စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှ မသေဆုံးနိုင်ပါဘူးတဲ့။ လက်တွဲဖော်အစစ်ဆိုတာ အဆိုး ရွားဆုံးအချိန်တွေနဲ့ ကြုံတွေ့နေရသည့်တိုင်အောင် သင့်အနားကထွက်သွားမှာမဟုတ်ပဲနဲ့ နောက်ဆုံး အချိန်အထိ အတူရင်ဆိုင်ပေးနေမယ့်သူပါ။ ဒီလို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေ ပေးတဲ့ တကယ့် လက်တွဲဖော်အစစ်ကို ပိုင်ဆိုင်ထားသူအဖို့ကတော့ ကံကောင်းတာပါပဲ။
ထိုင်ဝမ်က လူငယ်စုံတွဲတစ်တွဲရဲ့ ဝမ်းနည်းဆို့နစ်ကြေကွဲစရာကောင်းတဲ့ အချစ်ဇာတ်လမ်းက မြင်ရသူ အဖို့ မျက်ရည်မ ဆည်နိုင်လောက်အောင်ပါပဲ။ လူတွေစာဖွဲ့ကြတဲ့ အချစ်စစ်၊ ဘဝလက်တွဲဖော်အစစ်ဆို တာကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါ။ စိတ်ထဲလှိုက်လှဲကြည်နူးစရာကောင်းသလို ဝမ်းနည်းဝမ်း သာလည်း ဖြစ်ရပါတယ်။ တိုင်ပေမြို့တော်မှာနေထိုင်တဲ့ လူငယ်စုံတွဲတစ်တွဲမှာ ရည်းစားကောင်လေး ဟာ ကံဆိုးစွာနဲ့ပဲ ပြင်းထန်တဲ့ ကားအက်ဆီဒင့်တစ်ခုကြောင့် အောက်ပိုင်းသေခဲ့ပြီး အိပ်ယာထဲ ဘုန်း ဘုန်းလဲသွားခဲ့ရပါတယ်။
အဆိုပါ ကောင်လေးနဲ့ ချစ်သူမိန်းကလေးတို့ဟာဆိုရင် အခုနှစ် ၂၀၁၈ မှာ လက်ထပ်ထိမ်းမြားကြဖို့ အစီအစဉ်တွေရှိနေကြပေမယ့် အခုလိုမျိုး ဆိုးရွားလှတဲ့ ကံကြမ္မာကြောင့် သူတို့နှစ်ဦးသားရဲ့ ရည်ရွယ် ချက်က ပျက်စီးသွားခဲ့ပါတယ်။ အိပ်ယာထဲက မထနိုင်တော့တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး တစ် သက်လုံးပြုစုပေးရပြီး စိတ်ဆင်းရဲရမယ့် အလုပ်မျိုးနဲ့ ချစ်သူမိန်းကလေးကို မနေရက်တာကြောင့် ကောင်လေးဟာ ကောင်မလေးကို ရည်းစားအဖြစ်မှ ပြတ်စဲပစ်လိုက်ခဲ့ပါတယ်။
တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက် ဒီမှာတင် မရပ်တန့်သွားခဲ့ပါဘူး။ ချစ်သူ ကောင်မလေးဟာ ရည်း စားကောင်လေးရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရပေမယ့် သူမရဲ့ နှလုံးသားထဲမှာ မွေး ဖွားရှင်သန်နေတဲ့အချစ်စစ်တို့က မသေဆုံးသွားခဲ့ပါဘူး။ ကောင်လေးက စွန့်ပစ်လိုက်ပေမယ့်လည်း သူမကတော့ ကောင်လေးကို ပစ်မသွားခဲ့ပါဘူး။ အရင်က စိတ်ကူးထားတဲ့ နှစ်ဦးသားပေါင်း စပ်ရမယ့် နေ့ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
ဆေးရုံကုတင်မှာလဲလျောင်းနေတဲ့ ချစ်သူထံကို အလှပဆုံး သတို့သမီးမိန်းကလေးအဖြစ် ပြင်ဆင်ပြီး တော့ ပန်းစည်းတစ်စည်းနဲ့ ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းခံခဲ့တယ်လို့ သိရပါတယ်။ ကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းခံရဖို့ စောင့်ဆိုင်းနေခဲ့တဲ့ ချစ်သူမိန်းကလေးဟာ ဒီအခြေအနေမှာ တော့ သူ့ကောင်လေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒီမြင်ကွင်းမှာ မျက်ရည်မ ဆည်နိုင်လွန်းလို့ လူနာကောင်လေးနဲ့ မိသားစုဝင်တွေ၊ ဆေးရုံက တာဝန်ရှိသူတွေကလည်း ငိုယိုခဲ့ကြတာကို တွေ့ရပါတယ်။
အချစ်စစ်ဆိုသည်မှာ ဘယ်လိုဆိုးရွားတဲ့ အခြေအနေ၊ အခက်အခဲတွေ ကြုံလာရသည့်တိုင်အောင်ပဲ တစ်ဦးလက်ကို တစ်ဦးခိုင်ခိုင်တွဲ ထားပြီး အနာဂတ်ကို ရှေ့လျောက်လှမ်းရဲမယ့် သတ္တိတွေရှိနေခြင်းပဲ ဖြစ်ပါတယ်။
SHARE FROM မေ(ရွှေအင်းလေး)
အိပ်ယာထဲလဲသွားခဲ့တဲ့ရည်းစားကို အချစ်စစ်နဲ့သက်သေပြပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့မိန်းကလေး
Reviewed by Unknown
on
February 07, 2018
Rating:
Reviewed by Unknown
on
February 07, 2018
Rating:




No comments:
Post a Comment