ကြားရတာ ယုံချင်စရာမရှိပေမယ့် အမေရိကန်နိုင်ငံရဲ့ နီဘရာစကာပြည်နယ်မှာ တကယ်ကို လူဦးရေ (၁)ဦးသာရှိတဲ့ မြို့ လေးတစ်မြို့ရှိပါတယ်။ Monowi အမည်ရှိတဲ့ မြို့လေးဟာ အမေရိကန်ပြည်ထောင်စုက တရားဝင်အသိအမှတ်ပြုထားတဲ့ မြို့ဖြစ်ပြီး မြို့မှာနေထိုင်တဲ့ တစ်ဦးတည်းသော မြို့ခံကတော့ အသက် (၇၀)ဝန်းကျင် Elsie Eiler ဆိုတဲ့ အဖွားတစ်ဦးဖြစ်ပါတယ်။
သူမဟာ အဲဒီမြို့ကလေးရဲ့ မြို့တော်ဝန်၊ စာကြည့်တိုက်မှူး၊ ဘားပိုင်ရှင်စတာတွေကို အကုန်တာဝန်ယူပြီး လုပ်ပါတယ်။ လူတိုင်းရဲ့ တူညီတဲ့မေးခွန်းတစ်ခုကတော့ Monowi မြို့ခံနဲ့ Elsie ရဲ့ မိသားစုဝင်တွေ ဘယ်ရောက်နေကြတာလဲဆိုတာရယ် တစ်မြို့လုံးမှာ လူတစ်ဦးတည်းက ဘယ်လိုကိုင်တွယ်လဲဆိုတာပဲ ဖြစ်ပါတယ်။
အဖွား Elsie Eiler
Monowi မြို့ကို (၁၉၀၂)ခုနှစ်က စတည်ခဲ့ပြီး Monowi ဆိုတာ ပန်းလို့ အဓိပ္ပာယ်ရပါတယ်။ (၁၉၃၀)ခုနှစ်မှာ စိုက်ပျိုးရေးအဓိကလုပ်တဲ့ ၎င်းမြို့လေးမှာ မြို့ခံဦးရေ အယောက် (၁၅၀)ရှိခဲ့ပြီး ငယ်ရွယ်တဲ့ မြို့ခံအများစုဟာ ပိုကောင်းတဲ့မြို့တွေကို ပြောင်းရွှေ့သွားကြပါတယ်။ Elsie ရဲ့ ခင်ပွန်းက (၂၀၀၄)ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူတို့ရဲ့ ကလေးတွေကလည်း အခြားမြို့ကို ပြောင်းရွှေ့သွားကြပါတယ်။
Elsie ဟာ သူမကိုယ်သူမ အခွန်ပြန်ဆောင်ပြီး လိုင်စင်လည်း ကိုယ့်ကိုယ်ကို ခွင့်ပြုကာ Monowi ဘားကိုလည်း ဖွင့်ထားပါတယ်။ သူမဆိုင်မှာ နာမည်ကြီးတာကတော့ ဘာဂါနဲ့ အာလူးကြော်ဖြစ်ပြီး ပုံမှန်ဖောက်သည်တွေလည်း ရှိပါတယ်။ သူမရဲ့ လက်ရာကောင်းတာကြောင့် အချို့ဖောက်သည်တွေဟာ မိုင် (၈၀)အကွာအဝေးကနေတောင် လာကြတာပါ။
Elsie ဟာ မြို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းချင်တဲ့အတွက် စာကြည့်တိုက်မှာ မြို့ရဲ့ ဓာတ်ပုံတွေ ထားရှိပြီး စာအုပ်ထောင်ပေါင်းများစွာလည်း ရှိပါတယ်။ Monowi မြို့လေးဟာ တကယ်ထူးခြားတဲ့ မြို့လေးဖြစ်တဲ့အတွက် နီဘရာစကာပြည်နယ်ကို ရောက်သူတိုင်း တစ်ခေါက်တော့ ဝင်ပြီး အဖွား Elsie ရဲ့ ဘာဂါကိုမြည်းစမ်းကြည့်ကြသင့်ပါတယ်။
အဖွားဖွင့်ထားသော ဘား
Monowiမြို့စာကြည့်တိုက်
(၁၉၀၈)ခုနှစ်က Monowi မြို့ရဲ့ ပုံ
SHARE FROM White (Shwemom)
လူဦးရေ (၁)ဦးသာရှိတဲ့ အမေရိကန်နိုင်ငံရဲ့ အသေးငယ်ဆုံးနဲ့ အထီးကျန်ဆုံးမြို့လေး
Reviewed by Unknown
on
February 07, 2018
Rating:
Reviewed by Unknown
on
February 07, 2018
Rating:







No comments:
Post a Comment