အငိုသန္တဲ့ မိန္းကေလးေတြမွာ ဒီလိုထူးျခားတဲ့ ပါဝါေတြရွိေန



သင္ဟာ ထစ္ခနဲရွိ ဝမ္းနည္းလြယ္၊မ်က္ရည္က်လြယ္တဲ့ အငိုသန္မေလးတစ္ေယာက္လား။ ဒါမွမဟုတ္ သင့္ပတ္ဝန္းက်င္မွာ သူငယ္ခ်င္းေတြထဲမွာ ဒီလို အငိုသန္တဲ့ မိန္းကေလးေတြကို ေတြ႕ျမင္ဖူးလား?

ေယဘုယ်အားျဖင့္ ငိုတာကို အားနည္းတယ္လို႔ ထင္ျမင္တတ္ၾကတယ္။ စိတ္နွလံုးသားနုနယ္တဲ့ ေကာင္မေလးေတြက ဝမ္းနည္းထိခိုက္လြယ္ေတာ့ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဝမ္းနည္းမႈေတြက မ်က္ရည္အျဖစ္ က်ဆင္းၾကရတယ္။ ဒီလိုျဖစ္တတ္တာကို စိတ္ပ်က္အားငယ္ေနစရာမလိုပါဘူး။ အငိုသန္တဲ့မိန္းကေလးေတြမွာ ေတာ္ရံုလူေတြမွာ မေတြ႕ရတတ္တဲ့ ဒီလို အရည္အခ်င္းေတြ ရွိေနတယ္။

၁။စိတ္ဖိစီးမႈနည္းတယ္

ငိုျခင္းက စိတ္ဖိစီးမႈကို ေလွ်ာ့ခ်နိုင္တဲ့ အေကာင္းဆံုးနည္းပဲ။ ကိုယ္ရည္မွန္းထားသလို ျဖစ္မလာတဲ့အခါ ၊ မေကာင္းတဲ့ တစံုတရာအေျခအေနေတြျဖစ္လာတဲ့အခါ အခန္းထဲမွာ တစ္ေယာက္တည္းငိုလုိက္ျခင္းက ကိုယ့္ရဲက မေကာင္းတဲ့အျမင္ေတြ ၊ ဖိအားေတြ အကုန္လံုးကို ေလ်ာ့က်သြားတယ္ ။ ဒီလို စိတ္ဖိစီးမႈေတြ ရွိမေနတဲ့အတြက္ စိတ္ဖိစီးမႈေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲ နွလံုး ၊ဆီးခ်ိဳ ၊ေသြးတိုး နဲ႔ အျခားျပႆနာေတြကေန ကင္းေဝးေစတယ္။ ဟန္ေဆာင္တင္းခံေနတာထက္ စိတ္ကိုဖြင့္ခ်လိုက္ေတာ့ ဝန္လည္းေပ့ါသြားတာေပါ့။





၂။ေပ်ာ့ကြက္ျဖစ္ေနလည္း ဂရုမစိုက္ဘူး

လူတစ္ေယာက္ဟာ သူ႔ရဲ႕အမူအက်င့္တစ္ခုက ေပ်ာ့ကြက္တစ္ခုအျဖစ္ ေျပာင္းသြားမွာကို မေၾကာက္ရြံ၊မတုန္လႈပ္ျခင္းကလည္း စြမ္းရည္တစ္ခုပါပဲ။ ကြ်န္ုပ္တို႔အားလံုးဟာ အားနည္းခ်က္ကို ေထာက္ျပေျပာဆိုလာမွာ (သို႔ ) ခံစားခ်က္ကို အရွိအရွိအတိုင္း ထုတ္ေဖ္ာေျပာဆိုေနထိုင္ဖို႔ရာ ေၾကာက္ရြံေနတတ္ပါတယ္။ သို႔ေသာ္ လူေရွ႕သူေရွ႕မွာ ငိုတတ္တဲ့သူေတြမွာ ဒီလိုေၾကာက္စိတ္ေတြ နည္းပါတယ္။ လူတစ္ေယာက္မွာ အားနည္းခ်က္၊ေပ်ာ့ကြက္ရွိေနတာဟာ မေကာင္းေသာ္လည္း ဒီလိုအားနည္းခ်က္ကို ဂရုမစို္က္တတ္တဲ့စိတ္ကေတာ့ မိုက္ပါတယ္။ ေနာက္ဆံုးဒါဟာ လူေတြရဲ႕ အျမင္၊ေဝဖန္မႈေတြကို ဂရုမစိုက္တတ္တဲ့ အားသာခ်က္တစ္ခု ျဖစ္လာပါတယ္။

၃။EQ ပိုေကာင္းတယ္။

Emotional Quotient (EQ) ဆိုတာ မိမိအေၾကာင္း ၊စိတ္ခံစားခ်က္ကို သိသည့္အျပင္ မိမိနွင့္ ထိေတြ႕ဆက္ဆံေနတဲ့သူေတြရဲ႕ အေၾကာင္းကိုပါ သိေအာင္ၾကိဳးစားနိုင္ျခင္း ျဖစ္ပါတယ္။ တနည္းအားျဖင့္ EQ ျမင့္တဲ့သူေတြက ကိုယ္ခ်င္းစာစိတ္ရွိတဲ့သူေတြေပါ့။ ယေန႔ေခတ္ၾကီးမွာ ဥာဏ္ရည္ျမင့္မားမႈ (IQ) လိုအပ္သလို EQ ျမင့္မားဖို႔က ပိုျပီးလိုအပ္ပါတယ္။ စိတ္ထိခိုက္မႈတစ္စံုတစ္ရာျဖစ္တဲ့အခါ တင္းခ်ဳပ္ဟန္ေဆာင္မေနဘဲ ငိုခ်င္တဲ့အခ်ိန္ ငိုလိုက္တဲ့ သူေတြဟာ သူတို႔ရဲ႕စိတ္ကို ညစ္ႏြမ္းမြန္းက်ပ္ေစမယ့္ အရာေတြနဲ႕ ေလွာင္ပိတ္မထားတတ္ပါဘူး။ တစ္နည္းအားျဖင့္ စိတ္ရွင္းတဲ့သူေတြျဖစ္တာေၾကာင့္ တစ္ပါးသူအေပၚမွာလည္း ကိုယ္ခ်င္းစာနာစိတ္ေတြ ပိုျပီးထားနိုင္ပါတယ္။

၄။သူငယ္ခ်င္းေကာင္းေတြျဖစ္တယ္။

သူငယ္ခ်င္းဆက္ဆံေရးဟာ ပြင့္လင္းျမင္သာမႈ ရွိဖို႔လိုပါတယ္။ အထက္မွာ ေဖာ္ျပထားသလို အငိုသန္တဲ့သူေတြဟာ ပြင့္လင္းျပီးစိတ္ရွင္းတဲ့သူေတြျဖစ္တာေၾကာင့္ တျခားသူအတြက္လည္း သူတို႔ဟာ တီးတိုးတိုင္ပင္ေဖာ္ ၊ အၾကံေကာင္းေတြေပးတတ္တဲ့ သူငယ္ခ်င္းေကာင္းေတြ ျဖစ္ေနတတ္ပါတယ္။







၅။တျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ကို ဂရုမစိုက္ဘူး

လူၾကားထဲမွာ ငိုဖို႔ဆိုတာ ေတာ္ေတာ္မျဖစ္နိုင္တဲ့အရာပါ။ အထူးသျဖင့္ အမ်ိဳးသားေတြအတြက္ဆို ပိုဆိုးပါလိမ့္မယ္။ ယေန႔အခ်ိန္အထိ လူအမ်ားစုရဲ႕ စိတ္ထဲမွာ ငိုျခင္းက အမ်ိဳးသမီးေတြရဲ႕ အလုပ္ဟု ဆိုကာ ခြဲျခား မွတ္ထင္ေနၾကပါတယ္။ အမ်ိဳးသားေတြလည္း ခံစားခ်က္ရွိတဲ့သူျဖစ္တဲ့အတြက္ စိတ္ရွိသလို မ်က္ရည္က်၊ငိုခြင့္ရွိပါတယ္။ စိတ္ခံစားခ်က္အရ ငိုတတ္တဲ့ အမ်ိဳးသားဟာ လိင္ခြဲျခားျပီး အျပစ္တင္ေဝဖန္တတ္တဲ့သူေတြထက္ ပုိျပီးေကာင္းမြန္တယ္ဆိုတာ အေသအခ်ာပါပဲ။ သူတို႔ဟာ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကိုလည္း အေရးတယူလုပ္ကာ ဂရုစိုက္တတ္တဲ့သူေတြ မဟုတ္ပါဘူး။

