မိန်းကလေးအဖြစ်ယောင်ဆောင်ပြီး ကာဇက်စတန်အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး


ကာဇက်စတန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ National Beauty Contest အလှမယ်ပြိုင်ပွဲ တစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ တကယ့်ကိုမယုံကြည်နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ အလှမယ်ပြိုင်ပွဲဆိုတော့ မိန်းကလေးတွေယှဉ်ပြိုင်ရတဲ့ ပွဲမဟုတ်ပါလား။ ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ အမျိုးသားတစ်ဦးက မိန်းကလေးယောင်ဆောင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အသက် ၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ilay Dyagilev အမည်ရ ကောင်လေးတစ်ဦးက Alina Alieva ဆိုတဲ့ နာမည်နဲ့ မိန်းကလေးအယောင်ဆောင်ပြီး အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

National Beauty Contest ဆိုတဲ့အတိုင်း နိုင်ငံတစ်ဝန်းက အလှမယ်ပေါင်း လေးထောင်ကျော် လောက်က လာရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီလောက်ထောင်ကျော်များပြားလှတဲ့ ပြိုင်ပွဲဝင်အလှမယ်တွေထဲကမှ အလှမယ် ၁၄၂ယောက်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ၁၄၂ယောက်ကို နိုင်ငံတစ်ဝန်းကလူတွေ မဲပေးရွေးချယ်နိုင်ပြီးတော့ ကျန်ရှိခဲ့တဲ့ ၁၆ယောက်ကိုပဲ နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခွင့်ပေးမှာပဲ ဖြစ်ပါတယ်။

ဒီလိုရွေးချယ်ဆုံးဖြတ်လိုက်တဲ့ အခါမှာလည်း Alina Alieva ဆိုတဲ့ မိန်းကလေးအယောင်ဆောင် အမျိုးသားက အလှမယ် လေးထောင်ကျော်ကို ကျော်ဖြတ်နိုင်ပြီး နောက်ဆုံးအဆင့် အလှမယ် ၁၆ယောက် စာရင်းထဲကို ရောက်ရှိခဲ့ပါတယ်။ သူနောက်ဆုံး Finalist အဆင့်ရောက်တဲ့အခါမှာတော့ ဒိုင်လူကြီးနဲ့ ပွဲစီစဉ်သူတွေကို သူဟာ ယောက်ျားစင်စစ်ဖြစ်ကြောင်း၊ Alina Alieva ဆိုပြီး မိန်းကလေးဟန်ဆောင်ပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ ဝန်ခံချက်က ဒိုင်လူကြီးတွေကို ရယ်ရမလို၊ ငိုရမလိုနဲ့ ဒေါသထွက်စေမှာ အမှန်ပါပဲ။ နောက်ဆုံးအဆင့်ရောက်မှ ယောက်ျားလေးမှန်းသိရပြီး Finalist မှာယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တဲ့ ဒိုင်လူကြီးတွေအဖို့တော့ အရှက်ရဖွယ်ဖြစ်စေခဲ့ပါတယ်။






နောက်ဆုံးမှာတော့ Ilay Dyagilev ကို ပွဲစီစဉ်သူများက ပြိုင်ပွဲတွင်းမှ ထုတ်လိုက်ပြီး သူ့အစား Aikerim Temirkhanova အမည်ရ အသက် ၁၈နှစ်အရွယ် အလှမယ်နဲ့ အစားထိုးယှဉ်ပြိုင်စေ ခဲ့တယ်လို့ သိရပါတယ်။

SHARE FROM နန်း(ရွှေအင်းလေး)
မိန်းကလေးအဖြစ်ယောင်ဆောင်ပြီး ကာဇက်စတန်အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး မိန်းကလေးအဖြစ်ယောင်ဆောင်ပြီး ကာဇက်စတန်အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.