ရဲတပ်ဖွဲ့ဟာ ကြောက်ရွံ့နေတဲ့ လယ်သမားတစ်ဦးက ကျားတစ်ကောင် ရောက်နေတယ်ဆိုပြီး ဖုန်းဆက်ခေါ်တာကြောင့် သတင်းပေးတဲ့နေရာကို အားချင်းသွားရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျားနဲ့ရင်ဆိုင်တွေ့ရတဲ့အခါမှာတော့ ရဲတပ်ဖွဲ့တွေဟာ ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ကြပါတယ်။ တကယ်တမ်းတော့ ကျားအစစ်လို့ထင်ရတဲ့အရာက ကျားရုပ်တစ်ရုပ်သာ ဖြစ်နေတာကြောင့်ပါ။
ကျားရုပ်ကို တွေ့ခဲ့သူလယ်သမားကတော့ Bruce Grubb အမည်ရပြီး အသက်(၂၄)နှစ်ရှိပါပြီ။ သူက အခုနေတဲ့ ယာတဲကိုပြောင်းလာတာ မကြာသေးပါဘူး။ ပြီးခဲ့တဲ့စနေနေ့ ညနေတုန်းက Grubb ဟာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူ အိမ်သစ်ပြောင်းလာတဲ့ အထိမ်းအမှတ်အဖြစ် ပါတီပေးခဲ့ပါတယ်။
ဒီလိုနဲ့ နွားတွေကိုသွားကြည့်ဖို့သတိရပြီး သူ့ရဲ့ကိုယ်ဝန်ဆောင်နွားမကောင်ရေ(၂၀၀)ကို စစ်ဆေးဖို့ထွက်လာခဲ့ပါတယ်။ နွားတင်းကုပ်နား အရောက်မှာ Grubb ဟာ တုန်လှုပ်ဖွယ်တစ်စုံတစ်ရာကို တွေ့ခဲ့ပါတယ်။ သူတွေ့လိုက်တာက သူ့နွားတင်းကုပ်ထဲမှာ တောကောင်ကြီးတစ်ကောင်က လဲလျောင်းနေတာပါ။
ချက်ခြင်းပဲ Grubb က ရဲစခန်းဆီကို ဖုန်းဆက်အကြောင်းကြားတဲ့အတွက်ကြောင့် မကြာခင်မှာ ရဲတွေရောက်လာခဲ့ပါတယ်။ ရဲတွေက လက်နက်အပြည့်အစုံနဲ့အတူ ရဲကားတွေအများကြီးနဲ့ စကော့တလန်၊ Hatton ကရွာကို လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရဲတွေက ဒေသခံတိရစ္ဆာန်ရုံကိုလည်း ကျားလွတ်နေသလားဆိုပြီး ဖုန်းဆက်မေးခဲ့ကြပါသေးတယ်။
ဒါပေမယ့် တကယ့်တမ်း ရဲတွေတွေ့လိုက်ရတာကတော့ အဆာသွပ်ထားတဲ့ ကျားရုပ်ကြီးတစ်ရုပ် ဖြစ်နေတာပါ။ Grubb လည်း သူအကြောက်လွန်ပြီး ရဲကိုဖုန်းဆက်ခေါ်တဲ့အရာက အရုပ်ကြီးဖြစ်နေမှန်းသိသွားတာကြောင့် အတော့်ကို ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ပါတယ်။
Scottish Sun သတင်းဌာနကို Grubb က ပြောပြပါတယ်။ “ကျွန်တော်အဲဒီတုန်းက ရူးကြောင်ကြောင်နဲ့ ရဲကိုခေါ်လိုက်တာ။ အရေးပေါ်ကိစ္စထင်ပြီးတော့။ အခုတော့ ရယ်နေရတယ်။ ဒါပေမယ့် အဲဒီတုန်းကလည်း ကျွန်တော် အသေကြောက်ခဲ့တာပါ။” ရဲအဖွဲ့ကတော့ Grubb ဟာ ရဲတွေကို ဒုက္ခပေးလိုတဲ့စိတ်နဲ့ခေါ်ခဲ့တာမဟုတ်ပဲ ရိုးရိုးသားသား ရည်ရွယ်ပြီးခေါ်ခဲ့တာကြောင့် အပြစ်မတင်ခဲ့ကြောင်း သိရပါတယ်။
SHARE FROM လင်းလင်း(ShweMom)
တောကောင်ထင်ပြီး သွားဖမ်းဆီရာမှ ရယ်စရာအဖြစ်နဲ့ကြုံခဲ့ရတဲ့ ရဲသားကြီးများ
Reviewed by Unknown
on
February 07, 2018
Rating:
Reviewed by Unknown
on
February 07, 2018
Rating:





No comments:
Post a Comment