သင္ဟာ အႏၱရာယ္မ်ားျပီး သည္းထိတ္ရင္ဖိုဆန္တဲ့ အလုပ္မ်ိဳးေတြကိုမွ စိတ္ဝင္စားလို႔ ေအာက္ပါအလုပ္မ်ိဳးေတြထဲက တစ္မ်ိဳးမ်ိဳးကိုလုပ္ဖို႔ အစီအစဥ္ရိွတယ္ဆိုရင္ေတာ့ သင္ေသခ်ာစဥ္းစားဖို႔ လိုပါလိမ့္မယ္။ ဒီအလုပ္ေတြက စိတ္လွဳပ္ရွားစရာေကာင္းျပီး လစာလည္းမ်ားမယ္လို႔ ထင္ရေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ အႏၱရာယ္အရမ္းမ်ားတာပါပဲ။
အႏၱရာယ္အမ်ားဆံုးအလုပ္ေတြက ဘာေတြလဲဆိုတာကို Shwemom ပရိသတ္ႀကီး ဗဟုသုတရေအာင္ ေဖာ္ျပေပးလိုက္တယ္ေနာ္။ သင္ေရာ ဘယ္တစ္ခုက အႏၱရာယ္အမ်ားဆံုးလို႔ထင္လဲ။
ေဆာက္လုပ္ေရးလုပ္သား
အသက္ကာကြယ္ေရးပစၥည္းကိရိယာေတြ ဝတ္စံုေတြ အသံုးျပဳၾကေပမယ့္လည္း အလြန္ျမင့္တဲ့ေနရာေတြမွာ ေလးလံအႏၱရာယ္မ်ားတဲ့ ေဆာက္လုပ္ေရးပစၥည္းေတြကို သယ္ေဆာင္လုပ္ကိုင္ၾကရတာဟာ အလြန္ခက္ခဲလွပါတယ္။ လုပ္သားေတြအေပၚပစၥည္းျပိဳက်မွဳ အႏၱရာယ္လည္း ရိွပါတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၃၀,၀၀၀ မွ ၇၀,၀၀၀ (ျမန္မာေငြ သိန္း ၄၀၀ မွ သိန္း ၉၀၀ ခန္႔)
ပစၥည္းပို႔သမား
ပစၥည္းမွာထားတဲ့လူေတြက အနည္းငယ္ေနာက္က်တာနဲ႔ ေစာဒကတက္တတ္ၾကတဲ့အတြက္ ပစၥည္းပို႔သမားေတြဟာ စက္ဘီးကို အလ်င္အျမန္နင္းျပီး ပို႔ေပးၾကရပါတယ္။ ပို႔ေနစဥ္မွာ ပစၥည္းအလုခံရတာမ်ိဳးလည္း ႀကံဳတတ္ၾကရပါေသးတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၂၇,၀၀၀ မွ ၃၅,၀၀၀ (ျမန္မာေငြ သိန္း ၃၅၀ မွ သိန္း ၄၆၀ ခန္႔)
ေတာင္ေပၚလမ္းျပသူ
ဒီအလုပ္ဟာ တာဝန္ယူမွဳမ်ားစြာ လုိအပ္ပါတယ္။ ေတာင္တက္ရင္း ျဖစ္လာႏုိင္တဲ့အႏၱရာယ္ေတြကေန မိမိကိုယ္ကို ကာကြယ္ရ႐ံုသာမက မိမိလမ္းျပေပးရတဲ့ ခရီးသည္ေတြကိုပါ တာဝန္ယူေစာင့္ေရွာက္ေပးရပါတယ္။
၇၀,၀၀၀ (ျမန္မာေငြ သိန္း ၉၀၀ ေက်ာ္)
ေျမြဆိပ္ထုတ္သူ
ေျမြဆိပ္ထုတ္တဲ့အလုပ္လုပ္ရင္း တစ္ေန႔တာ ကုန္ဆံုးရတဲ့ လူေတြရိွပါတယ္။ ေျမြဆိပ္ကို ေျမြဆိပ္ေျဖေဆးထုတ္တဲ့ ေနရာမွာ သံုးတာျဖစ္ျပီး အဆိပ္ထုတ္ရာမွာ ႀကိဳတင္ကာကြယ္မွဳေတြ ျပဳလုပ္ထားေပမယ့္လည္း အႏၱရာယ္ကေတာ့ မ်ားေသးတာပါပဲ။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၃၀,၀၀၀ (ျမန္မာေငြ သိန္း ၄၀၀ ခန္႔)
Microchip ထုတ္လုပ္ေရး လုပ္သား
ကြန္ျပဴတာ Chip ေတြ ထုတ္လုပ္ရာမွာ အာဆင္နစ္ဓာတ္ပစၥည္းကဲ့သို႔ ဓာတုပစၥည္းေတြ ပါရိွတဲ့အတြက္ ေရတိုမွာ ဘာမွမထူးျခားရင္ေတာင္ ေရရွည္မွာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့အလုပ္ျဖစ္ပါတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၆၁,၀၀၀ (ျမန္မာေငြ သိန္း ၈၀၀ ခန္႔)
စစ္ပြဲအတြင္း ဆက္သြယ္သတင္းေပးရသူ
ဒီအလုပ္က အႏၱရာယ္မ်ားတာ ေျပာစရာေတာင္မလိုပါဘူး။ ဒီအလုပ္ရဲ႕ အႏၱရာယ္ေတြကေတာ့ ျပန္ေပးဆြဲခံရတာေတြ၊ ႏွိပ္စက္ခံရတာေတြနဲ႔ ေသဆံုးျခင္းတို႔အထိ ျဖစ္ႏုိင္ပါတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၃၆,၀၀၀ (ျမန္မာေငြ သိန္း ၄၇၀ ခန္႔)
ေရနံလုပ္သား
သူတို႔ဟာ ကမၻာေပၚမွာ မီးေလာင္အလြယ္ဆံုးအရာနဲ႔ အလုပ္လုပ္ၾကရတာ ျဖစ္ပါတယ္။ မီးေလာင္ေပါက္ကြဲျခင္း၊ ေရနစ္ျခင္းတို႔လည္းျဖစ္ႏုိင္ျပီး အသက္အႏၱရာယ္ရိွတဲ့အထိ စက္ပစၥည္းထဲ ညပ္ႏုိင္ပါေသးတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၇၀,၀၀၀ မွ ၁၄၀,၀၀၀ (ျမန္မာေငြ သိန္း ၉၀၀ မွ သိန္း ၁၈၀၀ ေက်ာ္)
မိေက်ာင္းနဲ႔ သ႐ုပ္ျပသူ
မိေက်ာင္းသ႐ုပ္ျပသူေတြဟာ မိေက်ာင္းပါးစပ္ထဲကို မိမိရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ထည့္ေပးတဲ့အထိ အသက္ကို စြန္႔စားၾကရပါတယ္။ မိေက်ာင္းျမီးနဲ႔လည္း ကစားျပရျပီး အျခားမယံုႏိုင္စရာ အကြက္ေတြလည္း လုပ္ျပရပါေသးတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – တစ္နာရီကို အေမရိကန္ေဒၚလာ ၈ ေဒၚလာ (ျမန္မာေငြ တစ္နာရီ ၁ ေသာင္းေက်ာ္)
သစ္ျဖတ္သမား
ဒီအလုပ္လုပ္သူေတြဟာ အျခားအလုပ္ေတြထက္ ေသဆံုးႏုိင္ေခ် အဆ (၂၀)မ်ားေၾကာင္း သိရပါတယ္။ေန႔စဥ္နဲ႔အမွ် လႊေတြ၊ စက္ေတြနဲ႔ အလုပ္လုပ္ရသူေတြဟာ တစ္ခါတစ္ရံစက္ခ်ိဳ႕ယြင္းမွဳေၾကာင့္ ေသဆံုးရတာရိွသလို သစ္ပင္ပိျခင္းေၾကာင့္လည္း ေသဆံုးၾကရပါတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၃၆,၀၀၀ မွ ၄၁,၀၀၀ (ျမန္မာေငြ သိန္း ၄၇၀ မွ သိန္း ၅၄၀ ခန္႔)
ငါးဖမ္းသမား
ဘယ္လိုမွ ေအးခ်မ္းတည္ျငိမ္မွဳမရိွတဲ့ အလုပ္ျဖစ္ပါတယ္။ ဆိုးရြားတဲ့ ရာသီဥတုအေျခအေနေတြ၊ ပစၥည္းကိရိယာခ်ိဳ႕ယြင္းမွဳေတြေၾကာင့္ ခက္ခဲတဲ့အလုပ္ျဖစ္တဲ့အတြက္ အႏၱရာယ္အမ်ားဆံုး အလုပ္မ်ားထဲမွာ ပါဝင္ပါတယ္။
ပွ်မ္းမွ်တစ္ႏွစ္စာဝင္ေငြ – အေမရိကန္ေဒၚလာ ၃၀,၀၀၀ (ျမန္မာေငြ သိန္း ၄၀၀ ခန္႔)
SHARE FROM White (Shwemom)
ကမ်ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)မျိုး
သင်ဟာ အန္တရာယ်များပြီး သည်းထိတ်ရင်ဖိုဆန်တဲ့ အလုပ်မျိုးတွေကိုမှ စိတ်ဝင်စားလို့ အောက်ပါအလုပ်မျိုးတွေထဲက တစ်မျိုးမျိုးကိုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ သင်သေချာစဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒီအလုပ်တွေက စိတ်လှုပ်ရှားစရာကောင်းပြီး လစာလည်းများမယ်လို့ ထင်ရပေမယ့် သေချာတာတစ်ခုကတော့ အန္တရာယ်အရမ်းများတာပါပဲ။
အန္တရာယ်အများဆုံးအလုပ်တွေက ဘာတွေလဲဆိုတာကို Shwemom ပရိသတ်ကြီး ဗဟုသုတရအောင် ဖော်ပြပေးလိုက်တယ်နော်။ သင်ရော ဘယ်တစ်ခုက အန္တရာယ်အများဆုံးလို့ထင်လဲ။
ဆောက်လုပ်ရေးလုပ်သား
အသက်ကာကွယ်ရေးပစ္စည်းကိရိယာတွေ ဝတ်စုံတွေ အသုံးပြုကြပေမယ့်လည်း အလွန်မြင့်တဲ့နေရာတွေမှာ လေးလံအန္တရာယ်များတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်ဆောင်လုပ်ကိုင်ကြရတာဟာ အလွန်ခက်ခဲလှပါတယ်။ လုပ်သားတွေအပေါ်ပစ္စည်းပြိုကျမှု အန္တရာယ်လည်း ရှိပါတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၇၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ မှ သိန်း ၉၀၀ ခန့်)
ပစ္စည်းပို့သမား
ပစ္စည်းမှာထားတဲ့လူတွေက အနည်းငယ်နောက်ကျတာနဲ့ စောဒကတက်တတ်ကြတဲ့အတွက် ပစ္စည်းပို့သမားတွေဟာ စက်ဘီးကို အလျင်အမြန်နင်းပြီး ပို့ပေးကြရပါတယ်။ ပို့နေစဉ်မှာ ပစ္စည်းအလုခံရတာမျိုးလည်း ကြုံတတ်ကြရပါသေးတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၂၇,၀၀၀ မှ ၃၅,၀၀၀ (မြန်မာငွေ သိန်း ၃၅၀ မှ သိန်း ၄၆၀ ခန့်)
တောင်ပေါ်လမ်းပြသူ
ဒီအလုပ်ဟာ တာဝန်ယူမှုများစွာ လိုအပ်ပါတယ်။ တောင်တက်ရင်း ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေ မိမိကိုယ်ကို ကာကွယ်ရရုံသာမက မိမိလမ်းပြပေးရတဲ့ ခရီးသည်တွေကိုပါ တာဝန်ယူစောင့်ရှောက်ပေးရပါတယ်။
၇၀,၀၀၀ (မြန်မာငွေ သိန်း ၉၀၀ ကျော်)
မြွေဆိပ်ထုတ်သူ
မြွေဆိပ်ထုတ်တဲ့အလုပ်လုပ်ရင်း တစ်နေ့တာ ကုန်ဆုံးရတဲ့ လူတွေရှိပါတယ်။ မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးထုတ်တဲ့ နေရာမှာ သုံးတာဖြစ်ပြီး အဆိပ်ထုတ်ရာမှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပေမယ့်လည်း အန္တရာယ်ကတော့ များသေးတာပါပဲ။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ ခန့်)
Microchip ထုတ်လုပ်ရေး လုပ်သား