ကဲ..အငိုသန္တဲ့ သူေတြမွာရွိတဲ့ အရည္အခ်င္း ၊ပါဝါေတြကေတာ့ ဒီေလာက္ပါပဲ။ ကိုယ့္ပတ္ဝန္းက်င္မွာ ဒီလိုလူမ်ိဳးေတြရွိရင္ သိေအာင္ ေျပာျပေပးလိုက္ပါဦးေနာ္။

SHARE FROM CHAN (ေရႊအင္းေလး)

အငိုသန်တဲ့ မိန်းကလေးတွေမှာ ဒီလိုထူးခြားတဲ့ ပါဝါတွေရှိနေ

သင်ဟာ ထစ်ခနဲရှိ ဝမ်းနည်းလွယ်၊မျက်ရည်ကျလွယ်တဲ့ အငိုသန်မလေးတစ်ယောက်လား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေထဲမှာ ဒီလို အငိုသန်တဲ့ မိန်းကလေးတွေကို တွေ့မြင်ဖူးလား?

ယေဘုယျအားဖြင့် ငိုတာကို အားနည်းတယ်လို့ ထင်မြင်တတ်ကြတယ်။ စိတ်နှလုံးသားနုနယ်တဲ့ ကောင်မလေးတွေက ဝမ်းနည်းထိခိုက်လွယ်တော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမှုတွေက မျက်ရည်အဖြစ် ကျဆင်းကြရတယ်။ ဒီလိုဖြစ်တတ်တာကို စိတ်ပျက်အားငယ်နေစရာမလိုပါဘူး။ အငိုသန်တဲ့မိန်းကလေးတွေမှာ တော်ရုံလူတွေမှာ မတွေ့ရတတ်တဲ့ ဒီလို အရည်အချင်းတွေ ရှိနေတယ်။

၁။စိတ်ဖိစီးမှုနည်းတယ်

ငိုခြင်းက စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းပဲ။ ကိုယ်ရည်မှန်းထားသလို ဖြစ်မလာတဲ့အခါ ၊ မကောင်းတဲ့ တစုံတရာအခြေအနေတွေဖြစ်လာတဲ့အခါ အခန်းထဲမှာ တစ်ယောက်တည်းငိုလိုက်ခြင်းက ကိုယ့်ရဲက မကောင်းတဲ့အမြင်တွေ ၊ ဖိအားတွေ အကုန်လုံးကို လျော့ကျသွားတယ် ။ ဒီလို စိတ်ဖိစီးမှုတွေ ရှိမနေတဲ့အတွက် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ နှလုံး ၊ဆီးချို ၊သွေးတိုး နဲ့ အခြားပြဿနာတွေကနေ ကင်းဝေးစေတယ်။ ဟန်ဆောင်တင်းခံနေတာထက် စိတ်ကိုဖွင့်ချလိုက်တော့ ဝန်လည်းပေ့ါသွားတာပေါ့။

၂။ပျော့ကွက်ဖြစ်နေလည်း ဂရုမစိုက်ဘူး

လူတစ်ယောက်ဟာ သူ့ရဲ့အမူအကျင့်တစ်ခုက ပျော့ကွက်တစ်ခုအဖြစ် ပြောင်းသွားမှာကို မကြောက်ရွံ၊မတုန်လှုပ်ခြင်းကလည်း စွမ်းရည်တစ်ခုပါပဲ။ ကျွန်ုပ်တို့အားလုံးဟာ အားနည်းချက်ကို ထောက်ပြပြောဆိုလာမှာ (သို့ ) ခံစားချက်ကို အရှိအရှိအတိုင်း ထုတ်ဖေ်ာပြောဆိုနေထိုင်ဖို့ရာ ကြောက်ရွံနေတတ်ပါတယ်။ သို့သော် လူရှေ့သူရှေ့မှာ ငိုတတ်တဲ့သူတွေမှာ ဒီလိုကြောက်စိတ်တွေ နည်းပါတယ်။ လူတစ်ယောက်မှာ အားနည်းချက်၊ပျော့ကွက်ရှိနေတာဟာ မကောင်းသော်လည်း ဒီလိုအားနည်းချက်ကို ဂရုမစို်က်တတ်တဲ့စိတ်ကတော့ မိုက်ပါတယ်။ နောက်ဆုံးဒါဟာ လူတွေရဲ့ အမြင်၊ဝေဖန်မှုတွေကို ဂရုမစိုက်တတ်တဲ့ အားသာချက်တစ်ခု ဖြစ်လာပါတယ်။

