အပြာကားတွေကြည့်ရှုခြင်းက စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ဟု သုတေသီသတိပေး
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု သုတေသနပြု အဖွဲ့အစည်းက မကြာခင်အချိန် အတွင်းမှာဆိုရင် ပြည်သူ့ကျန်းမာရေး သတိပေးနှိုးဆော်ချက်တစ်ခုကို အရေးတကြီး ထုတ်ပြန်သွားဖို့ရှိပါတယ်။ အဲ့ဒါကတော့ ကာမစိတ်ကို နှိုးဆွပေးတဲ့ ညစ်ညမ်းဇာတ်များ ကြည့်ရှုခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ လာရနိုင်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
သုတေသနပြုအဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်သုတေသနပြုခြင်းမှာဆိုရင် ညစ်ညမ်းဇာတ်ကားတွေနဲ့ ကာမစိတ်လိင်စိတ်နှိုးဆွပေးတဲ့ ဇာတ်ကားတွေကြည့်ရှုခြင်းကနေ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာ တွေအပြင် စိတ်ပိုင်းဆိုင်ရာခံစားမှုတွေမှာပါ ချို့ယွင်းမှုပြဿ နာတွေ ဖြစ်ပေါ်လာနိုင်တာကို တွေ့ရှိရ တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ညစ်ညမ်းဇာတ်ကားတွေကြောင့် စိတ်တွေကို ကြမ်းတမ်း လာ စေခြင်း၊ မိသားစုတွေနဲ့ အိမ်ထောင်သည်၊ ချစ်သူစုံတွဲများကြား ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲ ဖြစ်လာခြင်း၊ ဦးနှောက်ပုံမှန် အလုပ်လုပ်မှုနဲ့ လိင်စိတ်နှိုးဆွမှုပြင်းထန်လာလို့ ကာမရယူလိုမှုတွေမှာ အလိုမတူပဲ အကြမ်းဖက်ရယူလာခြင်းတွေကြောင့် မှုခင်းပြစ်မှုကျူး လွန်ခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ် လို့ ဆိုပါတယ်။
နောက်ပြီး ဦးနှောက်အလုပ်လုပ်ကိုင်မှုကို နှောက်ယှက်ဖျက်စီးစေလို့ ဦးနှောက်ပုံမှန်အလုပ်မလုပ် နိုင်ပဲ ခန္ဓာကိုယ်စီပို့ဆောင်ပေးမယ့် လည်ပတ်စီးဆင်းမှုတွေ မရှိခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်လာစေ နိုင်ပါတယ်။ စိတ်နဲ့ခန္ဓာကြမ်းတမ်းလာခြင်း၊ ကြမ်းတမ်းတဲ့အပြု အမူနဲ့ ဆန္ဒစိတ်အရိုင်းများ ဝင်လာခြင်း တို့ကြောင့် အလိုမတူပဲ ကာမရယူလိုစိတ်တွေလည်း ပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။ ဒါတွေက လူမှုဆက်ဆံရေးချိုးဖောက်ပြီးတော့ ကာမဆန္ဒကြောင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ လိင်စိတ်နှိုးဆွ မှု အာသီပြေမယ့် အဖော်အပေါင်းအသင်းများနဲ့ ကာမဆန္ဒလိုက်စားခြင်းတို့အပြင် အဆိုးရွားဆုံးက တော့ သက်ငယ်မုဒိန်းကျင့်ခြင်းတွေ ကျူးလွန်တဲ့အ ထိတောင် ဖြစ်လာနိုင်ပါတယ်။
ဒီ့အတွက်ကြောင့်မို့လို့ အမေရိကန်ပြည်သူ့ကျန်းမာရေးဌာနကနေ ပြည်သူတွေထံ အသိပေးထုတ်ပြန် ပေးမယ့် သတိပေးချက်မှာ ကာမစိတ်ကိုနှိုးဆွပေးမယ့် ညစ်ညမ်းဇာတ်ကားများကြည့်ရှုခြင်းကို လျှော့ချ ဖို့နဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးအန္တရာယ်များဖြစ် လာနိုင်တယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်အသိ ပေးသွားမှာဖြစ်ပါတယ်။
SHARE FROM မေ(ရွှေအင်းလေး)
Reviewed by Unknown
on
February 09, 2018
Rating:
No comments:
Post a Comment