ကွန်ပြူတာ Chip တွေ ထုတ်လုပ်ရာမှာ အာဆင်နစ်ဓာတ်ပစ္စည်းကဲ့သို့ ဓာတုပစ္စည်းတွေ ပါရှိတဲ့အတွက် ရေတိုမှာ ဘာမှမထူးခြားရင်တောင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အလုပ်ဖြစ်ပါတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၆၁,၀၀၀ (မြန်မာငွေ သိန်း ၈၀၀ ခန့်)
စစ်ပွဲအတွင်း ဆက်သွယ်သတင်းပေးရသူ
ဒီအလုပ်က အန္တရာယ်များတာ ပြောစရာတောင်မလိုပါဘူး။ ဒီအလုပ်ရဲ့ အန္တရာယ်တွေကတော့ ပြန်ပေးဆွဲခံရတာတွေ၊ နှိပ်စက်ခံရတာတွေနဲ့ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၆,၀၀၀ (မြန်မာငွေ သိန်း ၄၇၀ ခန့်)
ရေနံလုပ်သား
သူတို့ဟာ ကမ်ဘာပေါ်မှာ မီးလောင်အလွယ်ဆုံးအရာနဲ့ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲခြင်း၊ ရေနစ်ခြင်းတို့လည်းဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ စက်ပစ္စည်းထဲ ညပ်နိုင်ပါသေးတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၇၀,၀၀၀ မှ ၁၄၀,၀၀၀ (မြန်မာငွေ သိန်း ၉၀၀ မှ သိန်း ၁၈၀၀ ကျော်)
မိကျောင်းနဲ့ သရုပ်ပြသူ
မိကျောင်းသရုပ်ပြသူတွေဟာ မိကျောင်းပါးစပ်ထဲကို မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထည့်ပေးတဲ့အထိ အသက်ကို စွန့်စားကြရပါတယ်။ မိကျောင်းမြီးနဲ့လည်း ကစားပြရပြီး အခြားမယုံနိုင်စရာ အကွက်တွေလည်း လုပ်ပြရပါသေးတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – တစ်နာရီကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (မြန်မာငွေ တစ်နာရီ ၁ သောင်းကျော်)
သစ်ဖြတ်သမား
ဒီအလုပ်လုပ်သူတွေဟာ အခြားအလုပ်တွေထက် သေဆုံးနိုင်ချေ အဆ (၂၀)များကြောင်း သိရပါတယ်။နေ့စဉ်နဲ့အမျှ လွှတွေ၊ စက်တွေနဲ့ အလုပ်လုပ်ရသူတွေဟာ တစ်ခါတစ်ရံစက်ချို့ယွင်းမှုကြောင့် သေဆုံးရတာရှိသလို သစ်ပင်ပိခြင်းကြောင့်လည်း သေဆုံးကြရပါတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၆,၀၀၀ မှ ၄၁,၀၀၀ (မြန်မာငွေ သိန်း ၄၇၀ မှ သိန်း ၅၄၀ ခန့်)
ငါးဖမ်းသမား
ဘယ်လိုမှ အေးချမ်းတည်ငြိမ်မှုမရှိတဲ့ အလုပ်ဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ၊ ပစ္စည်းကိရိယာချို့ယွင်းမှုတွေကြောင့် ခက်ခဲတဲ့အလုပ်ဖြစ်တဲ့အတွက် အန္တရာယ်အများဆုံး အလုပ်များထဲမှာ ပါဝင်ပါတယ်။
ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ ခန့်)
SHARE FROM White (Shwemom)
ကမၻာတစ္ဝွမ္းက အႏၱရာယ္အမ်ားဆံုး အလုပ္အကိုင္ (၁၀)မ်ိဳး
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment