဲ့နိုင်ငံ…Asian တွေအတွက် အခွင့်အရေးနည်းတဲ့ နိုင်ငံ.. အများကြီး aလျှာက်ထားသော်လည်း Callback က ပြန်မလာတော့ မျှော်လင့်ချက်တောင် သိပ်မရှိတော့တာ… သူတို့ပို့တဲ့ Monologue ကို version (၂)မျိုးနဲ့ သရုပ်ဆောင်ပြီး ပို့လိုက်တာပါ.. ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ် … နောက်ထပ်လဲ Audition တွေထပ်ပြိုင်သွားမယ်… ဖေကြီးသိရင်သိပ်ပျော်မှာပဲ.. သူ့သားအတွက် ဖေကြီးကောင်းကင်ဘုံတနေရာကနေ ကြည်နူးနေမှာ ကျွန်တော်သိတယ်..” ဆိုပြီး တင်ထားပါတယ်။
(၂၀၁၈)ကတော့ ဥက္ကာမင်းမောင်အတွက်တော့ ကံကောင်းတဲ့၊ အောင်မြင်မှုတွေ ဆွတ်ခူးမယ့် နှစ်တစ်နှစ်ပါ။ ဇွန်လ ကျရင် အီတလီက Mister ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ဖိတ်ကြားခံထားရတဲ့ သတင်းကောင်းကို ဖေဖော်ဝါရီ (၁၀)ရက်နေ့ တုန်းက သူ့ရဲ့ FB ကတစ်ဆင့် အခုလို ေ၀မျှပေးခဲ့ပါသေးတယ်။
“June လကျရင် အီတလီ မှာ Mister ပြိုင်ပွဲ ဒိုင်လူကြီးလုပ်ဖို့ ဖိတ်ကြားခြင်းခံရတယ်.. ပျော်ထှာ.. တခါမှမရောက်ဖူးဘူး.. တခါတလေတွေးမိတာက ကျွန်တော်သာ Mister မပြိုင်ခဲ့ရင် အဲ့လို အခွင့်အရေးတွေလဲ ရလာမှာမဟုတ်ဘူး.. လွန်ခဲ့သော (၁)နှစ် ကျော်က လူတွေ ဘယ်လောက်ဝေဖန်ဝေဖန် ရှေ့ဆက်တိုး ယုံကြည်မှူအပြည့်နဲ့ သွားပြိုင်ခဲ့တာ မှန်တယ်လို့ ခံစားရတယ်.. “စောက်ခြောက်၊ ကုလားဒိန်ရုပ်၊ ဘာမှ အသုံးကျမှာလဲ ဟုတ်ဘူး၊ အသက်ပဲကြီးပြီ သွားပြိုင်ချင်သေးတယ်၊ အိုပဲအိုနေပြီ၊ အလကား ဘာဆုမှရမှာမဟုတ်ဘူးကြည့်နေ” ပေါင်းစုံအပြောခံ အဆဲခံရတာတွေ မှတ်မိသေးတယ်..”
” မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ … ဆဲခဲ့တဲ့သူတွေအားလုံး ကျေးဇူးတင်ပါတယ်.. နောက်လဲ များများဆဲကြပါ.. သေချာတာက ကျွန်တော့် Life တခုက (၁)နှစ်ကျော်အတွင်း အများကြီးပြောင်းလဲခဲ့ပြီ.. ရှေ့ဆက်လဲ ဒီ့ထက်ပြောင်းလဲအောင် ဖြေးဖြေးနဲ့မှန်မှန်ပဲ ဆက်လက်ကြိုးစားသွားဦးမယ်..” လို့ ေ၀မျှခဲ့ပါတယ်။ ဖေဖော်ဝါရီ တစ်လတည်းမှာပဲ သတင်းကောင်းနှစ်ခုနဲ့ ကြုံခဲ့ရတာပါ။ Congratulations.ပါ ကိုဥက္ကာမင်းမောင်..!!
SHARE FROM SHWEMOM
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment