ခ်စ္သူမ်ားေန႔ကို ခ်စ္သူနဲ႕အတူ ျဖတ္သန္းခဲ့တဲ့ ထြန္းထြန္း



ပရိသတ္ရဲ႕အသည္းတျခမ္း အဆုိေတာ္၊ မင္းသားေခ်ာ အကယ္ဒမီ ထြန္းထြန္းကေတာ့ ဒီကေန႔ ခ်စ္သူမ်ားေန႔ကို သူရဲ႕ခ်စ္သူေခ်ာေခ်ာေလးနဲ႔အတူ ျဖတ္သန္းခဲ့တယ္လုိ႔ သိရပါတယ္။ ထြန္းထြန္းက သူရဲ႕အခ်စ္ေရးကို ပရိသတ္ေတြဆီ တရား၀င္ေျပာခဲ့တာေတြ မရွိေသးေပမယ့္ ခ်စ္သူနဲ႕ပုံေလးေတြကို ပုန္းလွ်ိဳကြယ္လွ်ိဳနဲ႕ သူရဲ႕ Instagram မွာ ျပေလ့ရွိသူပဲ ျဖစ္ပါတယ္။

ခ်စ္သူေခ်ာေခ်ာေလးနဲ႕ ဓာတ္ပုံေတြ ရုိက္တင္တဲ့အခါမွာေတာ့ ေကာင္မေလးရဲ႕မ်က္ႏွာကို အျပည့္ေဖာ္ျပေလ့မရွိပါဘူး။ ဒါေပမယ့္ ထြန္းထြန္းရဲ႕ခ်စ္သူ ဘယ္သူဆုိတာကိုေတာ့ တခ်ိဳ႕ပရိသတ္ေတြက သိေနၾကပါၿပီ။ အခုမွာေတာ့ ထြန္းထြန္းက သူရဲ႕ခ်စ္သူေလးနဲ႕ ခ်စ္သူမ်ားေန႕မွာ အတူတူျဖတ္သန္းေနတဲ့ ပုံရိပ္ေတြကို မွ်ေ၀ေပးထားတာေတြ႔ရၿပီး ခ်စ္သူကို Valentine လက္ေဆာင္အျဖစ္ ပန္းစည္းနဲ႔ကိတ္ ေပးခဲ့တာပဲျဖစ္ပါတယ္။



















ထြန္းထြန္းကေတာ့ သူ႕ခ်စ္သူေခ်ာေခ်ာေလးကို အရမ္းခ်စ္ပုံရၿပီး ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ခ်စ္သူေခ်ာေခ်ာေလးကို တရား၀င္ မိတ္ဆက္လာမယ့္ေန႔ကို သိခ်င္ေနၾကပါၿပီ။ ထြန္းထြန္းက က်ရာဇာတ္ကို ပုိင္ေအာင္ သရုပ္ေဆာင္ႏုိင္တဲ့အျပင္ တစ္ေခတ္က နာမည္ႀကီးေအာင္ျမင္ခဲ့တဲ့ Examplez အဖဲြ႕ရဲ႕ အဖဲြ႕၀င္တစ္ေယာက္ျဖစ္လုိ႕ အဆိုဘက္မွာလည္း ေအာင္ျမင္မႈေတြကို ရရွိပုိင္ဆုိင္ႏုိင္ခဲ့ပါတယ္။

SHARE FROM CELE NOW

ချစ်သူများနေ့ကို ချစ်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ထွန်းထွန်း

ပရိသတ်ရဲ့အသည်းတခြမ်း အဆိုတော်၊ မင်းသားချော အကယ်ဒမီ ထွန်းထွန်းကတော့ ဒီကနေ့ ချစ်သူများနေ့ကို သူရဲ့ချစ်သူချောချောလေးနဲ့အတူ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ ထွန်းထွန်းက သူရဲ့အချစ်ရေးကို ပရိသတ်တွေဆီ တရား၀င်ပြောခဲ့တာတွေ မရှိသေးပေမယ့် ချစ်သူနဲ့ပုံလေးတွေကို ပုန်းလျှိုကွယ်လျှိုနဲ့ သူရဲ့ Instagram မှာ ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။

ချစ်သူချောချောလေးနဲ့ ဓာတ်ပုံတွေ ရိုက်တင်တဲ့အခါမှာတော့ ကောင်မလေးရဲ့မျက်နှာကို အပြည့်ဖော်ပြလေ့မရှိပါဘူး။ ဒါပေမယ့် ထွန်းထွန်းရဲ့ချစ်သူ ဘယ်သူဆိုတာကိုတော့ တချို့ပရိသတ်တွေက သိနေကြပါပြီ။ အခုမှာတော့ ထွန်းထွန်းက သူရဲ့ချစ်သူလေးနဲ့ ချစ်သူများနေ့မှာ အတူတူဖြတ်သန်းနေတဲ့ ပုံရိပ်တွေကို မျှေ၀ပေးထားတာတွေ့ရပြီး ချစ်သူကို Valentine လက်ဆောင်အဖြစ် ပန်းစည်းနဲ့ကိတ် ပေးခဲ့တာပဲဖြစ်ပါတယ်။

ထွန်းထွန်းကတော့ သူ့ချစ်သူချောချောလေးကို အရမ်းချစ်ပုံရပြီး ပရိသတ်တွေကတော့ သူ့ရဲ့ချစ်သူချောချောလေးကို တရား၀င် မိတ်ဆက်လာမယ့်နေ့ကို သိချင်နေကြပါပြီ။ ထွန်းထွန်းက ကျရာဇာတ်ကို ပိုင်အောင် သရုပ်ဆောင်နိုင်တဲ့အပြင် တစ်ခေတ်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ Examplez အဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဖြစ်လို့ အဆိုဘက်မှာလည်း အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

SHARE FROM CELE NOW
ခ်စ္သူမ်ားေန႔ကို ခ်စ္သူနဲ႕အတူ ျဖတ္သန္းခဲ့တဲ့ ထြန္းထြန္း ခ်စ္သူမ်ားေန႔ကို ခ်စ္သူနဲ႕အတူ ျဖတ္သန္းခဲ့တဲ့ ထြန္းထြန္း


Reviewed by Unknown on February 14, 2018 Rating: 5

No comments:

Powered by Blogger.