လူျဖင့္ပံုေဖာ္ထားတဲ႔ ကမာၻ႔အႀကီးဆံုး ႏိုင္ငံေျမပံုအျဖစ္ ျမန္မာႏိုင္ငံ ဂင္းနစ္စံခ်ိန္သစ္တင္



လူျဖင့္ပံုေဖာ္ထားတဲ႔ ကမာၻ႔အႀကီးဆံုးႏိုင္ငံေျမပံုအျဖစ္ ျမန္မာႏုိင္ငံေျမပံုကို ပံုေဖာ္ၿပီး ကမာၻ႔စံခ်ိန္သစ္ တင္ႏိုင္ေရး ႀကိဳးပမ္းမႈကို ဂင္းနစ္ကမာၻ႔စံခ်ိန္ မွတ္တမ္းအဖြဲ႕အစည္းက အတည္ျပဳ ေပးလိုက္ၿပီ ျဖစ္တဲ႔ အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ ဂင္းနစ္ကမာၻ႔စံခ်ိန္သစ္တစ္ခုတင္ႏိုင္ခဲ့ပါျပီ။  ဒီ ၾကိဳးပမ္းမႈမွာ ပါဝင္ခဲ႔တဲ႔ ျမန္မာႏုိင္ငံသူ/သားေပါင္း ၃၄၀၀ေက်ာ္ဟာလည္း ဂင္းနစ္ကမၻာ့စံခ်ိန္ခ်ိဳးႏိုင္သူေတြ ျဖစ္လာခဲ့ပါျပီ။ တကယ္ကို ဂုဏ္ယူစရာျဖစ္ရပ္တစ္ခုပါပဲ။

မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ပံ့ပိုးကူညီမႈနဲ႔ တယ္လီေနာျမန္မာက ဦးေဆာင္ကာ ေဖေဖာ္၀ါရီလ ၁၂ရက္ေန႔ မေကြးၿမိဳ႕ ခ႐ိုင္အားကစားကြင္းမွာ ျပဳလုပ္ခဲ့တဲ႔ ကမာၻ႔စံခ်ိန္သစ္တင္ႏိုင္ေရးႀကိဳးပမ္းမႈမွာဆိုရင္ေတာ႔ တကၠသိုလ္ႏွင့္ေကာလိပ္ ေက်ာင္းသူေက်ာင္းသားေတြ၊ ဌာေနျပည္သူ/သားေတြ နဲ႔ တယ္လီေနာဝန္ထမ္းေတြ စုစုေပါင္း ၃၄၆၆ ဦး က စတုရန္းေပ ၂၄,၈၀၄ အက်ယ္အဝန္းရွိတဲ႔ ျမန္မာ ႏိုင္ငံေျမပံုႀကီးကို စုေပါင္းပံုေဖာ္ခဲ့ၾကတာပါ။ ဂင္းနစ္ကမာၻ႔စံခ်ိန္အဖြဲ႕အစည္းရဲ႕ အတည္ျပဳခ်က္အရ ၂၀၁၆ ခုႏွစ္က ယူေကႏုိင္ငံတြင္ Belron International က ဦးေဆာင္ကာ လူေပါင္း ၈၁၁ ေယာက္နဲ႔ အာဖရိကတုိက္ပံုေဖာ္ခဲ့တဲ႔ စံခ်ိန္ကိုခ်ိဳးရန္ ျမန္မာႏိုင္ငံက ႀကိဳးပမ္းရာတြင္ အတိ အက်လိုက္နာဖို႔ လိုအပ္တဲ႔ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီၿပီး တရားဝင္ စံခ်ိန္သစ္တင္ႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။ 







(၇၁) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ ျပည္သူေတြနဲ႔ ပူးေပါင္းျပီး ျမန္မာႏုိင္ငံအတြက္ ဂုဏ္ယူစရာ သမိုင္းစာမ်က္ႏွာသစ္တစ္ခုဖြင့္လွစ္ရန္ ရည္ရြယ္ခ်က္နဲ႔ ယခုလို လူေပါင္းမ်ားစြာျဖင့္ ကမာၻ႔အႀကီးဆံုး ေျမပံု ပံုေဖာ္ကာ ကမာၻ႔စံခ်ိန္သစ္တစ္ခုတင္ႏုိင္ရန္ တယ္လီေနာက ႀကိဳးပမ္းခဲ့ျခင္းျဖစ္ပါတယ္။ 

“ဒီေန႔မွာ ျပည္သူလူထုရဲ႕ တစ္ခဲနက္ပါဝင္မႈနဲ႔ ျမန္မာႏုိင္ငံရဲ႕ သမိုင္းစာမ်က္ႏွာသစ္တစ္ခုကို ဖြင့္လွစ္ႏုိင္ခဲ့ပါၿပီ။ ဒီႀကိဳးပမ္းမႈကို ဦးေဆာင္ခြင့္ရခဲ့တဲ့အတြက္ တယ္လီေနာျမန္မာအေနနဲ႔ တကယ္ကို ဝမ္းေျမာက္ဂုဏ္ယူပါတယ္။ ဒီလို စံခ်ိန္သစ္တင္ႏုိင္ခဲ့ ႀကိဳးပမ္းမႈက ျပည္ေထာင္စုေန႔ကို အထူးဂုဏ္ျပဳတဲ့ပြဲလည္း ျဖစ္သလို ျပည္သူအမ်ားရဲ႕ စည္းလံုးညီညြတ္မႈကိုျပသႏုိင္ခဲ့တဲ့ ပြဲလည္း ျဖစ္ပါတယ္။ လူငယ္ေတြ အမ်ားစုပါဝင္တဲ့ လူေပါင္း ေထာင္နဲ႔ခ်ီၿပီး ကၽြန္ေတာ္တို႔ ျမန္မာႏုိ္င္ငံ ေျမပံုႀကီးကို အတူ တကြ လက္တြဲလို႔ပံုေဖာ္ၾကတာကို ျမင္ရတဲ့အခ်ိန္က တကယ့္ကို စိတ္လႈပ္ရွားစရာေကာင္းသလို ဂုဏ္ယူစရာလည္း ေကာင္းပါတယ္” ဟု တယ္လီေနာျမန္မာ၏ ေဒသဆုိင္ရာစီးပြားေရးတာဝန္ခံ ဦးေရခ်မ္းက ဆိုပါတယ္။ 

အဆိုပါ ဂင္းနစ္ကမာၻ႔စံခ်ိန္သစ္ဟာ ျမန္မာႏုိင္ငံအတြက္ လူအမ်ားစု၏ပါဝင္မႈနဲ႔ ႀကိဳးပမ္းခဲ့တဲ႔ ပထမဆံုးစံခ်ိန္လည္း ျဖစ္ပါတယ္။ ယခင္က ရယူခဲ့ဖူးတဲ႔ ကမာၻ႔စံခ်ိန္မ်ားကေတာ႔ တစ္သီးပုဂၢလနဲ႔ သက္ဆုိင္တဲ႔ စံခ်ိန္မ်ားျဖစ္ၿပီး အထင္ရွားဆံုး မွာ မွတ္ဉာဏ္အေကာင္းဆံုးလူပုဂၢိဳလ္အျဖစ္ ၁၉၈၅ ခုႏွစ္က စံခ်ိန္တင္ခဲ့တဲ႔ မင္းကြန္းဆရာေတာ္ႀကီး ဦးဝိစိတၱသာရ ျဖစ္ပါတယ္။ 

SHARE FROM Team (ရိုးရာေလး)

လူဖြင့်ပုံဖော်ထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံ ဂင်းနစ်စံချိန်သစ်တင်

