သင်ထင်တောင်မထင်ထားတဲ့အဖြစ်အပျက်တွေနဲ့လမ်းခွဲပြတ်စဲလိုက်ကြတဲ့ စုံတွဲ ၈တွဲ



တစ်ယောက်နဲ့တစ်ယောက်ဆုံစည်းတာက လမ်းခွဲဖို့ရဲ့ အစပဲလို့ပြောကြပေမဲ့ခွဲခွာရတဲ့ပုံစံကွာပါသေးတယ်။

ဒီလိုဆိုးဝါးညံ့ဖျင်းတဲ့လုပ်ရပ်တွေကြောင့်လမ်းခွဲပြတ်စဲလိုက်ကြတဲ့အိမ်ထောင်ရေးတွေရှိတယ်

ဆိုတာကိုတော့သင်ထင်တောင်ထင်ထားမှာမဟုတ်ပါဘူး။



၁။အရောင်တင်ဆေးလုပ်ငန်းလုပ်တဲ့အမျိုးသားတစ်ယောက်ဟာ ပြည့်တန်ဆာအိမ်တစ်ခုကိုသွားလည်ခဲ့ပြီးတဲ့နောက်

သူ့ရဲ့မိန်းမကိုပြည့်တန်ဆာအိမ်ကအလုပ်သမားတွေကြားမှာတွေ့ခဲ့ရပြီးနောက်အံ့သြတုန်လှုပ်ခဲ့ပါတယ်။သူ့ရဲ့ အမျိုးသမီးက

အနီးကမြို့လေးတစ်မြို့က စတိုးဆိုင်မှာအလုပ်လုပ်ရင်းပိုက်ဆံရှာတာလို့သူမရဲ့ယောက်ျားကိုပြောထားခဲ့တာပါ။အခုလို

ပြည့်တန်ဆာအိမ်မှာတွေ့လိုက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်က ကွာရှင်းခဲ့ကြတယ်လို့သိရပါတယ်။သူတို့နှစ်ယောက်

ဟာလက်ထပ်တာ ၁၄နှစ်ရှိပြီလို့လည်းသိရပါတယ်။



၂။ထိုင်ဝမ်နိုင်ငံ၊Taipei မြို့ကလက်သမားတစ်ယောက်ဖြစ်တဲ့ Lee ဟာ ၂၀၀၂ခုနှစ်တုန်းက ပျံကျဈေးသည်တစ်ယောက်ဆီက ညစ်ညမ်း

ဒီဗီဒီခွေတစ်ခွေကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဟာ လျှို့ဝှက်ကင်မရာအသေးနဲ့ဖမ်းယူထားတာဖြစ်ပြီးညစ်ညမ်းဗီဒီယို

အဖြစ်ရောင်းချတာတွေဖြစ်ပါတယ်။ဖြစ်ချင်တော့Lee ၀ယ်ယူထားတဲ့ဗီဒီယိုထဲမှာ သူ့ရဲ့ဇနီးဖြစ်သူနဲ့သူငယ်ချင်းဟာ ဖောက်ပြန်

နေတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကိစ္စကြောင့် Lee က ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့တယ်လို့သိရပါတယ်။သူငယ်ချင်းဖြစ်သူက

ရွာကနေထွက်ပြေးသွားခဲ့တယ်လို့သိရပြီး ၂၀၀၈၊သြဂုတ်လမှာတော့ Chungli မြို့မှာထိုသူငယ်ချင်းကိုအမှတ်မထင်

တွေ့ရှိခဲ့ပြီး ဓားနဲ့ပေါင်ကိုထိုးခဲ့ပါတယ်။ထိုသူငယ်ချင်းက Lee ကိုခန္ဓာကိုယ်နာကျင်စေမှုနဲ့တရားစွဲခဲ့ပါတယ်။Lee ကတော့ထို

သူငယ်ချင်းကို မယားခိုးမှုနဲ့တရားပြန်စွဲဖို့ကြိုစားပေမဲ့ ငါးနှစ်သတ်မှတ်ချိန်ကာလကျော်လွန်သွားလို့တရားမစွဲဆိုနိုင်ခဲ့ဘူးလို့သိရပါတယ်။



၃။အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဇနီးက သန့်စင်ခန်းသွားတာအရမ်းကြာလို့ဆိုပြီး လေယာဉ်ပေါ်ကိုသူမကိုမစောင့်ပဲ

တက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ထိုအမျိုးသမီးဟာ ဆော်ဒီအာရေဗီယားကိုလေယာဉ်ပြန်မထွက်ခင်လေဆိပ်က

သန့်စင်ခန်းကိုခဏသွားခဲ့တာပဲဖြစ်ပါတယ်။သူမပြန်ထွက်လာတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူကိုမတွေ့ခဲ့ရလို့ သူမဟာလေဆိပ်မှာ

