အရက္က ဘာသာစကားစြမ္းရည္ကို တုိးတက္ေစဟု သိပၸံပညာရွင္မ်ားဆုိ



လူမႈကြန္ရက္ေပၚမွာ ျမင္ေတြ႕ရေလ့ရွိတဲ့ ဟာသတစ္ခုကေတာ့ အခ်ိဳ႕အမ်ိဳးသားေတြဟာ အရက္မူးလာတဲ့အခါ အဂၤလိပ္လုိေတြခ်ည္းပဲ ေျပာခ်င္ၾကတယ္ဆုိၿပီး ေတြ႕ရဖူးပါတယ္။ တကယ္ေတာ့ အရက္ေသာက္ျခင္းဟာ မေကာင္းဘူးဆုိတာ မွန္ေပမယ့္ သိပၸံပညာရွင္ေတြရဲ႕အဆုိအရေတာ့ ႏုိင္ငံျခားဘာသာစကားစြမ္းရည္ကို အရက္က တုိးတက္ေစတယ္လုိ႔ ဆုိပါတယ္။

Alcohol ပါဝင္တဲ့ အေဖ်ာ္ယမကာေတြဟာ အလြန္အကၽြံသာ မေသာက္သုံးဘူးဆုိရင္ ေသခ်ာေပါက္ လူကို ေကာင္းက်ိဳးေပးတယ္လုိ႔ ဆုိပါတယ္။ ဝုိင္ေသာက္သုံးျခင္းဟာ Cardiovascular disease လုိ႔ေခၚတဲ့ ေသြးေၾကာက်ဥ္းျခင္း၊ ေသြးေၾကာပိတ္ျခင္း၊ ေသြးခဲျခင္းေတြကို ကာကြယ္ေပးပါတယ္။ ဒီလုိပဲ ရွန္ပိန္ကလည္း Dementia နဲ႔ မွတ္ဉာဏ္ဆုံး႐ႈံးျခင္းကို ကာကြယ္ႏုိင္ပါတယ္။

သုိ႕ေသာ္ အရက္က မည္သုိ႔မည္ပုံ ဘာသာစကားစြမ္းရည္ကို တုိးတက္ေစတာလဲဆုိတဲ့ ေမးခြန္းက ရွိေနပါတယ္။ ဒါကို ၿဗိတိန္နဲ႔ ဒက္ခ်္သိပၸံပညာရွင္ေတြက ေဖာ္ထုတ္သက္ေသျပခဲ့ပါတယ္။ ၎တုိ႔ရဲ႕ သုေတသနေတြ႕ရွိခ်က္ကို Journal of Psychopharmacology မွာ ေဖာ္ျပပုံႏွိပ္ခဲ့ပါတယ္။













သူတုိ႔ျပဳလုပ္ထားတဲ့ သုေတသနလုပ္ငန္းခြင္မွာ ဒက္ခ်္စကားေျပာေလ့က်င့္ေနၾကတဲ့ ဂ်ာမဏီအမ်ိဳးသားေပါင္း (၅၀)ကို ေလ့လာတဲ့အခါ အရက္ရံဖန္ရံခါေသာက္ေလ့ရွိတဲ့သူေတြဟာ ဒက္ခ်္ဘာသာစကားစာေမးပြဲကို အလြယ္တကူေအာင္ျမင္ခဲ့တယ္လုိ႔ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ အဆုိပါအေျဖကုိ လူ(၅၀)မွာ တစ္ဝက္ဆီ ေသာက္ေလ့ေသာက္ထရွိသူနဲ႔ လုံးဝ အရက္မေသာက္သူေတြကုိ သီးျခားဆီ ေလ့လာျခင္းကေန ရရွိခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေလ့လာေတြ႕ရွိမႈမွာေတာ့ လူရဲ႕ ခႏၶာကုိယ္အေလးခ်ိန္အလုိက္ ဘီယာေသာက္ေစၿပီး ဒက္ခ်္ဘာသာစကား စာေမးပြဲကို ဝင္ေရာက္ေျဖဆုိေစတာ ျဖစ္ပါတယ္။ ေပါင္(၁၅၀) အေလးခ်ိန္ရွိတဲ့သူကေတာ့ ဘီယာတစ္ခြက္ေသာက္ရၿပီး၊ ၏ ဒီထက္ကုိယ္အေလးခ်ိန္နည္းသူ မ်ားသူေတြကို ပမာဏအခ်ိဳးက် အတုိးအေလ်ာ့လုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

၎ေသာက္သုံးထားသူေတြကုိ မေသာက္သုံးတဲ့ ေျဖဆုိသူေတြနဲ႔ ေရာျပြမ္းၿပီး ႏွစ္မိနစ္ၾကာ ဒက္ခ်္ဘာသားစကား လူေတြ႕ေမးျမန္မႈ ျပဳလုပ္ခဲ့ပါတယ္။ ဒီမွာလည္း အေျဖက ရွင္းရွင္းလင္းလင္း ထြက္ေပၚခဲ့ၿပီး၊ ေသာက္တဲ့သူက မေသာက္တဲ့သူေတြထက္ ဘာသာစကား ကၽြမ္းက်င္မႈလည္း ပုိသြားသလုိ၊ အသံထြက္နဲ႔ ေလယူေလသိမ္းမွာလည္း အေသာက္သမားေတြကို မယွဥ္ႏုိင္ၾကဘူးလုိ႔ စာေမးပြဲရလဒ္ေတြအရ သိရွိခဲ့ရပါတယ္။

ဒီအေျဖဟာ အလြန္ရွင္းလင္းလွၿပီး၊ တစ္ခ်ိဳ႕သိပၸံပညာရွင္ေတြကေတာ့ ဒါဟာတုိက္ဆုိင္မႈသာ ျဖစ္ႏုိင္တယ္လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အဂၤလိပ္သိပၸံပညာရွင္ေတြက ဒီအတုိင္း စမ္းသပ္စစ္ေဆးမႈကို သုေတသနသေဘာနဲ႔ ထပ္မံျပဳလုပ္တဲ့အခါမွာ ဒက္ခ်္သိပၸံပညာရွင္ေတြ ေတြ႕ရွိထားတဲ့ အခ်က္ေတြကို ေထာက္ခံခဲ့ၾကပါတယ္။ ဒါဟာ အရက္ကို အလြန္အကၽြံမဟုတ္ဘဲ ေသာက္သုံးသူေတြအတြက္ ဘာသာစကား ပုိကၽြမ္းႏုိင္တဲ့ အလားအလာေတြရွိတယ္လုိ႔ေတာင္ ေျပာလုိ႔ရေၾကာင္း Journal of Psychopharmacology က ဆုိပါတယ္။

SHARE FROM နတ္စည္ေတာ္ (Shwemom)

အရက်က ဘာသာစကားစွမ်းရည်ကို တိုးတက်စေဟု သိပ္ပံပညာရှင်များဆို

လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ရလေ့ရှိတဲ့ ဟာသတစ်ခုကတော့ အချို့အမျိုးသားတွေဟာ အရက်မူးလာတဲ့အခါ အင်္ဂလိပ်လိုတွေချည်းပဲ ပြောချင်ကြတယ်ဆိုပြီး တွေ့ရဖူးပါတယ်။ တကယ်တော့ အရက်သောက်ခြင်းဟာ မကောင်းဘူးဆိုတာ မှန်ပေမယ့် သိပ္ပံပညာရှင်တွေရဲ့အဆိုအရတော့ နိုင်ငံခြားဘာသာစကားစွမ်းရည်ကို အရက်က တိုးတက်စေတယ်လို့ ဆိုပါတယ်။

Alcohol ပါဝင်တဲ့ အဖျော်ယမကာတွေဟာ အလွန်အကျွံသာ မသောက်သုံးဘူးဆိုရင် သေချာပေါက် လူကို ကောင်းကျိုးပေးတယ်လို့ ဆိုပါတယ်။ ဝိုင်သောက်သုံးခြင်းဟာ Cardiovascular disease လို့ခေါ်တဲ့ သွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဒီလိုပဲ ရှန်ပိန်ကလည်း Dementia နဲ့ မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။

သို့သော် အရက်က မည်သို့မည်ပုံ ဘာသာစကားစွမ်းရည်ကို တိုးတက်စေတာလဲဆိုတဲ့ မေးခွန်းက ရှိနေပါတယ်။ ဒါကို ဗြိတိန်နဲ့ ဒက်ချ်သိပ္ပံပညာရှင်တွေက ဖော်ထုတ်သက်သေပြခဲ့ပါတယ်။ ၎င်းတို့ရဲ့ သုတေသနတွေ့ရှိချက်ကို Journal of Psychopharmacology မှာ ဖော်ပြပုံနှိပ်ခဲ့ပါတယ်။

သူတို့ပြုလုပ်ထားတဲ့ သုတေသနလုပ်ငန်းခွင်မှာ ဒက်ချ်စကားပြောလေ့ကျင့်နေကြတဲ့ ဂျာမဏီအမျိုးသားပေါင်း (၅၀)ကို လေ့လာတဲ့အခါ အရက်ရံဖန်ရံခါသောက်လေ့ရှိတဲ့သူတွေဟာ ဒက်ချ်ဘာသာစကားစာမေးပွဲကို အလွယ်တကူအောင်မြင်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါအဖြေကို လူ(၅၀)မှာ တစ်ဝက်ဆီ သောက်လေ့သောက်ထရှိသူနဲ့ လုံးဝ အရက်မသောက်သူတွေကို သီးခြားဆီ လေ့လာခြင်းကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် လေ့လာတွေ့ရှိမှုမှာတော့ လူရဲ့ ခန္ဓာကိုယ်အလေးချိန်အလိုက် ဘီယာသောက်စေပြီး ဒက်ချ်ဘာသာစကား စာမေးပွဲကို ဝင်ရောက်ဖြေဆိုစေတာ ဖြစ်ပါတယ်။ ပေါင်(၁၅၀) အလေးချိန်ရှိတဲ့သူကတော့ ဘီယာတစ်ခွက်သောက်ရပြီး၊ ၏ ဒီထက်ကိုယ်အလေးချိန်နည်းသူ များသူတွေကို ပမာဏအချိုးကျ အတိုးအလျော့လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းသောက်သုံးထားသူတွေကို မသောက်သုံးတဲ့ ဖြေဆိုသူတွေနဲ့ ရောပြွမ်းပြီး နှစ်မိနစ်ကြာ ဒက်ချ်ဘာသားစကား လူတွေ့မေးမြန်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီမှာလည်း အဖြေက ရှင်းရှင်းလင်းလင်း ထွက်ပေါ်ခဲ့ပြီး၊ သောက်တဲ့သူက မသောက်တဲ့သူတွေထက် ဘာသာစကား ကျွမ်းကျင်မှုလည်း ပိုသွားသလို၊ အသံထွက်နဲ့ လေယူလေသိမ်းမှာလည်း အသောက်သမားတွေကို မယှဉ်နိုင်ကြဘူးလို့ စာမေးပွဲရလဒ်တွေအရ သိရှိခဲ့ရပါတယ်။

ဒီအဖြေဟာ အလွန်ရှင်းလင်းလှပြီး၊ တစ်ချို့သိပ္ပံပညာရှင်တွေကတော့ ဒါဟာတိုက်ဆိုင်မှုသာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်သိပ္ပံပညာရှင်တွေက ဒီအတိုင်း စမ်းသပ်စစ်ဆေးမှုကို သုတေသနသဘောနဲ့ ထပ်မံပြုလုပ်တဲ့အခါမှာ ဒက်ချ်သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ အချက်တွေကို ထောက်ခံခဲ့ကြပါတယ်။ ဒါဟာ အရက်ကို အလွန်အကျွံမဟုတ်ဘဲ သောက်သုံးသူတွေအတွက် ဘာသာစကား ပိုကျွမ်းနိုင်တဲ့ အလားအလာတွေရှိတယ်လို့တောင် ပြောလို့ရကြောင်း Journal of Psychopharmacology က ဆိုပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)
အရက္က ဘာသာစကားစြမ္းရည္ကို တုိးတက္ေစဟု သိပၸံပညာရွင္မ်ားဆုိ အရက္က ဘာသာစကားစြမ္းရည္ကို တုိးတက္ေစဟု သိပၸံပညာရွင္မ်ားဆုိ Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.