သတိမမူ ဂူမျမင္ဆိုတဲ့ စကားအတိုင္း အမွတ္မထင္သတိမထားမိတာေလးေတြကေန ေပးဆပ္မႈႀကီးမားလွတဲ့ကိစၥရပ္ေလးေတြက မၾကာခနဆိုသလိုျဖစ္ေပၚေနပါတယ္။ ယမန္ေန႕ဇန္နဝါရီလ ၈ ရက္ေန႕ညမွာဆိုရင္လဲ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာေတာ့ သတိမမူမိတာေလးကေန အသက္ေသေစနိုင္ေလာက္တဲ့ေဝဒနာေတြရရွိခဲ့တဲ့ လူႏွစ္ေယာက္ရွိခဲ့တယ္လို႔သိရပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ဘူတာ႐ုံမွာ ဆယ္ဖီဆြဲေနရင္း ရထားတိုက္ခံရတာပဲျဖစ္ပါတယ္။
အဆိုပါလူႏွစ္ေယာက္ကေတာ့ အသက္ ၂၈ႏွစ္အ႐ြယ္ ဝါလိုင္လက္ဆူကာမာ နဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ္နာနဝမ္တစ္တို႔ျဖစ္တယ္လို႔သိရပါတယ္။ သူတို႔ႏွစ္ဦးဟာ ဆမ္ဆင္ဘူတာ႐ုံရဲ႕ရထာလမ္းမေပၚမွာ အရက္ေသစာေသာက္စားမူးရစ္ၿပီး ထြက္ခြာလုနီးနီး ရထားတစ္စီးရဲံ ေနာက္မွာ ဓာတ္ပုံရိုက္ရင္းရထားတိုက္ခံခဲ့ရတာျဖစ္ပါတယ္။ အရက္ေသစာေၾကာင့္မူးယစ္ေနတဲ့အတြက္ ၾကားလမ္းေၾကာင္းတစ္ခုကေန အဝင္ရထားတစ္စင္း ခ်ဥ္ကပ္လာတာကိုသတိမထားမိဘဲ ထိုရထားနဲ႕ပဲတိုက္ခံခဲ့ရတာျဖစ္တယ္လို႔သိရပါတယ္။
အမ္နာကေတာ့ ရထားနဲ႕တ႐ြတ္တိုက္ပါသြားခဲ့တဲ့အတြက္ ဘယ္ေျခေထာက္ပ်က္စီးသြားခဲ့တယ္လို႔သိရပါတယ္။ ဝါလိုင္လက္ ကေတာ့ အတိုက္ခံရတဲ့အရွိန္နဲ႕ေမ့ေျမာသြားခဲ့ ၿပီး ကယ္ဆယ္ေရးလုပ္သားေတြအေနနဲ႕ ရထားေအာက္မွာ ညပ္ေနတဲ့ အန္နာကိုေတာ့ ႀကိဳးစားပမ္းစားဆြဲထုတ္ခဲ့ရတယ္လို႔သိရပါတယ္။ ထို႔ေနာက္မွာေတာ့ ဒဏ္ရာရရွိသူႏွစ္ေယာက္လုံးကို ဗဂ်ီနာေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကတယ္လို႔လဲသိရပါတယ္။
SOURCE - Opinion Leaders Media
ဆယ်ဖီလေးတစ်ပုံကြောင့် သေမင်းတံခါးဝရောက်ခဲ့ရတဲ့လူနှစ်ဦး
သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်း အမှတ်မထင်သတိမထားမိတာလေးတွေကနေ ပေးဆပ်မှုကြီးမားလှတဲ့ကိစ္စရပ်လေးတွေက မကြာခနဆိုသလိုဖြစ်ပေါ်နေပါတယ်။ ယမန်နေ့ဇန်နဝါရီလ ၈ ရက်နေ့ညမှာဆိုရင်လဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ သတိမမူမိတာလေးကနေ အသက်သေစေနိုင်လောက်တဲ့ဝေဒနာတွေရရှိခဲ့တဲ့ လူနှစ်ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ကတော့ ဘူတာရုံမှာ ဆယ်ဖီဆွဲနေရင်း ရထားတိုက်ခံရတာပဲဖြစ်ပါတယ်။
အဆိုပါလူနှစ်ယောက်ကတော့ အသက် ၂၈နှစ်အရွယ် ဝါလိုင်လက်ဆူကာမာ နဲ့ အသက် ၂၅ နှစ်အရွယ် အမ်နာနဝမ်တစ်တို့ဖြစ်တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ ဆမ်ဆင်ဘူတာရုံရဲ့ရထာလမ်းမပေါ်မှာ အရက်သေစာသောက်စားမူးရစ်ပြီး ထွက်ခွာလုနီးနီး ရထားတစ်စီးရဲံ နောက်မှာ ဓာတ်ပုံရိုက်ရင်းရထားတိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အရက်သေစာကြောင့်မူးယစ်နေတဲ့အတွက် ကြားလမ်းကြောင်းတစ်ခုကနေ အဝင်ရထားတစ်စင်း ချဉ်ကပ်လာတာကိုသတိမထားမိဘဲ ထိုရထားနဲ့ပဲတိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
အမ်နာကတော့ ရထားနဲ့တရွတ်တိုက်ပါသွားခဲ့တဲ့အတွက် ဘယ်ခြေထောက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဝါလိုင်လက် ကတော့ အတိုက်ခံရတဲ့အရှိန်နဲ့မေ့မြောသွားခဲ့ ပြီး ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ ရထားအောက်မှာ ညပ်နေတဲ့ အန်နာကိုတော့ ကြိုးစားပမ်းစားဆွဲထုတ်ခဲ့ရတယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ ဒဏ်ရာရရှိသူနှစ်ယောက်လုံးကို ဗဂျီနာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့လဲသိရပါတယ်။
SOURCE - Opinion Leaders Media
ဆယ္ဖီေလးတစ္ပုံေၾကာင့္ ေသမင္းတံခါးဝေရာက္ခဲ့ရတဲ့လူႏွစ္ဦ
Reviewed by Unknown
on
February 09, 2018
Rating:
No comments:
Post a Comment