ေအာ္ေနတဲ့ပံုစံ ထူးဆန္းမမ္မီ႐ုပ္အေလာင္းရဲ႕ ျဖစ္ရပ္မွန္ကို ထုတ္ေဖာ္ႏုိင္ခဲ့



နာက်င္စြာ ခံစားရျပီး ေသဆံုးခဲ့ပံုေပၚတဲ့ အီဂ်စ္မမ္မီ႐ုပ္အေလာင္းတစ္ခုရဲ႕ သ႐ုပ္မွန္ကို ေဖာ္ထုတ္ဖို႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ရပါတယ္။

အီဂ်စ္ရဲ႕ Deir El-Bahari သခ်ႋဳင္းဂူေတြထဲက တူးေဖာ္ရရိွခဲ့တဲ့ ‘Screaming Mummy’ (ေအာ္ဟစ္ေနတဲ့မမ္မီ)အမည္ရိွ ႐ုပ္အေလာင္းဟာ ေျခေခ်ာင္းလက္ေခ်ာင္းေတြကို သားေရနဲ႔ အခ်ည္ခံထားရျပီး မစင္ၾကယ္တဲ့သေဘာနဲ႔ အေလာင္းကို သိုးေရနဲ႔ အပတ္ခံထားရပါတယ္။ အဆိပ္ထည့္ခံထားရသလို ပါးစပ္ကလည္း ေဟာင္းေလာင္းပြင့္ေနတဲ့ မမ္မီဟာ ပညာရွင္မ်ားတစ္ခါမွ မေတြ႔ဖူးတဲ့ အေနအထားျဖစ္ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ သံုးသပ္မွဳေတြျပဳလုပ္ျပီးေနာက္မွာေတာ့ ၎မမ္မီအေလာင္းဟာ ဖခင္ျဖစ္သူ Ramses (၃) ဘုရင္ကို သတ္ဖို႔ႀကံစည္ခဲ့တဲ့ သားေတာ္ျဖစ္ေၾကာင္း သိခဲ့ၾကရပါတယ္။ အေလာင္းကို ႏုိင္းျမစ္အေနာက္ဘက္ကမ္းက ေတာ္ဝင္သခ်ႋဳင္းဂူျမွဳပ္ႏွံထားခဲ့ျပီး ပံုမွန္မမ္မီေတြဆို ပိတ္အျဖဴနဲ႔ပတ္ၾကေပမယ့္ သူ႔ကိုေတာ့ သုိးေရနဲ႔ပတ္ထားပါတယ္။

အခုဆိုရင္ ၎မမ္မီကို ‘အမည္မသိ E’ လို႔ေဖာ္ျပထားျပီး ကိုင္႐ိုျပတိုက္မွာ ျပသထားျပီျဖစ္ပါတယ္။ (၁၈၈၆)ခုႏွစ္မွာ တူးေဖာ္ရရိွခဲ့တဲ့ ‘အမည္မသိ E’ ဟာ မ်က္ႏွာပံုစံေၾကာင့္ အဆိပ္ခတ္သတ္ခံခဲ့ရတယ္လို႔ ခန္႔မွန္းခဲ့ၾကေပမယ့္ လည္ပင္းပတ္လည္က အရာေတြအရ ဆဲြႀကိဳးခ်သတ္ခံခဲ့ရတာျဖစ္ပါတယ္။ Ramses (၃) ဘုရင္ရဲ႕ မမ္မီအေလာင္းနဲ႔ ယခုမမ္မီအေလာင္းတို႔ကို DNA စစ္ၾကည့္လိုက္တဲ့အခါမွာ သားအဖျဖစ္ေၾကာင္းလည္း အတည္ျပဳႏုိင္ခဲ့ပါတယ္။









သူဟာ ဖခင္ျဖစ္သူဖာ႐ိုဘုရင္ကို ဒုတိယဇနီးနဲ႔အတူ ပူးေပါင္းႀကံစည္ကာ သတ္ဖို႔ႀကိဳးစားခဲ့တာပါ။ Ramses (၃) ဖာ႐ိုရဲ႕ မမ္မီအေလာင္းဟာ လည္ပင္းမွာ ဓားလွီးရာရိွေနျပီး ေျခမလည္း ျပတ္ေနခဲ့သည့္အတြက္ တိုက္ခိုက္မွဳမ်ားစြာ ခံခဲ့ရေၾကာင္း ခန္႔မွန္းႏုိင္ပါတယ္။ ဒါေပမယ့္ သမိုင္းစာတမ္းအရ ပူးေပါင္းႀကံစည္သူေတြကို ဖမ္းမိခဲ့တဲ့အတြက္ ဖာ႐ိုဟာ တကယ္လုပ္ႀကံခံရျပီး ေသခဲ့ျခင္းရိွ မရိွေတာ့ မသိရပါဘူး။

အမည္မသိ E မမ္မီ႐ုပ္အေလာင္းကို စီရင္ခဲ့စဥ္တုန္းက အေလာင္းကို ဖ်က္ဆီးဖို႔ ရည္ရြယ္ခ်က္ေရာ၊ ထိန္းသိမ္းဖို႔ ရည္ရြယ္ခ်က္ပါ ရိွေနခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနပညာရွင္ Bob Brier (၂၀၀၈)ခုႏွစ္က ေလ့လာမွဳအရ သံုးသပ္ေျပာၾကားခဲ့ပါတယ္။ မမ္မီ႐ုပ္ကို အခုဆိုရင္ ျပတိုက္မွာ မ်က္ႏွာဖံုး၊ လက္ဝတ္ဆင္တန္ဆာတို႔နဲ႔ ယွဥ္လ်က္ ျပသထားေၾကာင္း သိရိွရပါတယ္။

White (Shwemom)

အော်နေတဲ့ပုံစံ ထူးဆန်းမမ်မီရုပ်အလောင်းရဲ့ ဖြစ်ရပ်မှန်ကို ထုတ်ဖော်နိုင်ခဲ့

နာကျင်စွာ ခံစားရပြီး သေဆုံးခဲ့ပုံပေါ်တဲ့ အီဂျစ်မမ်မီရုပ်အလောင်းတစ်ခုရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ရှေးဟောင်းသုတေသနပညာရှင်များက နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

အီဂျစ်ရဲ့ Deir El-Bahari သချႋုင်းဂူတွေထဲက တူးဖော်ရရှိခဲ့တဲ့ ‘Screaming Mummy’ (အော်ဟစ်နေတဲ့မမ်မီ)အမည်ရှိ ရုပ်အလောင်းဟာ ခြေချောင်းလက်ချောင်းတွေကို သားရေနဲ့ အချည်ခံထားရပြီး မစင်ကြယ်တဲ့သဘောနဲ့ အလောင်းကို သိုးရေနဲ့ အပတ်ခံထားရပါတယ်။ အဆိပ်ထည့်ခံထားရသလို ပါးစပ်ကလည်း ဟောင်းလောင်းပွင့်နေတဲ့ မမ်မီဟာ ပညာရှင်များတစ်ခါမှ မတွေ့ဖူးတဲ့ အနေအထားဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ သုံးသပ်မှုတွေပြုလုပ်ပြီးနောက်မှာတော့ ၎င်းမမ်မီအလောင်းဟာ ဖခင်ဖြစ်သူ Ramses (၃) ဘုရင်ကို သတ်ဖို့ကြံစည်ခဲ့တဲ့ သားတော်ဖြစ်ကြောင်း သိခဲ့ကြရပါတယ်။ အလောင်းကို နိုင်းမြစ်အနောက်ဘက်ကမ်းက တော်ဝင်သချႋုင်းဂူမြှုပ်နှံထားခဲ့ပြီး ပုံမှန်မမ်မီတွေဆို ပိတ်အဖြူနဲ့ပတ်ကြပေမယ့် သူ့ကိုတော့ သိုးရေနဲ့ပတ်ထားပါတယ်။

အခုဆိုရင် ၎င်းမမ်မီကို ‘အမည်မသိ E’ လို့ဖော်ပြထားပြီး ကိုင်ရိုပြတိုက်မှာ ပြသထားပြီဖြစ်ပါတယ်။ (၁၈၈၆)ခုနှစ်မှာ တူးဖော်ရရှိခဲ့တဲ့ ‘အမည်မသိ E’ ဟာ မျက်နှာပုံစံကြောင့် အဆိပ်ခတ်သတ်ခံခဲ့ရတယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လည်ပင်းပတ်လည်က အရာတွေအရ ဆွဲကြိုးချသတ်ခံခဲ့ရတာဖြစ်ပါတယ်။ Ramses (၃) ဘုရင်ရဲ့ မမ်မီအလောင်းနဲ့ ယခုမမ်မီအလောင်းတို့ကို DNA စစ်ကြည့်လိုက်တဲ့အခါမှာ သားအဖဖြစ်ကြောင်းလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

သူဟာ ဖခင်ဖြစ်သူဖာရိုဘုရင်ကို ဒုတိယဇနီးနဲ့အတူ ပူးပေါင်းကြံစည်ကာ သတ်ဖို့ကြိုးစားခဲ့တာပါ။ Ramses (၃) ဖာရိုရဲ့ မမ်မီအလောင်းဟာ လည်ပင်းမှာ ဓားလှီးရာရှိနေပြီး ခြေမလည်း ပြတ်နေခဲ့သည့်အတွက် တိုက်ခိုက်မှုများစွာ ခံခဲ့ရကြောင်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းစာတမ်းအရ ပူးပေါင်းကြံစည်သူတွေကို ဖမ်းမိခဲ့တဲ့အတွက် ဖာရိုဟာ တကယ်လုပ်ကြံခံရပြီး သေခဲ့ခြင်းရှိ မရှိတော့ မသိရပါဘူး။

အမည်မသိ E မမ်မီရုပ်အလောင်းကို စီရင်ခဲ့စဉ်တုန်းက အလောင်းကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရော၊ ထိန်းသိမ်းဖို့ ရည်ရွယ်ချက်ပါ ရှိနေခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာရှင် Bob Brier (၂၀၀၈)ခုနှစ်က လေ့လာမှုအရ သုံးသပ်ပြောကြားခဲ့ပါတယ်။ မမ်မီရုပ်ကို အခုဆိုရင် ပြတိုက်မှာ မျက်နှာဖုံး၊ လက်ဝတ်ဆင်တန်ဆာတို့နဲ့ ယှဉ်လျက် ပြသထားကြောင်း သိရှိရပါတယ်။

White (Shwemom)
ေအာ္ေနတဲ့ပံုစံ ထူးဆန္းမမ္မီ႐ုပ္အေလာင္းရဲ႕ ျဖစ္ရပ္မွန္ကို ထုတ္ေဖာ္ႏုိင္ခဲ့ ေအာ္ေနတဲ့ပံုစံ ထူးဆန္းမမ္မီ႐ုပ္အေလာင္းရဲ႕ ျဖစ္ရပ္မွန္ကို ထုတ္ေဖာ္ႏုိင္ခဲ့ Reviewed by Unknown on February 13, 2018 Rating: 5

No comments:

Powered by Blogger.