ပန်ကာကြိုးလေးတစ်ချောင်းနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့သူ


ဖေဖော်ဝါရီ(၆)ရက်နေ့ မနေ့က နံနက်ပိုင်းအချိန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် တွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ သေဆုံးသူ ဟာအသက် (၆၅)နှစ်အရွယ် ဦးလုံးဟောင်အမည်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး မယ်ခေါင်ရပ်ကွက် အိမ်အမှတ် (၂/၁၀)တွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ၎င်းသေဆုံးသူကတော့ နေအိမ်ရှိ ပန်ကာဝါ ယာကြိုးဖြင့် မိမိကိုယ်မိမိ ကြိုးဆွဲချ သတ်သေခဲ့တာ ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။ 

အဆိုပါ ကြိုးဆွဲချသေဆုံးမှု သတင်းအရ တာချီလိတ် မြို့မရဲစခန်း မှ ဒု-ရဲမှူးကြည်စိုး ဦးစီးတဲ့ တပ်ဖွဲ့ဝင်များ၊ မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာချီလိတ် နာရေး ကူညီရေးအသင်း အဖွဲ့ဝင်များ၊ အသိသက် သေများနဲ့ အတူသွားရောက်စစ်ဆေးရာ ဦးလုံးဟောင် (၆၅)နှစ်ဟာ မိမိကိုယ်မိမိ ကြိုးဆွဲချလျက် သေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့ ၎င်းရဲအရာရှိမှပြောပါတယ်။ နေအိမ်ရှိပန်ကာမှ ဝါယာကြိုးကို အသုံးပြုကာ နေအိမ်ဘုးရားခန်းတံခါးသံပန်းတွင်ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။










သေဆုံးသူဦးလုံးဟောင်အား ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းဟာနာတာရှည်ရောဂါများ ခံစား နေရသူဖြစ်ပြီး နာတာရှည် ရောဂါများကို ဆက်လက်မခံစားနိုင် တော့သဖြင့် မိမိကိုယ်မိမိ သတ်သေတာဖြစ်နိုင် တယ်လို့ အိမ်နီးနားချင်းများက ပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကို တာ ချီလိတ်နာရေး ကူညီမှုအသင်း အကူအညီနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ထားတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တာချီလိတ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှုအမှတ် (၄/၂၀၁၈) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။


သတင်းအရင်းအမြစ် - တာချီလိတ်နာရေးကူညီမှုအသင်း 
ပန်ကာကြိုးလေးတစ်ချောင်းနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့သူ ပန်ကာကြိုးလေးတစ်ချောင်းနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့သူ Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.