သတို့သားလောင်းကြီးရဲ့V day လက်ဆောင်ကြောင့် စိတ်လှုပ်ရှားခဲ့ရတဲ့သူမ
ဒီနေ့ဟာ ချစ်သူများနေ့ဖြစ်တာကြောင့် ကိုယ်ချစ်ရတဲ့ ချစ်သူခင်သူတွေကို အပြောင်း အလှန်လက်ဆောင်လေးတွေပေးရင်း ချစ်သူစုံတွဲတွေ အပျော်ကြီးပျော်ကြတဲ့နေ့လေးပါ။ ဒီချစ်သူစုံတွဲတွေထဲမှာ ပရိသတ်ကြီးချစ်တဲ့ မကြာခင်မှာသတို့သမီးလောင်းလေးဖြစ် လာတော့မယ့် ဒီးဒီးတစ်ယောက်လည်း ပါဝင်ပါတယ်။
သူမရဲ့ သတိုးသားလောင်းလေးပေးတဲ့ V Day လက်ဆောင်ကြောင့် စိတ်လှုပ်ရှားစွာ ပျော်ရွှင် လို့နေတာပါ။ သတို့သားလောင်းလေးကတော့ ခရီးရောက်နေပေမယ့်လည်း သူရဲ့ချစ်သူလေးအတွက် သေသေချာချာစီမံပေးခဲ့တာ တကယ်ကိုပဲ အားကျစရာ ကောင်း ပါတယ်။ လိုက်ဖက်ညီလွန်းတဲ့ သူမတို့ရဲ့ Pre-Wedding ဓာတ်ပုံကလေးတွေကတော့ ပရိသတ်တွေကြားမှာ လတ်တလောရေပန်းစားနေခဲ့တဲ့ ပုံကလေးတွေဖြစ်ခဲ့ပါတယ်။
အခုလာမယ့် ၂၂ ရက်နေ့မှာတော့ စိုးပြည့်သဇင်နဲ့အတူ နှစ်ယောက်တည်းသီဆိုထားတဲ့ သီချင်းလေးတွေ ထွက်ရှိလာတော့မှာလို့လဲ ပရိသတ်ကြီးကို သတင်းကောင်းပါး လိုက်ပါ တယ်နော် ။
မကြာခင်မှာ သတို့သမီးလောင်းလေးဖြစ်လာတော့မယ့် ဒီဒီတစ်ယောက်ပျော်အောင် လုပ်ပေးတဲ့ သူချစ်သူရဲ့ လက်ဆောင်လေးကိုလဲ ပရိသတ်ကြီးအတွက် မျှဝေလိုက်တယ်နော် ။
SHARE FROM Myanmarload
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment