အသက္(၂၄)ႏွစ္သာ ရွိေသးေပမယ့္ Amber Rachdi ဟာ ယခင္က ကုိယ္အေလးခ်ိန္ ေပါင္(၆၆၀)အထိ ရွိခဲ့ပါတယ္။ သူမဟာ ေနာက္ပိုင္းမွာ ေပါင္ခ်ိန္ (၄၀၀)ေက်ာ္ကို ေလွ်ာ့ခ်ႏုိင္ခဲ့ၿပီးေနာက္ ယခင္က ပုိင္ဆုိင္ခဲ့တဲ့ အလွတရားကို ျပန္လည္ရရွိခဲ့ပါတယ္။
Amber ဟာ TLC တီဗြီအစီအစဥ္ျဖစ္တဲ့ My 600 Pound Life မွာ ပါဝင္ခြင့္ရခဲ့ၿပီး အဝလြန္ေနတဲ့သူေတြရဲ႕ အံမခန္းႏုိင္ေအာင္စြမ္းေဆာင္ခဲ့မႈေတြကို ျပသေလ့ရွိတဲ့ အစီအစဥ္ျဖစ္ပါတယ္။ တကယ္ေတာ့ Amber ရဲ႕အစီအစဥ္ကို (၂၀၁၄)ခုႏွစ္ကတည္းက စတင္႐ုိက္ကူးခဲ့ၿပီး အပုိင္းတြဲလုိက္ ျပသခဲ့ပါတယ္။
ထုိစဥ္က သူမရဲ႕ ကိုယ္အေလးခ်ိန္ဟာ ေပါင္ (၆၅၇)ေပါင္ ျဖစ္ၿပီး၊ ေပအနည္းအငယ္ေဝးတဲ့ ေနရာကိုေတာင္ လမ္းေလွ်ာက္ဖုိ႔ မလြယ္ပါဘူး။ ကားေမာင္းဖုိ႔ဆုိတာ ေဝလာေဝးေပါ့။ ကားစီးခြင့္ရတဲ့ ကိုယ္အေလးခ်ိန္လည္း မဟုတ္လုိ႔ အလြန္အခက္ေတြ႕ခဲ့ပါတယ္။ သူမဘာသာ ေရခ်ိဳးျခင္းလည္း မလုပ္နုိင္ခဲ့ပါဘူး။
သူမရဲ႕အစီအစဥ္ကုိ ထုတ္လႊင့္ခဲ့တဲ့ သုံးႏွစ္အတြင္းမွာ Amber ဟာ သူမရဲ႕ ဒီထက္ပုိၿပီးက်န္းမာတဲ့ ဘဝကိုေရာက္ေအာင္ လုပ္မယ္လုိ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ဒီလုိ လုပ္ျခင္းအားျဖင့္ သူ႕ကုိ အသက္ရွည္ေစမယ္ဆုိတာ သိရွိခဲ့သလုိ၊ သူမရဲ႕ ဘဝကုိလည္း လုံးဝအလွည့္အေျပာင္း ျဖစ္သြားေစမယ္လုိ႔ ယုံၾကည္ပါတယ္။
သူမရဲ႕ အစီအစဥ္ကို စတင္ထုတ္လႊင့္ေနစဥ္မွာ ပရိတ္သတ္တစ္ဦးက ” တကယ္လုိ႔ ေပါင္ (၂၅၀)ေလာက္ထိ ကိုယ္အေလးခ်ိန္ခ်ႏုိင္မယ္ဆုိရင္ Amber အေနနဲ႔ ဘယ္ေလာက္ စိတ္လႈပ္ရွားလိုက္မလဲ … ? အဲဒီအေလးခ်ိန္ေလာက္ထိ ကိုယ္အေလးခ်ိန္ ခ်ႏုိင္ပါ့မလား ?” လုိ႔ ေမးခဲ့ပါတယ္။
Amber က အာမခံခဲ့ေပမယ့္၊ သူမအေနနဲ႔ ဝိတ္ခ်ဖုိ႔အထူးလုိအပ္တဲ့အခ်ိန္ကုိ ေရာက္ေနၿပီလုိ႔ မိမိကုိယ္ကိုယ္ သတိေပးခဲ့ပါတယ္။ ဒီလုိနဲ႔ သူမ ဝိတ္ခ်ဖုိ႔အတြက္ မဟာစီမံကိန္း စတင္ပါေတာ့တယ္။ ပထမဆုံး အစားအစား တရားလြန္တရားမင္း စားတဲ့ပုံစံကို ေျပာင္းလဲဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ေန႔စဥ္ကုိယ္လက္လႈပ္ရွားမႈ လုပ္ၿပီး၊ အဆီပုိေတြ ဖယ္ထုတ္တဲ့ ခြဲစိတ္မႈကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္။
ခြဲစိတ္မႈၿပီးသြားေတာ့ သူမရဲ႕ ခႏၶာကိုယ္ကို ဒီအတုိင္းဆက္ၿပီး မထားဘဲ ကုိယ္လက္ေလ့က်င့္ခန္းေတြ ဆက္လုပ္ေစခဲ့ပါတယ္။ သူမရဲ႕ FB ေပၚမွာ ခြဲစိတ္ဖယ္ရွားျခင္းဟာ တစ္ကယ္တမ္း သိသိသာသာ ဝိတ္က်ေစတယ္ဆုိတာ မွန္ေပမယ့္၊ ေလ့က်င့္ခန္းေတြမလုပ္ဘဲ ပစ္ထားရင္ေတာ့ မိမိအေနနဲ႔ နဂုိဘဝကို ျပန္ေရာက္မွာလုိ႔ အျခားသူေတြကိုလည္း သတိေပးခဲ့ပါတယ္။ Amber ဟာ ၂၀၀၇ ခုႏွစ္မွာ ေပါင္ခ်ိန္ (၄၆၀)အထိ ခ်ႏုိင္ခဲ့ၿပီး၊ အခုဆုိရင္ တစ္ေသြးတစ္ေမြးႀကီးနဲ႔ ျပန္ၿပီး လွပေနပါၿပီ။ သူမရဲ႕ လုပ္ႏုိင္စြမ္းကို လူမႈကြန္ယက္မွာေရာ၊ ေဒသခံသတင္းမီဒီယာေတြေပၚမွာ ခ်ီးက်ဴးေနၾကပါတယ္။
နတ္စည္ေတာ္ (Shwemom)
ပေါင်ချိန် (၆၆၀)ကနေ အံ့မခန်းဝိတ်ချနိုင်ခဲ့ပြီး၊ တစ်သွေးတမွေး လှနေတဲ့အမျိုးသမီး
အသက်(၂၄)နှစ်သာ ရှိသေးပေမယ့် Amber Rachdi ဟာ ယခင်က ကိုယ်အလေးချိန် ပေါင်(၆၆၀)အထိ ရှိခဲ့ပါတယ်။ သူမဟာ နောက်ပိုင်းမှာ ပေါင်ချိန် (၄၀၀)ကျော်ကို လျှော့ချနိုင်ခဲ့ပြီးနောက် ယခင်က ပိုင်ဆိုင်ခဲ့တဲ့ အလှတရားကို ပြန်လည်ရရှိခဲ့ပါတယ်။
Amber ဟာ TLC တီဗွီအစီအစဉ်ဖြစ်တဲ့ My 600 Pound Life မှာ ပါဝင်ခွင့်ရခဲ့ပြီး အဝလွန်နေတဲ့သူတွေရဲ့ အံမခန်းနိုင်အောင်စွမ်းဆောင်ခဲ့မှုတွေကို ပြသလေ့ရှိတဲ့ အစီအစဉ်ဖြစ်ပါတယ်။ တကယ်တော့ Amber ရဲ့အစီအစဉ်ကို (၂၀၁၄)ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့ပြီး အပိုင်းတွဲလိုက် ပြသခဲ့ပါတယ်။
ထိုစဉ်က သူမရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် (၆၅၇)ပေါင် ဖြစ်ပြီး၊ ပေအနည်းအငယ်ဝေးတဲ့ နေရာကိုတောင် လမ်းလျှောက်ဖို့ မလွယ်ပါဘူး။ ကားမောင်းဖို့ဆိုတာ ဝေလာဝေးပေါ့။ ကားစီးခွင့်ရတဲ့ ကိုယ်အလေးချိန်လည်း မဟုတ်လို့ အလွန်အခက်တွေ့ခဲ့ပါတယ်။ သူမဘာသာ ရေချိုးခြင်းလည်း မလုပ်နိုင်ခဲ့ပါဘူး။
သူမရဲ့အစီအစဉ်ကို ထုတ်လွှင့်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ Amber ဟာ သူမရဲ့ ဒီထက်ပိုပြီးကျန်းမာတဲ့ ဘဝကိုရောက်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် သူ့ကို အသက်ရှည်စေမယ်ဆိုတာ သိရှိခဲ့သလို၊ သူမရဲ့ ဘဝကိုလည်း လုံးဝအလှည့်အပြောင်း ဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်။
သူမရဲ့ အစီအစဉ်ကို စတင်ထုတ်လွှင့်နေစဉ်မှာ ပရိတ်သတ်တစ်ဦးက ” တကယ်လို့ ပေါင် (၂၅၀)လောက်ထိ ကိုယ်အလေးချိန်ချနိုင်မယ်ဆိုရင် Amber အနေနဲ့ ဘယ်လောက် စိတ်လှုပ်ရှားလိုက်မလဲ … ? အဲဒီအလေးချိန်လောက်ထိ ကိုယ်အလေးချိန် ချနိုင်ပါ့မလား ?” လို့ မေးခဲ့ပါတယ်။
Amber က အာမခံခဲ့ပေမယ့်၊ သူမအနေနဲ့ ဝိတ်ချဖို့အထူးလိုအပ်တဲ့အချိန်ကို ရောက်နေပြီလို့ မိမိကိုယ်ကိုယ် သတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူမ ဝိတ်ချဖို့အတွက် မဟာစီမံကိန်း စတင်ပါတော့တယ်။ ပထမဆုံး အစားအစား တရားလွန်တရားမင်း စားတဲ့ပုံစံကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး၊ အဆီပိုတွေ ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ခွဲစိတ်မှုပြီးသွားတော့ သူမရဲ့ ခန္ဓာကိုယ်ကို ဒီအတိုင်းဆက်ပြီး မထားဘဲ ကိုယ်လက်လေ့ကျင့်ခန်းတွေ ဆက်လုပ်စေခဲ့ပါတယ်။ သူမရဲ့ FB ပေါ်မှာ ခွဲစိတ်ဖယ်ရှားခြင်းဟာ တစ်ကယ်တမ်း သိသိသာသာ ဝိတ်ကျစေတယ်ဆိုတာ မှန်ပေမယ့်၊ လေ့ကျင့်ခန်းတွေမလုပ်ဘဲ ပစ်ထားရင်တော့ မိမိအနေနဲ့ နဂိုဘဝကို ပြန်ရောက်မှာလို့ အခြားသူတွေကိုလည်း သတိပေးခဲ့ပါတယ်။ Amber ဟာ ၂၀၀၇ ခုနှစ်မှာ ပေါင်ချိန် (၄၆၀)အထိ ချနိုင်ခဲ့ပြီး၊ အခုဆိုရင် တစ်သွေးတစ်မွေးကြီးနဲ့ ပြန်ပြီး လှပနေပါပြီ။ သူမရဲ့ လုပ်နိုင်စွမ်းကို လူမှုကွန်ယက်မှာရော၊ ဒေသခံသတင်းမီဒီယာတွေပေါ်မှာ ချီးကျူးနေကြပါတယ်။
နတ်စည်တော် (Shwemom)
ေပါင္ခ်ိန္ (၆၆၀)ကေန အံ့မခန္းဝိတ္ခ်ႏုိင္ခဲ့ၿပီး၊ တစ္ေသြးတေမြး လွေနတဲ့အမ်ိဳးသမီး
Reviewed by Unknown
on
February 11, 2018
Rating:
No comments:
Post a Comment