လူဖြင့်ပုံဖော်ထားတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံကို ပုံဖော်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ရေး ကြိုးပမ်းမှုကို ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့အစည်းက အတည်ပြု ပေးလိုက်ပြီ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအနေဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါပြီ။ ဒီ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသူ/သားပေါင်း ၃၄၀၀ကျော်ဟာလည်း ဂင်းနစ်ကမ်ဘာ့စံချိန်ချိုးနိုင်သူတွေ ဖြစ်လာခဲ့ပါပြီ။ တကယ်ကို ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုပါပဲ။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ တယ်လီနောမြန်မာက ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မကွေးမြို့ ခရိုင်အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးကြိုးပမ်းမှုမှာဆိုရင်တော့ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူကျောင်းသားတွေ၊ ဌာနေပြည်သူ/သားတွေ နဲ့ တယ်လီနောဝန်ထမ်းတွေ စုစုပေါင်း ၃၄၆၆ ဦး က စတုရန်းပေ ၂၄,၈၀၄ အကျယ်အဝန်းရှိတဲ့ မြန်မာ နိုင်ငံမြေပုံကြီးကို စုပေါင်းပုံဖော်ခဲ့ကြတာပါ။ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်းရဲ့ အတည်ပြုချက်အရ ၂၀၁၆ ခုနှစ်က ယူကေနိုင်ငံတွင် Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ယောက်နဲ့ အာဖရိကတိုက်ပုံဖော်ခဲ့တဲ့ စံချိန်ကိုချိုးရန် မြန်မာနိုင်ငံက ကြိုးပမ်းရာတွင် အတိ အကျလိုက်နာဖို့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီပြီး တရားဝင် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ သမိုင်းစာမျက်နှာသစ်တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နဲ့ ယခုလို လူပေါင်းများစွာဖြင့် ကမ္ဘာ့အကြီးဆုံး မြေပုံ ပုံဖော်ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ရန် တယ်လီနောက ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ 

“ဒီနေ့မှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပါဝင်မှုနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီကြိုးပမ်းမှုကို ဦးဆောင်ခွင့်ရခဲ့တဲ့အတွက် တယ်လီနောမြန်မာအနေနဲ့ တကယ်ကို ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဒီလို စံချိန်သစ်တင်နိုင်ခဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်သလို ပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လူငယ်တွေ အများစုပါဝင်တဲ့ လူပေါင်း ထောင်နဲ့ချီပြီး ကျွန်တော်တို့ မြန်မာနို်င်ငံ မြေပုံကြီးကို အတူ တကွ လက်တွဲလို့ပုံဖော်ကြတာကို မြင်ရတဲ့အချိန်က တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒေသဆိုင်ရာစီးပွားရေးတာဝန်ခံ ဦးရေချမ်းက ဆိုပါတယ်။ 

အဆိုပါ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ဟာ မြန်မာနိုင်ငံအတွက် လူအများစု၏ပါဝင်မှုနဲ့ ကြိုးပမ်းခဲ့တဲ့ ပထမဆုံးစံချိန်လည်း ဖြစ်ပါတယ်။ ယခင်က ရယူခဲ့ဖူးတဲ့ ကမ္ဘာ့စံချိန်များကတော့ တစ်သီးပုဂ္ဂလနဲ့ သက်ဆိုင်တဲ့ စံချိန်များဖြစ်ပြီး အထင်ရှားဆုံး မှာ မှတ်ဉာဏ်အကောင်းဆုံးလူပုဂ္ဂိုလ်အဖြစ် ၁၉၈၅ ခုနှစ်က စံချိန်တင်ခဲ့တဲ့ မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရ ဖြစ်ပါတယ်။ 

SHARE FROM Team (ရိုးရာလေး)
လူျဖင့္ပံုေဖာ္ထားတဲ႔ ကမာၻ႔အႀကီးဆံုး ႏိုင္ငံေျမပံုအျဖစ္ ျမန္မာႏိုင္ငံ ဂင္းနစ္စံခ်ိန္သစ္တင္ လူျဖင့္ပံုေဖာ္ထားတဲ႔ ကမာၻ႔အႀကီးဆံုး ႏိုင္ငံေျမပံုအျဖစ္ ျမန္မာႏိုင္ငံ ဂင္းနစ္စံခ်ိန္သစ္တင္


Reviewed by Unknown on February 14, 2018 Rating: 5

No comments:

Powered by Blogger.