အပြေးအလွှားရှာခဲ့ပြီး အန္တရာယ်တစ်ခုခုကြုံနေပြီလို့တောင်ထင်ခဲ့ပါတယ်။ခင်ပွန်းသည်က ဆော်ဒီအာရေဗီးယားကိုပြန်ရောက်

သွားတဲ့အချိန်မှာ သူ့ရဲ့အမျိုးတွေကို သူ့ရဲ့ဇနီးဟာ မလေးရှားမှာကျန်နေတုန်းပဲလို့ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ

လက်ထပ်ပြီးကာစ ဇနီးမောင်နှံတွေဖြစ်ကြပြီး အမျိုးသမီးဖြစ်သူက သူ့ရဲ့အပြုအမူကိုသိရတဲ့အခါမှာစိတ်မထိန်းနိုင်ပဲ ချက်ချင်း

ကွာရှင်းဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။



၎။ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း Ashley ဆိုတဲ့မိန်းကလေးဟာ Bill ဆိုတဲ့ကောင်လေးနဲ့ အချင်းချင်းကျီစယ်နောက်

ပြောင်နေကြပါတယ်။အမှန်တော့ Bill ဟာစမ်းသပ်ခံလိုက်ရတာပဲဖြစ်ပါတယ်။Ashley ဆိုတဲ့အကောင့်ဟာ

အကောင့်အတုဖြစ်ပြီး Bill ရဲ့ ချစ်သူကောင်မလေးကဖွင့်ထားတာပါ။ဒါကိုမသိတဲ့ Bill ကတော့ ထိုအကောင့်အတု

နဲ့ကျီစယ်စကားပြောနေတဲ့အပြင်သူ့ချစ်သူရဲ့ မကောင်းကြောင်းတွေကိုပါပြောခဲ့ပါတယ်။နောက်ဆုံးထိုအကောင့်အတုကောင်

မလေးနဲ့တွေ့ဖို့ချိန်းရာကနေ ချစ်သူကောင်မလေးက တော်တော်လေးကိုစိတ်ဆိုးဒေါသထွက်စွာနဲ့ ထိုအကောင့်တုနဲ့

ပဲလမ်းခွဲစကားပြောခဲ့တာပဲဖြစ်ပါတယ်။



၅။ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Woody Allen နဲ့ Mia Farrow တို့ဟာ လမ်းခွဲပြတ်စဲလိုက်ကြတာ

တော်တော်များများသိပြီးသားဖြစ်မှာပါ။ဒါပေမဲ့သူတို့လမ်းခွဲရတဲ့အကြောင်းကတော့ Allen ဟာFarrow မွေးစား

ထားတဲ့အသက် ၂၁နှစ်အရွယ်သမီးဖြစ်သူ Soon Yi Previn နဲ့ဖောက်ပြန်ခဲ့တာကြောင့်ဖြစ်ပါတယ်။Farrow ဟာ

မွေးစားထားတဲ့ကလေးနှစ်ယောက်ရှိပြီးသမီးအရင်းတစ်ယောက်ရှိပါတယ်။သူမဟာ အမျိုးသားဖြစ်သူက သူမမွေးစား

ထားတဲ့ကလေးတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုသိပြီးလမ်းခွဲပြတ်စဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။Allen ဟာ

Soon Yi Previn နဲ့ ၁၉၉၇မှာ လက်ထပ်ခဲ့တယ်လို့သိရပါတယ်။



၆။ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့Shannon Wriska ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ ခင်ပွန်းအပေါ်အရမ်းသ၀န်

တိုတတ်သူဖြစ်ပြီး အသက် ၃၄နှစ်အရွယ်ကလေးသုံးယောက်အမေဖြစ်ပါတယ်။တစ်ခါမှာတော့ သူမရဲ့ ခင်ပွန်းသည်နဲ့

Jennifer Lopez ရဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးအငြင်းပွားဖွယ်ရာတစ်ခုဖြစ်ခဲ့ပါတယ်။သူမဟာ ခင်ပွန်းဖြစ်သူ Jennifer Lopez ရုပ်ရှင်ကို

ကြည့်တာလုံးဝမကြိုက်ခဲ့ပါဘူး။သူတို့က အဲ့ဒီအကြောင်းနဲ့ပတ်သက်အငြင်းပွားပြီးညအိပ်ရာဝင်ခဲ့ပါတယ်။ဒါပေမဲ့

သိပ်မကြာခင်မှာ သူက Shannon ကိုအိပ်ရာပေါ်ကဖယ်ပေးနိုင်မလားမေးခဲ့ရာမှ သူမကစိတ်ဆိုးပြီးအိမ်ကနေထွက်သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာ Robert ဟာအိမ်နီးချင်းတစ်ယောက်ရဲ့အိမ်မှာရှိနေတုန်း Shannon က ကားပေါ်ကနေလှမ်းမြင်ခဲ့ပါတယ်။

အဲ့ဒီနောက်ဒေါသတကြီးနဲ့သူ့ရဲ့လှေကိုထုတ်ပြီးမီးရှို့ခဲ့ပါတယ်။ဒါပေမဲ့ Robert ကအချိန်မီမီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။နောက်တစ်ခေါက်

မှာတော့သူမဟာ သူ့ရဲ့ရေချိုးကန်ကိုပါမီးနဲ့ရှို့ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Shannon ဟာ ရဲဖမ်းခံခဲ့ရပါတယ်။ဒါပေမဲ့လည်း သူမက

စွဲချက်တွေကိုငြင်းဆိုခဲ့ပြီး သူမယောကျာ်းကသူ့ဘာသာမီးရှို့တာလို့ပြောခဲ့ပါတယ်။ရဲတွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်

ခဲ့တယ်လို့သိရပါတယ်။



၇။၂၀၀၇ခုနှစ်၊နွေရာသီတစ်ခုမှာ Em လို့ခေါ်တဲ့မိန်းကလေးဟာ သူမရဲ့ချစ်သူကို နှစ်ပတ်နီးပါးစိတ်ဆိုးခဲ့ပါတယ်။အဲ့ဒီ

၂ပတ်အတွင်းမှာ သူ့ရဲ့ ချစ်သူက သူ့ကိုရှောင်နေတယ်လို့ထင်ပြီး စိတ်ကသိကအောင့်ဖြစ်စေမယ့်၊မနှစ်မြို့စရာကောင်းတဲ့

အီးမေးလ်တွေကိုပို့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ချစ်သူက သူ့ကိုရှောင်နေတာမဟုတ်ပဲ ဥရောပကို

ခရီးသွားနေတာဖြစ်တဲ့အကြောင်း သတိရသွားခဲ့ပါတယ်။သူမက ချစ်သူကောင်လေးခရီးထွက်နေတာကိုမေ့သွားခဲ့တာပါ။ကောင်

လေးခရီးမထွက်ခင်ကလည်း ခရီးထွက်တဲ့ပို့စ်တွေအောက်မှာအကြိမ်ပေါင်းများစွာသူမကိုမန်းရှင်းခေါ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ကျသွားပါပြီ။အီးမေးလ်ကရောက်သွားခဲ့ပါပြီ။သူမက လမ်းခွဲဖို့ပြောခဲ့တာဖြစ်ပြီး တော်တော်လေးကို

စကားတွေက လွန်သွားခဲ့တယ်လို့သိရပါတယ်။



၈။အသက်၃၀အရွယ် Albert Briede ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ချစ်သူနဲ့အတူ Houston ဧရိယာနားက ကလပ်တစ်ခုမှာ

အချိန်ဖြုန်းခဲ့ပါတယ်။အဲ့ဒီနောက်မှာ ချစ်သူမိန်းကလေးက အိမ်ကိုအငှားကားနဲ့အရင်ပြန်သွားခဲ့ပြီး သူကတော့ကလပ်မှာ

ကျန်နေခဲ့ပါတယ်။Briede ဟာ အရက်လည်းတော်တော်သောက်ထားပြီး ခဏအကြာမှာတော့ သူ့ကားနဲ့တိုက်ခန်းကိုပြန်လာခဲ့ပါတယ်။

တံခါးကလည်းပိတ်ထားတာကြောင့် တံခါးကိုဖျက်ပြီးဝင်ခဲ့ပါတယ်။သူ့ကောင်မလေးက

တံခါးလောခ့်ချပြီးအိပ်နေခဲ့တာပါ။သူက ဒေါသတကြီးဖြစ်ပြီး သူ့ကောင်မလေးကိုအော်ဟစ်ခဲ့ပါတယ်။ကောင်မလေးက ကြောက်

လန့်ပြီး ရဲကိုခေါ်နေခဲ့တဲ့အချိန်မှာ Briede ဟာကောင်မလေးရဲ့ ရှပ်အကျီတွေထည့်ထားတဲ့ဗီဒိုကိုမီးရှို့ခဲ့ပါတယ်။ကံကောင်းလို့

အဆောက်အဦးမှာတပ်ထားတဲ့မီးငြိမ်းကိရိယာကြောင့်မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Briede ကတော့ ထောင် ၁၀နှစ်ကျခံ

ရပြီး သူ့ရဲ့ အချစ်ရေးကလည်း ပြီးဆုံးသွားခဲ့ပါတယ်။

SHARE FROM ပြောချင်လွန်းလို့ 
သင်ထင်တောင်မထင်ထားတဲ့အဖြစ်အပျက်တွေနဲ့လမ်းခွဲပြတ်စဲလိုက်ကြတဲ့ စုံတွဲ ၈တွဲ သင်ထင်တောင်မထင်ထားတဲ့အဖြစ်အပျက်တွေနဲ့လမ်းခွဲပြတ်စဲလိုက်ကြတဲ့ စုံတွဲ ၈တွဲ Reviewed by Unknown on February 03, 2018 Rating: 5

No comments:

Powered by Blogger.