သမီးဖြစ်သူရိုက်ထားသောselfieတွေအတိုင်း ချွတ်စွတ်လိုက်ရိုက်ရင်း သမီးထက်follower 2ဆတိုးလာတဲ့ ဟာသညဏ်ရွှင်သူဖေဖေ
Chris Bur Martinဟာ Podcasterတစ်ယောက်အဖြစ်ရော၊Comedianအဖြစ်ပါ သက်မွေးနေသော်လည်း တစ်ဖက်မှာလည်း သူဟာ သမီးဖြစ်သူInstagramမှာတင်ထားတဲ့selfieတွေအတိုင်း တသွေမတိမ်းလိုက်ရိုက်တင်ရင်း မြင်ရသူတွေကိုအူလှိုက်သည်းလှိုက်ရယ်မောစေတတ်တဲ့ သမီးကိုသိပ်ချစ်တတ်သူဖေဖေပါ။
ဒီအကြောင်းအရာကိုရေးဖို့အကြောင်းဖန်လာတာကတော့ သူ့ရဲ့ဟာသထိုးထွင်းညဏ်နဲ့ပေါ့ပါးတတ်တဲ့စိတ်ကိုအသိအမှတ်မပြုပဲမနေရလောက်အောင်ကို သူ့ရဲ့followerဟာ သမီးဖြစ်သူရဲ့followerတွေထက် နှစ်ဆတက်လာတဲ့အချိန်မှာပါ။သူဟာ သမီးဖြစ်သူရဲ့Pose,မျက်ခုံးမွှေး၊tatoo,မျက်မှန်တွေကို သရော်ထားသယောင်ရှိသော်လည်း တကယ်တမ်းမှာတော့သူဟာ သမီးဖြစ်သူရဲ့selfieတွေအတိုင်း တသွေမတိမ်းလိုက်ရိုက်ဖို့ သူ့ကိုယ်ပိုင်ညဏ်နဲ့ဟာသအမြင်လည်းမြောက်အောင် ကြိုးစားအကောင်အထည်ဖော်ခဲ့ရတာဖြစ်ပါတယ်။
သေချာတာကတော့ သင့်ကိုရယ်မောပျော်ရွှင်စေမယ့်အပြင် သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေမှာဖြစ်ပါတယ်။ ။
SHARE FROM ပြောချင်လွန်းလို့
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment