ဒီလောက်ပါပဲ။
အွန်လိုင်းမှာ ပျံ့နေတဲ့ ဓာတ်ပုံအကြောင်းကိုပြန်လည်ဖြေရှင်းလိုက်တဲ့ ပန်ဆယ်လို
ဒီပုံကို အစစ်လား အစစ်လားဆိုပြီးတိုက်ခိုက်နေကြတော့ရှင်းလက်စနဲ့ ရှင်းရဦးမယ်။အစကတော့ ပြန်ဖြေရှင်းရမယ့်အနေအထား မဟုတ်ခဲ့လို့ပိုစ့်ရှုပ်လို့ မတင်ခဲ့တာ။
ဒီပုံက မြင့်မိုရ်မေတ္တာခိုနားရာဂေဟာကSingle Motherတစ်ယောက်ရဲ့ ကလေးကို ချီထားတဲ့ပုံ ။မူရင်းပုံက အဲ့မှာအဲ့ဒါမူရင်းပုံ။
Photoshopနဲ့ ပြင်ပြီး ယုတ်ညံ့ကြတာရှက်ရကောင်းမှန်း မသိတာလား။
ကျွန်မ ဒီကလေးတွေကို ချီပွေ့တယ်။ကောင်းရာကောင်းကျိုး ကျွန်မတတ်နိုင်သမျှ လုပ်တယ်။ကျွန်မလုပ်နေတဲ့အထဲမှာ ဒီကလေးတွေကို ထိခိုက်တာ မပါသလို ရှင်တို့ကို ထိခိုက်တာလည်း မပါဘူး။သချိုၤင်းမှာ ပစ်ထားခံရတဲ့ သမီးလေးကို ကျွန်မမွေးစားတယ်။အဲ့ကလေး စွန့်ပစ်ခံရတဲ့ကိစ္စက ဖဒိုတစ်မြို့လုံး သိတဲ့ကိစ္စကျွန်မက လင်ကောင်မပေါ်ဘဲမွေးပြီး မွေးစားတယ်လုပ်ပါတယ်ဆိုပြီး ဖွတယ်။
ကျွန်မ ချီပွေ့နေတာ မေတ္တာမရရှာသူလေးတွေပါ။သူတို့ကို ရှင်တို့ မချီပွေ့နိုင်ရင်နေပါ။ချီပွေ့ဖို့ ကြိုးစားနေသူတွေရဲ့ လက်ကို ပုတ်မချကြပါနဲ့။
ကျွန်မ မဟုတ်တာမလုပ်တဲ့အတွက် ရှက်စရာအကြောင်းမရှိဘူး။မဟုတ်တာလုပ်သူတွေပဲ ရှက်ရမှာ။
ဒီလောက်ပါပဲ။
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment