တရုတ် Pop Star တစ်ယောက်ရဲ့ အချစ်ရေးကတော့ အတော်လေး လူစိတ်ဝင်စားခံနေရပါတယ်။ Zhang Muyi ကတော့ အသက် (၂၄)နှစ်အရွယ် တရုတ်အဆိုတော် တစ်ယောက်ဖြစ်ပြီး သူ့အချစ်ရေးကိုတော့ သာမန်ဆယ်လီတွေရဲ့ အချစ်ရေးထက်ကိုပိုပြီး လူစိတ်ဝင်စား ခံနေရပါတယ်။ သူ့ ချစ်သူ ကောင်မလေးကတော့ ကနေဒါမော်ဒယ်မလေး Akama Miki ပါ။ သူတို့ရဲ့ Relationship က လူတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံနေရပါတယ်။ အကြောင်းအရင်းကတော့…
Akama Miki က ကလေးမော်ဒယ်ဖြစ်ပြီး သူမရဲ့ အသက်က (၁၂)နှစ်ပဲ ရှိပါသေးတယ်။ အသက် (၂၄) နှစ်အရွယ်ကောင်လေးနဲ့ (၁၂)နှစ်သမီးအရွယ် ကလေးမလေးတို့ ချစ်ကြိုက်တဲ့ ကိစ္စဟာလူ့ အသိုင်းအ၀ိုင်းအတွက်ကတော့ လက်ခံပေးလို့မရတဲ့ ကိစ္စတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူတို့ ကလည်း လုံးဝ Official တွဲနေကြပြီး Weibo မှာ ပုံတွေတင်နေတာပါ။
Zhang Muyi နဲ့ Akama Miki ရဲ့ အသက် (၈)နှစ်မှာ တွေ့ခဲ့တာပါ။ Muyi ကို Miki ရဲ့ ဆရာအဖြစ် ငှားခဲ့ရာကနေ ဇာတ်လမ်းစခဲ့ကြတာပါ။ နှစ်ယောက်လုံးကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ မြင်မြင်ချင်းအချစ်ပါဆိုပြီး ပြောခဲ့ပါတယ်။(၂၀၁)၊ သူမ အသက် (၁၂)နှစ်မှာတော့ Akama က Zhang ရဲ့Weibo page မှာ Post တင်ခဲ့ပါတယ်။
“ကိုကို့ကို လက်ထပ်ဖို့ အသက်ပြည့်အောင် စောင့်နေတာ … ဆက်ပြီးတော့ စောင့်နေမှာပါ..” လို့ ပြောခဲ့ပါတယ်။ Zhang က ဒါကို ” နောက်ထပ် ကြုံရအုံးမယ့် မင်းရဲ့ မွေးနေ့လေးကြိမ် (လေးနှစ်ကိုတောင်)ကို ကိုယ်မစောင့်နိုင်တော့ဘူး … ဒါပေမယ့် တစ်နှစ်ချင်းစီရေတွက် စောင့်နေပါ့မယ်…” လို့ ပြန်ပြောခဲ့ပါတယ်။
အဲ့ဒီမှာပဲ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒီကောင်လေးက ကလေးမလေးအပေါ် အခွင့်အရေး ယူနေတယ်၊ ဒါမျိုးမဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘယ်လိုတွေပဲ ပြောဆိုဝေဖန်နေကြပါစေ သူတို့ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ အချစ်က စစ်မှန်ကြောင်း၊ ဘယ်သူတွေကမှ သူတို့ရဲ့ အချစ်ကို တားဆီးရပ်တန့်လို့ မရဘူးလို့ Zhang ယုံကြည်ထားပါတယ်။ “ကျတော်တို့ လုပ်နိုင်တာက ကျတော်တို့အချစ်နဲ့ ဘ၀ကိုအတူတွ ဆက်ပြီးကြိုးစားပြမယ်” လို့ Zhang က Page မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့စုံတွဲဟာ အတော်လေး လူစိတ်ဝင်စားခံနေရပြီး Follower (၁.၂)သန်းရှိနေပါတယ်။
သူတို့အချစ်ကို ကန့်ကွတ်ရှုတ်ချသူတွေ ရှိသလို အားပေးထောက်ခံတဲ့ သူတွေကလည်း အများကြီးပါ။ သူတို့စုံတွဲကတော့ စုံတွဲသီချင်းတွေ အတူသီဆိုပြီး MV တွေမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ စုံတွဲပုံလေးတွေကိုလည်း အွန်လိုင်းမှာ ပုံမှန်တင်လေ့ရှိတာကို တွေ့ပါတယ်။ Akama Miki (၁၁)နှစ်သမီး အရွယ်တည်းက Zhang Muyi နဲ့တွဲခဲ့တာလို့ viral4real မှာ ဖော်ပြထားပါတယ်။
SHARE FROM SHWEMOM
(၁၂)နှစ်အရွယ် မိန်းကလေးနဲ့ ဒိတ်လုပ်နေလို့ ဝေဖန်ခံနေရတဲ့ တရုတ် Popstar

Reviewed by Unknown
on
February 09, 2018
Rating:
No comments:
Post a Comment