၃။EQ ပိုကောင်းတယ်။

Emotional Quotient (EQ) ဆိုတာ မိမိအကြောင်း ၊စိတ်ခံစားချက်ကို သိသည့်အပြင် မိမိနှင့် ထိတွေ့ဆက်ဆံနေတဲ့သူတွေရဲ့ အကြောင်းကိုပါ သိအောင်ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် EQ မြင့်တဲ့သူတွေက ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေပေါ့။ ယနေ့ခေတ်ကြီးမှာ ဉာဏ်ရည်မြင့်မားမှု (IQ) လိုအပ်သလို EQ မြင့်မားဖို့က ပိုပြီးလိုအပ်ပါတယ်။ စိတ်ထိခိုက်မှုတစ်စုံတစ်ရာဖြစ်တဲ့အခါ တင်းချုပ်ဟန်ဆောင်မနေဘဲ ငိုချင်တဲ့အချိန် ငိုလိုက်တဲ့ သူတွေဟာ သူတို့ရဲ့စိတ်ကို ညစ်နွမ်းမွန်းကျပ်စေမယ့် အရာတွေနဲ့ လှောင်ပိတ်မထားတတ်ပါဘူး။ တစ်နည်းအားဖြင့် စိတ်ရှင်းတဲ့သူတွေဖြစ်တာကြောင့် တစ်ပါးသူအပေါ်မှာလည်း ကိုယ်ချင်းစာနာစိတ်တွေ ပိုပြီးထားနိုင်ပါတယ်။

၄။သူငယ်ချင်းကောင်းတွေဖြစ်တယ်။

သူငယ်ချင်းဆက်ဆံရေးဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ အထက်မှာ ဖော်ပြထားသလို အငိုသန်တဲ့သူတွေဟာ ပွင့်လင်းပြီးစိတ်ရှင်းတဲ့သူတွေဖြစ်တာကြောင့် တခြားသူအတွက်လည်း သူတို့ဟာ တီးတိုးတိုင်ပင်ဖော် ၊ အကြံကောင်းတွေပေးတတ်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေတတ်ပါတယ်။

၅။တခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ဂရုမစိုက်ဘူး

လူကြားထဲမှာ ငိုဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့အရာပါ။ အထူးသဖြင့် အမျိုးသားတွေအတွက်ဆို ပိုဆိုးပါလိမ့်မယ်။ ယနေ့အချိန်အထိ လူအများစုရဲ့ စိတ်ထဲမှာ ငိုခြင်းက အမျိုးသမီးတွေရဲ့ အလုပ်ဟု ဆိုကာ ခွဲခြား မှတ်ထင်နေကြပါတယ်။ အမျိုးသားတွေလည်း ခံစားချက်ရှိတဲ့သူဖြစ်တဲ့အတွက် စိတ်ရှိသလို မျက်ရည်ကျ၊ငိုခွင့်ရှိပါတယ်။ စိတ်ခံစားချက်အရ ငိုတတ်တဲ့ အမျိုးသားဟာ လိင်ခွဲခြားပြီး အပြစ်တင်ဝေဖန်တတ်တဲ့သူတွေထက် ပိုပြီးကောင်းမွန်တယ်ဆိုတာ အသေအချာပါပဲ။ သူတို့ဟာ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အရေးတယူလုပ်ကာ ဂရုစိုက်တတ်တဲ့သူတွေ မဟုတ်ပါဘူး။

ကဲ..အငိုသန်တဲ့ သူတွေမှာရှိတဲ့ အရည်အချင်း ၊ပါဝါတွေကတော့ ဒီလောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေရှိရင် သိအောင် ပြောပြပေးလိုက်ပါဦးနော်။

SHARE FROM CHAN (ရွှေအင်းလေး)
အငိုသန္တဲ့ မိန္းကေလးေတြမွာ ဒီလိုထူးျခားတဲ့ ပါဝါေတြရွိေန အငိုသန္တဲ့ မိန္းကေလးေတြမွာ ဒီလိုထူးျခားတဲ့ ပါဝါေတြရွိေန


Reviewed by Unknown on February 03, 2018 Rating: 5

No comments:

Powered by Blogger.